သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် ဆန်တင်ပို့ခွင့် လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်း  


Myanmar farm workers
Myanmar farm workers

{{Zawgyi/Unicode}}

တရုတ်ကိုနယ်စပ်ကနေ ဆန်၊ ဆန်ကွဲတင်ပို့တဲ့လိုင်စင်ကို လတ်တလောမှာ ရပ်ဆိုင်းလိုက်သလို စပါး အများအပြားသိုလှောင်သူတွေကိုလည်း မကြာခင် တရားဝင်ဖြစ်အောင်လုပ်ဖို့ ဌာနဆိုင်ရာဘက်က ပြင်ဆင်နေတာကြောင့် စပါးဈေးက အတက်ဈေးမှာရပ်နေပြီး အရောင်းအဝယ်အေးသွားကြောင်း ဆန်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ တင်ပို့ခွင့်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက လက်တလောရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်းမှာ ဈေးနှုန်းတက်လာတဲ့အတွက် ပြည်ပကို ဆန်တင်ပို့တာကိုလည်း အကန့်အသတ်နဲ့လုပ်သွားမယ်လို့ ဆန်ကုန်သည်အသင်းက မတ်လကုန်ပိုင်းမှာ ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိမှာ ဆန်တင်ပို့ခွင့်ရတဲ့လိုင်စင်တွေကိုစစ်ဆေးနေပြီး လိုင်စင်သစ်ထုတ်ပေးတာကိုရပ်ဆိုင်းလိုက်တာပါ။ မူဆယ်နယ်စပ်ကနေ တရုတ်ကို ဆန်၊ ဆန်ကွဲတင် ပို့တာလည်းကျဆင်းသွားကြောင်း ရှမ်းမြောက်နယ်စပ်ကုန်သည်အသင်း တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"လောလောလတ်လတ်တော့ လိုင်စင် မချပေးသေးဘူး။ အဟောင်းတွေပဲရှိသေးတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ကဟာတွေပဲ။ သူတို့ကတော့ ၄ လပိုင်းကုန်ထိ ခေတ္တ နားထားမယ်ပြောတယ်။ သူတို့ကတော့ အဓိက ပြည်တွင်းမှာ ဆန်ဈေးတွေ တက်ကုန်လို့တော့ ပြောတာပဲ။"

စပါးအထွက်နှုန်းနည်းတာ၊ အိတ်စပို့အတွက် အပြိုင်အဆိုင် ဈေးကောင်းပေးပြီး ဝယ်ယူကြတာကြောင့် အခုနှစ် မိုးစပါးပေါ်စမှာ စပါးဈေးက တင်းတရာကို ကျပ် ၁၆ သိန်းအထက်ထိ ရောက်ခဲ့ပါတယ်။ မြန်မာ့စီးပွားကူးသန်းစာရင်းအရ အခုနှစ် ဇန်နဝါရီတလတည်းမှာတင် ပြည်ပကိုဆန်တန်ချိန် ၂၆၀,၀၀၀ ကျော် တင်ပို့ခဲ့တာပါ။ ဒီထဲက ထက်ဝက်ကျော်ကို တရုတ်ကိုတင်ပို့ခဲ့တာဖြစ်ပြီး ကျန်တာကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတချို့ကို တင်ပို့ခဲ့တာပါ။

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်လိုက်သလို ပြည်တွင်းမှာလည်း စပါးအထွက်နည်းတာနဲ့ တိုက်ဆိုင်နေတာကြောင့် စပါးဈေးတွေက မကြုံစဖူးတက်ခဲ့ပါတယ်။ ဆန်စက်လုပ်ငန်းရှင်တွေအပါအဝင် တခြားလုပ်ငန်းရှင်တွေလည်း စပါးကို အလုအယက် သိုလှောင်ခဲ့ကြတာပါ။ အခုတော့ စပါးကို တန်ထောင်နဲ့ချီပြီး သိုလှောင်သူတွေကို ဌာနဆိုင်ရာတွေဘက်က ထိန်းချုပ်ဖို့လုပ်နေကြောင်း ဘုရင့်နောင်ပွဲရုံက ဆန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"နိုင်ငံတော်ကနေ သူတို့က စပါးလှောင်တဲ့သူ (တန်ချိန်) ငါးထောင်အထက် လှောင်ရင် လိုင်စင်ဆောင်ရမယ်တို့ ဘာတို့ပြောတယ်။ ဥပဒေ ရေးဆွဲနေတယ်လို့ ပြောတယ်။ အတည်တော့ မပြုသေးဘူး။ သူတို့လက်ရှိ အနေအထားနဲ့ဆိုရင် တိတိကျကျအဖြေကို ကျနော်တို့ ပြောလို့ မရသေးဘူး ဖြစ်နေတယ်။"

အခုလို ဆန်၊ စပါးဈေးကွက်ကို ထိန်းဖို့ကြိုးစားနေပေမဲ့ အသုံးများတဲ့စပါးကတော့ တင်းတရာကို ကျပ် ၁,၅၈၀,၀၀၀ မှာရှိနေပြီး အခုအသစ်ပေါ်တဲ့ နွေစပါးကတော့ တင်းတရာကို ၁၄ သိန်းဝန်းကျင်မှာ ရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးကလည်း တိုက်ပွဲတွေကြောင့် ကုန်သွယ်မှု မရှိသလောက်ဖြစ်တဲ့အတွက် နယ်စပ်ကနေ ပြည်ပတင်ပို့မှုမရှိရင်တော့ ဆန်ဈေးက ဆက်တက်နိုင်ခြေမရှိကြောင်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============


{{Unicode}}










XS
SM
MD
LG