သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belt and Road အစည်းအဝေးကာလ တရုတ်ဖိတ်ကြားချက် ရုရှားသမ္မတလက်ခံ


ရုရှားသမ္မတပူတင် နဲ့ တရုတ်တိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့ စိန့်ပီတာစဘတ်က Constantine Palace မှာ တွေ့ဆုံစဥ်။ (စက်တင်ဘာ ၂၀။ ၂၀၂၃)
ရုရှားသမ္မတပူတင် နဲ့ တရုတ်တိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့ စိန့်ပီတာစဘတ်က Constantine Palace မှာ တွေ့ဆုံစဥ်။ (စက်တင်ဘာ ၂၀။ ၂၀၂၃)

ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ အောက်တိုဘာလမှာ ကျင်းပမမယ့် Belt and Road လို့ခေါ်တဲ့ရပ်ဝန်းတခု၊ လမ်းကြောင်းတခုထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံကိုလာရောက်ဖို့ သမ္မတရှီကျင့်ဖျင်ရဲ့ဖိတ်ကြားချက်ကို လက်ခံကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

မော်စကိုမြို့တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) နဲ့ တွေ့ဆုံမှုအပြီး ရုရှားနဲ့တရုတ်နိုင်ငံတွေဟာ "ပိုမို ကြီးမားကျယ်ပြန့်တဲ့ ဥရောပနဲ့အာရှ ချိတ်ဆက်နေတဲ့ ယူရေးရှားဒေသကြီးတခုလုံး တည်ဆောက်နိုင်ရေးစိတ်ကူး စိတ်သန်းတွေပေါင်းစည်းထားကြောင်း" ပူတင်က ပြောခဲ့ပြီး ဒီထဲမှာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖြစ်တဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခုကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့စီမံကိန်းက အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကတဆင့် ဖွံ့ဖြိုးဆဲဒေသတွေမှာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေတဲ့ ကြီးမားတဲ့အစီအစဉ်တခုဖြစ်ပါတယ်။

သီတင်းပတ်ကုန်က မော်လ်တာမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးနဲ့ ဆွေးနွေးပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ (၄) ရက်ကြာ အလည်အပတ်ခရီးအဖြစ် ရုရှားနိုင်ငံကို တနင်္လာနေ့မှာရောက်ရှိနေတာပါ။ ပူတင်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိကြောင်းကို ဇူလိုင်လကတည်းက ကနဦး ကြေညာခဲ့ပါတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးကတည်းက ပူတင်ဟာ တရုတ်နဲ့ ပိုနီးနီးကပ်ကပ်ဆက်ဆံနေပြီး စွမ်းအင်တွေပိုရောင်းချသလို နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလည်း တိုးလုပ်လာနေပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာကြားနေတယ်လို့ ကြေညာထားပေမယ့် ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုတော့ ရှုတ်ချခဲ့ပါတယ်။ ရုရှားက စစ်ရေးနည်းလမ်းရွေးချယ်ဖို့ အမေရိကန်နဲ့နေတိုးမဟာမိတ်တွေက လှုံ့ဆော်ခဲ့တာလို့စွပ်စွဲပြီး ရုရှားနဲ့ "အကန့်အသတ်မဲ့" ချစ်ကြည်ရင်းနှီးမှုရှိကြောင်း မနှစ်က ကြေညာခဲ့ပါတယ်။

အင်္ဂါနေ့မှာ ရုရှားလုံခြုံရေး အကြီးတန်းအရာရှိ Nikolai Patrushev က တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနဲ့ တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးချိန်မှာလည်း ရုရှားနဲ့တရုတ်နိုင်ငံတွေအနေနဲ့ အနောက်နိုင်ငံတွေက ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အတူတကွတန်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

ရုရှားနဲ့တရုတ်ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးယိုယွင်းလာတာနဲ့အတူ နှစ်နိုင်ငံ ပိုမိုနီးကပ်လာနေပြီး ရုရှားကတရုတ်ကို စဉ်ဆက်မပြတ်ထောက်ခံကြောင်း ပြသနေပါတယ်။

Belt and Road အစည်းအဝေးကာလ တရုတ်ဖိတ်ကြားချက် ရုရှားသမ္မတလက်ခံ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG