သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကၤာပူနဲ႔ ၿဗိတိန္ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ လက္မွတ္ထုိး


ၿဗိတိန္နဲ႔ စကၤာပူ လြတ္လပ္စြာကုန္သြယ္ခြင့္ သေဘာတူခ်က္ လက္မွတ္ေရးထိုး (ဓါတ္ပံု-uk department for international trade)

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံအေနနဲ႔ စကၤာပူနဲ႔ လြတ္လပ္စြာကုန္သြယ္ခြင့္ သေဘာတူခ်က္တစ္ခုကို မေန႔က လက္မွတ္ထိုးလိုက္ပါၿပီ။

ဥေရာပသမဂၢကေန ၿဗိတန္ႏုတ္ထြက္ေရး သေဘာတူခ်က္ မရေသးေပမဲ့၊ အခုလိုႏုတ္ထြက္အၿပီးအတြက္ေတာ့ အာရွမွာ အဓိကစီးပြားေရးေျခခ်စရာတစ္ခု ရသြားၿပီလို႔ သံုးသပ္မူေတြရွိေနပါတယ္။

လက္ရွိ ဥေရာပသမဂၢနဲ႔စကၤာပူအၾကားခ်ဳပ္ဆိုထားတဲ့ သေဘာတူခ်က္အေပၚ အမ်ားႀကီး ကိုးကားျပန္သံုးထားတဲ့ ဒီသေဘာတူခ်က္အရ စကၤာပူအေနနဲ႔ ေပါင္စတာလင္ ၁၇ ဘီလီယ်ံနဲ႔ညီမွ်တဲ့ အေမရိကန္ေဒၚလာ ၂၂ ဘီလီယ်ံတန္ဖိုးေက်ာ္ ကုန္သြယ္မူအတြက္ အႀကံဳးဝင္မွာပါလို႔ ဆိုပါတယ္။

ဒီသေဘာတူခ်က္ကို စကၤာပူႏိုင္ငံမွာ လက္မွတ္ထိုးအၿပီးမွာ၊ ၿဗိတိန္ရဲ့ ႏိုင္ငံတကာကုန္သြယ္ေရးဝန္ႀကီးLiz Truss က

“စကၤာပူႏိုင္ငံဟာ ၿဗိတိန္ရဲ့ အႀကီးဆံုး ကုန္သြယ္ဖက္နဲ႔ အာဆီယံအတြင္း အႀကီးဆံုး ရင္းႏွီးျမဳပ္ႏွံဖက္ ျဖစ္ၿပီးသားအျပင္၊ ၿဗိတန္ဟာလည္း စကၤာပူအတြက္ ဥေရာပသမဂၢထဲမွာ ထိပ္ဆံုး ရင္းႏွီးျမဳပ္ႏွံသူျဖစ္ပါတယ္၊ ႏွစ္ႏိုင္ငံေပါင္းၿပီးလည္း ေနာက္ထပ္ပိုတိုးတက္လာေအာင္လုပ္ႏိုင္ပါမယ္” လို႔ ေျပာသြားတာပါ။

စကၤာပူကုန္သြယ္ေရးဝန္ႀကီး Chan Chun Sing ကလည္း ဒီသေဘာတူခ်က္ေၾကာင့္ ၿဗိတိသွ်စီးပြားေရးသမားေတြအေနနဲ႔ စကၤာပူကေနတစ္ဆင့္ အာရွေဒသတြင္း စီးပြားအခြင့္အလမ္းေတြ လက္လွမ္းမီႏိုင္ဖို႔၊ ေျခကုတ္တစ္ခု ရသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီသေဘာတူခ်က္အရ ႏွစ္ႏိုင္ငံအၾကား အင္တာနက္နည္းပညာဆန္းသစ္မူအပါအဝင္ ဝန္ေဆာင္မူလုပ္ငန္းေတြအတြက္ ေစ်းကြက္အျပန္အလွန္ ရရွိေစတာအျပင္၊ လွ်ပ္စစ္ပစၥည္း၊ ကားနဲ႔ ကားပစၥည္း၊ ေဆးဝါးပစၥည္းနဲ႔ ျဖည့္ဆည္းနိုင္တဲ့ စြမ္းအင္သစ္ေတြကို အခြန္အတုတ္မရွိဘဲ ကုန္သြယ္ႏိုင္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

စင်္ကာပူနဲ့ ဗြိတိန် ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ထိုး
(Unicode)

ဗြိတိန်နိုင်ငံအနေနဲ့ စင်္ကာပူနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူချက်တစ်ခုကို မနေ့က လက်မှတ်ထိုးလိုက်ပါပြီ။

ဥရောပသမဂ္ဂကနေ ဗြိတန်နုတ်ထွက်ရေး သဘောတူချက် မရသေးပေမဲ့၊ အခုလိုနုတ်ထွက်အပြီးအတွက်တော့ အာရှမှာ အဓိကစီးပွားရေးခြေချစရာတစ်ခု ရသွားပြီလို့ သုံးသပ်မူတွေရှိနေပါတယ်။

လက်ရှိ ဥရောပသမဂ္ဂနဲ့စင်္ကာပူအကြားချုပ်ဆိုထားတဲ့ သဘောတူချက်အပေါ် အများကြီး ကိုးကားပြန်သုံးထားတဲ့ ဒီသဘောတူချက်အရ စင်္ကာပူအနေနဲ့ ပေါင်စတာလင် ၁၇ ဘီလီယျံနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယျံတန်ဖိုးကျော် ကုန်သွယ်မူအတွက် အကြုံးဝင်မှာပါလို့ ဆိုပါတယ်။

ဒီသဘောတူချက်ကို စင်္ကာပူနိုင်ငံမှာ လက်မှတ်ထိုးအပြီးမှာ၊ ဗြိတိန်ရဲ့ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီးLiz Truss က

“စင်္ကာပူနိုင်ငံဟာ ဗြိတိန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နဲ့ အာဆီယံအတွင်း အကြီးဆုံး ရင်းနှီးမြုပ်နှံဖက် ဖြစ်ပြီးသားအပြင်၊ ဗြိတန်ဟာလည်း စင်္ကာပူအတွက် ဥရောပသမဂ္ဂထဲမှာ ထိပ်ဆုံး ရင်းနှီးမြုပ်နှံသူဖြစ်ပါတယ်၊ နှစ်နိုင်ငံပေါင်းပြီးလည်း နောက်ထပ်ပိုတိုးတက်လာအောင်လုပ်နိုင်ပါမယ်” လို့ ပြောသွားတာပါ။

စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Chan Chun Sing ကလည်း ဒီသဘောတူချက်ကြောင့် ဗြိတိသျှစီးပွားရေးသမားတွေအနေနဲ့ စင်္ကာပူကနေတစ်ဆင့် အာရှဒေသတွင်း စီးပွားအခွင့်အလမ်းတွေ လက်လှမ်းမီနိုင်ဖို့၊ ခြေကုတ်တစ်ခု ရသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသဘောတူချက်အရ နှစ်နိုင်ငံအကြား အင်တာနက်နည်းပညာဆန်းသစ်မူအပါအဝင် ဝန်ဆောင်မူလုပ်ငန်းတွေအတွက် ဈေးကွက်အပြန်အလှန် ရရှိစေတာအပြင်၊ လျှပ်စစ်ပစ္စည်း၊ ကားနဲ့ ကားပစ္စည်း၊ ဆေးဝါးပစ္စည်းနဲ့ ဖြည့်ဆည်းနိုင်တဲ့ စွမ်းအင်သစ်တွေကို အခွန်အတုတ်မရှိဘဲ ကုန်သွယ်နိုင်မှာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG