သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး အဖြေရှာဖို့ အာရပ်နိုင်ငံတွေ ဆွေးနွေး


တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆီးရီးယားစစ်ဘေးဒုက္ခသည်တွေအတွက် ချက်ပြုတ်နေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (ဖေဖေါ်ဝါရီ ၁၀၊၂၀၂၃)  
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆီးရီးယားစစ်ဘေးဒုက္ခသည်တွေအတွက် ချက်ပြုတ်နေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (ဖေဖေါ်ဝါရီ ၁၀၊၂၀၂၃)  


{{Zawgyi/Unicode}}

ဆီးရီးယားမှာဖြစ်ပွါးနေတဲ့စစ်ပွဲနဲ့ ဆီးရီးယားကို အာရပ်ကမ္ဘာကနေ ဖယ်ကျဉ်ထားမှု အဆုံးသတ်ရေးအဖြေရှာဖို့ အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ပင်လယ်ကွေ့ဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့နဲ့အတူ အီဂျစ်၊ အီရတ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ ဆော်ဒီအာရေဗျရဲ့ပန်ကြားချက်နဲ့ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေပါတယ်။

ဆီးရီးယားရဲ့လုပ်ရပ်တွေပေါ်အခြေခံပြီး အာရပ်ကမ္ဘာကနေ ဖယ်ကျဉ်ထားတာကြောင့် ဆီးရီးယားနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့မဖြစ်နိုင်ဘူးလို့ တက်ရောက်လာသူတချို့က သဘောထားတဲ့အတွက် ပြင်းပြင်းထန်ထန် ဆွေးနွေးရနိုင်ခြေရှိပါတယ်။ သမ္မတ Bashar al-Assad အုပ်ချုပ်မှုအောက်က ဆီးရီးယားမှာ ဆယ်စုနှစ်နဲ့ချီကြာမြင့်တဲ့ စစ်ပွဲကြောင့် ပြည်သူသန်းတဝက်ကျော်သေဆုံးခဲ့ရသလို ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ချေမှုန်းနေတာကြောင့် နိုင်ငံ့လူဦးရေ ထက်ဝက်လောက်ကလည်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာပါ။

ဒါပေမယ့် မကြာသေးခင်ကလှုပ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားက ထိခိုက်သေဆုံးမှုတွေကနေ ဆီးရီးယားအပေါ် သဘောထား ပျော့ပြောင်းလာသူတွေလည်း ရှိနေတာပါ။ စနေနေ့ကတော့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားပြဿနာအဆုံးသတ်ရေးအတွက် အာရပ်ကမ္ဘာရဲ့ ဦးဆောင်မှုရှိဖို့အရေးကြီးကြောင်း အလေးထားပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========


{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG