သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားငလျင် နျူစမ်းသပ်မှု သံသယဖြစ်ခံရ


တောင်ကိုရီးယား ဘူတာရုံအတွင်း မြောက်ကိုရီးယား ငလျင်သတင်းကို ကြည့်နေကြစဉ်။
တောင်ကိုရီးယား ဘူတာရုံအတွင်း မြောက်ကိုရီးယား ငလျင်သတင်းကို ကြည့်နေကြစဉ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ် ဖောက်ခွဲတဲ့နေရာအနီး စနေနေ့က ငလျင်အသေးတခု လှုပ်သွားတာဟာ နျူကလီးယား ဖောက်ခွဲမှုကြောင့်မဟုတ်ဘဲ ရိုးရိုး ငလျင်လှုပ်တာသာ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

လူဖန်တီးတဲ့ ပေါက်ကွဲမှုက ထွက်လာတဲ့ တုံခါမှုမျိုးဆိုရင်တော့ ကြိုတင် သိရှိနိုင်မှာ ဖြစ်ကြောင်း တောင်ကိုရီးယား ဘူမိဗေဒ တိုင်းထွာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အခုဖြစ်သွားတဲ့ တုံခါမှုမှာတော့ အဲဒီလို ကြိုတင် သိရှိတာမျိုး မရှိခဲ့ကြောင်း၊ ဒါကြောင့် ဒီကိစ္စကို သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ငလျင်လှုပ်မှုအဖြစ် သူတို့အနေနဲ့ သတ်မှတ်ကြောင်း အဲဒီ ပြောခွင့်ရက ပြောပါတယ်။

တရုတ်အစိုးရ ငလျင် တိုင်းထွာရေး ဌာနကတော့ ပြင်းအား ၃.၄ ရှိတဲ့ မသင်္ကာဘွယ်ရာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း အစောပိုင်းက ပြောကြားခဲ့ပေမယ့် အဲဒီ ပေါက်ကွဲမှုဟာ နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှု မဟုတ်ဘူးလို့ ဆိုပါတယ်။

နျူကလီးယား မပြန့်ပွားရေး သဘောတူညီမှုအဖွဲ့အကြီးအကဲ Lassina Zerbo ကတော့ - စနေနေ့က လှုပ်သွားခဲ့တဲ့ ငလျင်အသေးလေးဟာ မြောက်ကိုရီးယား အစိုးရက စက်တင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုရဲ့ နောက်ဆက်တွဲအဖြစ် သဘာဝအလျောက် ဖြစ်ပေါ်တဲ့ တုံခါမှုဖြစ်ကြောင်း Twitter လူမှုကွန်ယက်ကတဆင့် ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG