သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင်မြို့ လေထုညစ်ညမ်းမှု ဒေသခံတွေကိုသတိပေး


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် နှာခေါင်းစည်းတပ်ပြီး သွားလာနေကြသူများ။ (မတ်လ ၁၀၊ ၂၀၂၃) 
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် နှာခေါင်းစည်းတပ်ပြီး သွားလာနေကြသူများ။ (မတ်လ ၁၀၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ထိုင်းနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ မြောက်ပိုင်းက ချင်းမိုင်မြို့နဲ့အနီးတဝိုက်ဒေသတွေမှာ လေထုညစ်ညမ်းမှုမြင့်မားနေလို့ ခရီးသွားတွေနည်းသွားပြီး ဒေသခံတွေကြား စိုးရိမ်နေချိန်မှာပဲ အဲဒီမှာနေထိုင်တဲ့သူတွေအနေနဲ့ ပြင်ပလှုပ်ရှားမှုတွေရှောင်ကြဉ်ကြဖို့နဲ့ အမှုန်အမွှားတွေကိုစစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းတွေတပ်ဆင်ကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ချင်းမိုင်ရဲ့ မတ်လလေထုအရည်အသွေးညွှန်းကိန်းက ၂၈၉ အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ လေရှူရှိုက်ရာမှာပါလာတဲ့ အမှုန်အမွှားတွေ ပါဝင်မှုအဆင့်ကို တိုင်းတာ, တာပါ။ တနင်္လာနေ့မှာတော့ ၁၇၁ ကို လျော့ပါးသွားပေမယ့် ဒီအဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့အဆင့်ထက် ၁၉ ဆ များနေပါတယ်။

လေထုအရည်အသွေး တိုင်းတာမှတ်တမ်းပြုစုတဲ့ IQAir ရဲ့ ကမ္ဘာလုံးဆိုင်ရာဇယားမှာ ချင်းမိုင်ဟာ ပါကစ္စတန်နိုင်ငံကလာဟိုးမြို့နဲ့ အိန္ဒိယကနယူးဒေလီတို့ရဲ့အထက် လေထုသန့်စင်မှု အားနည်းတဲ့ထိပ်ဆုံးစာရင်းမှာ အရင်လကတည်းက သီတင်းပတ်ပေါင်းများစွာ ရပ်တည်နေပါတယ်။

ထိုင်းနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ တောမီးလောင်ကျွမ်းမှုနှင့် တောင်ယာမီးရှို့မှုတွေကြောင့် လေထုညစ်ညမ်းတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နယ်စပ်ဖြတ်ကျော်မီးခိုးမြူတွေ လျှော့ချနိုင်ဖို့ လာအိုနဲ့ မြန်မာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အရင်အပတ်က ပြောပါတယ်။

သာယာလှပတဲ့တောင်တန်းရှုခင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စတိုင်ကျတဲ့ ကော်ဖီဆိုင်တွေကြောင့် လူသိများတဲ့ချင်းမိုင်မြို့ဟာ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်မှာ လာရောက်လည်ပတ်သူ ၁၀.၈ သန်း ရှိခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာ ခရီးသွားတွေရဲ့ ဟိုတယ်ကြိုတင်မှာယူမှုက ၄၅% အထိ ကျဆင်းသွားခဲ့ကြောင်း ထိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်းက တနင်္လာနေ့က ပြောပါတယ်။ ဒါဟာ ဆုန်ခရမ်လို့ခေါ်တဲ့ ထိုင်းနှစ်သစ်ကူးသြင်္ကန်ပွဲ အားလပ်ရက်ကာလ မျှော်မှန်းထားတာထက် ၈၀ % ကနေ ၉၀% အထိ ကျဆင်းသွားတာပါ။ စီးပွားရေးလည်းထိခိုက်လာတဲ့အပြင် ကျန်းမာရေးအတွက်လည်း စိုးရိမ်နေရပြီး ဒါဟာ တနှစ်ထက်တနှစ် ပိုဆိုးလာနေတယ်လို့ ချင်းမိုင်ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







XS
SM
MD
LG