သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြရဲ့ အသံကို နားေထာင္ဖို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ တိုက္တြန္း


ကုလ သမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

( Zawgyi/ Unicode )

ကမာၻတဝန္းကၿမိဳ႕ႀကီးေတြမွာ ဆႏၵျပပြဲေတြျဖစ္ေနတာနဲ႔အမွ် သက္ဆိုင္ရာလူထုေတြရဲ႕ ျပႆနာေတြကို နားေထာင္ၾကဖို႔ ကုလ သမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ႏုိင္ငံတကာက ေခါင္းေဆာင္ေတြကို တိုက္တြန္းလိုက္ပါတယ္။

“လူထုနဲ႔ ႏုိင္ငံေရးေခါင္းေဆာင္ေတြၾကား ယံုၾကည္မႈ ပိုက်ဆင္းလာေနၿပီးေတာ့ အုပ္ခ်ဳပ္သူေတြနဲ႔ အုပ္ခ်ဳပ္ခံေတြၾကား သက္ဆိုင္ ရာ အခြင့္အေရးနဲ႔ တာဝန္ေတြအေပၚ နားလည္လက္ခံထားတာကို ၿခိမ္းေျခာက္မႈ ျမင့္မားလာေနတယ္ဆိုတာ သိသာေနပါတယ္” လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres က သတင္းေထာက္ေတြကို ေသာၾကာေန႔မွာေျပာပါတယ္။

စီးပြားေရးျပႆနာေတြ၊ ႏုိင္ငံေရးေတာင္းဆိုခ်က္ေတြ၊ ခြဲျခားဆက္ဆံမႈနဲ႔ အက်င့္ပ်က္ျခစားမႈတို႔ဟာ ဆႏၵျပပြဲေတြျဖစ္ရတဲ့ ကိစၥရပ္ တခ်ဳိ႕ျဖစ္တယ္လုိ႔ အတြင္းေရးမွဴးခ်ဳပ္က ေထာက္ျပပါတယ္။

“အားလံုးအတြက္ အလုပ္ျဖစ္တဲ့ လူမႈေရး၊ စီးပြားေရးနဲ႔ ဘ႑ာေငြေၾကးဆိုင္ရာ စနစ္ေတြအပါအဝင္ တန္းတူညီမွ်တဲ့ အခင္းအက်င္းမ်ဳိး လူထုက လိုခ်င္ပါတယ္၊ လူ႔အခြင့္အေရးကို ေလးစားလိုက္နာတာမ်ဳိး သူတို႔လိုခ်င္ၿပီး သူတို႔ဘဝေတြအေပၚ သက္ေရာက္မႈရွိတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္တာမွာ သူတို႔သေဘာထားကို ေျပာဆိုခြင့္ ရခ်င္ၾကပါတယ္” လို႔ မစၥတာ Guterres ကေျပာပါတယ္။

ကမာၻ႔ တိုက္ႀကီးတိုင္းလိုလိုုက ႏုိင္ငံအေတာ္မ်ားမ်ားမွာ ဒီႏွစ္အတြင္း ဆႏၵျပပြဲေတြ ရွိလာတာပါ။

ေဟာင္ေကာင္မွာ ဇြန္လကတည္းကစတဲ့ ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနဆဲပါပဲ။ မၾကာေသးခင္ကပဲ ခ်ီလီႏုိ္င္ငံမွာ ဆႏၵျပပြဲေတြ ျဖစ္ေန ၿပီး လက္ဘႏြန္မွာလည္း ၿပီးခဲ့တဲ့သီတင္းပတ္က ဆႏၵျပပြဲေတြ စျဖစ္ပါတယ္။ အီရတ္၊ နီကာရာဂြါ၊ အီေကြေဒါ၊ ေဟတီ၊ ဟြန္ဒူးရပ္စ္ နဲ႔ ဘိုလီးဗီးယား၊ အာဖရိကမွာဆိုရင္ မာလာဝီ၊ ဇင္ဘာေဘြ၊ ဂီနီ၊ အီသီယိုးပီးယားနဲ႔ ဆူဒန္ႏုိ္င္ငံေတြမွာ ဆႏၵျပပြဲေတြျဖစ္ခဲ့ပါတယ္။ ဥေရာပတိုက္က ျပင္သစ္၊ ၿဗိတိန္နဲ႔ စပိန္ႏုိင္္ငံတို႔မွာ ဆႏၵျပပြဲေတြျဖစ္ခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုမွာေတာ့ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ကန္႔ကြက္သူေတြေရာ ေထာက္ခံသူေတြရဲ႕ ဆႏၵျပပြဲေတြပါ ျဖစ္ခဲ့ပါတယ္။

..................

( Unicode )

ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကမ္ဘာတဝန်းကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်နေတာနဲ့အမျှ သက်ဆိုင်ရာလူထုတွေရဲ့ ပြဿနာတွေကို နားထောင်ကြဖို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က နိုင်ငံတကာက ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြား ယုံကြည်မှု ပိုကျဆင်းလာနေပြီးတော့ အုပ်ချုပ်သူတွေနဲ့ အုပ်ချုပ်ခံတွေကြား သက်ဆိုင် ရာ အခွင့်အရေးနဲ့ တာဝန်တွေအပေါ် နားလည်လက်ခံထားတာကို ခြိမ်းခြောက်မှု မြင့်မားလာနေတယ်ဆိုတာ သိသာနေပါတယ်” လို့ အတွင်းရေးမှူးချုပ် Guterres က သတင်းထောက်တွေကို သောကြာနေ့မှာပြောပါတယ်။

စီးပွားရေးပြဿနာတွေ၊ နိုင်ငံရေးတောင်းဆိုချက်တွေ၊ ခွဲခြားဆက်ဆံမှုနဲ့ အကျင့်ပျက်ခြစားမှုတို့ဟာ ဆန္ဒပြပွဲတွေဖြစ်ရတဲ့ ကိစ္စရပ် တချို့ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

“အားလုံးအတွက် အလုပ်ဖြစ်တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ စနစ်တွေအပါအဝင် တန်းတူညီမျှတဲ့ အခင်းအကျင်းမျိုး လူထုက လိုချင်ပါတယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတာမျိုး သူတို့လိုချင်ပြီး သူတို့ဘဝတွေအပေါ် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာမှာ သူတို့သဘောထားကို ပြောဆိုခွင့် ရချင်ကြပါတယ်” လို့ မစ္စတာ Guterres ကပြောပါတယ်။

ကမ္ဘာ့ တိုက်ကြီးတိုင်းလိုလိုက နိုင်ငံအတော်များများမှာ ဒီနှစ်အတွင်း ဆန္ဒပြပွဲတွေ ရှိလာတာပါ။

ဟောင်ကောင်မှာ ဇွန်လကတည်းကစတဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲပါပဲ။ မကြာသေးခင်ကပဲ ချီလီနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်နေ ပြီး လက်ဘနွန်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်က ဆန္ဒပြပွဲတွေ စဖြစ်ပါတယ်။ အီရတ်၊ နီကာရာဂွါ၊ အီကွေဒေါ၊ ဟေတီ၊ ဟွန်ဒူးရပ်စ် နဲ့ ဘိုလီးဗီးယား၊ အာဖရိကမှာဆိုရင် မာလာဝီ၊ ဇင်ဘာဘွေ၊ ဂီနီ၊ အီသီယိုးပီးယားနဲ့ ဆူဒန်နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ ဥရောပတိုက်က ပြင်သစ်၊ ဗြိတိန်နဲ့ စပိန်နိုင်ငံတို့မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ကန့်ကွက်သူတွေရော ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေပါ ဖြစ်ခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG