သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စစ္စပီက ခရိုင်တချို့ကို သမ္မတဘိုင်ဒန် သဘာဝဘေး အရေးပေါ်ကြေညာ


A woman sifts through belongings at the spot of a family member's home after a tornado destroyed the property two days earlier, in Rolling Fork, Mississippi, March 26, 2023.
A woman sifts through belongings at the spot of a family member's home after a tornado destroyed the property two days earlier, in Rolling Fork, Mississippi, March 26, 2023.

{{Zawgyi/Unicode}}

အမေရိကန်သမ္မတဘိုင်ဒန်ဟာ မနေ့တနင်္ဂနွေနေ့အစောပိုင်းက မစ္စစ္စပီပြည်နယ် က ၄ ခရိုင်ကို သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ သောကြာနေ့က အင်အားပြင်း တိုနေဒိုး လေဆင်နှာမောင်းမွှေ့ခဲ့ပြီးတဲ့နောက် အဆောက်အဦတွေပျက်၊ နယ်ချင်းကပ် အလာဘားမားက လူတယောက် အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ရတာပါ။

ခုလို ကြေညာလိုက်တဲ့အတွက် ပြန်လည်ထူထောင်ရာမှာ လူတွေကို ငွေအားဖြင့် ကူညီနိုင် မှာ ဖြစ်ပါတယ်။ ထောက်ပံ့ငွေအပြင် ချေးငွေလည်း ချေးနိုင်မှာ ဖြစ်ပါတယ်။ လေဆင်နှာမောင်းဒဏ်ကြောင့် လူရာပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်သွားကြရပါတယ်။ အမိမြေလုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး Alejandro Mayorkas နဲ့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှုဌာနအကြီးအကဲ Deanne Criswell တို့ဟာ တနင်္ဂနွေနေ့က မစ္စစ္စပီကို ခရီးထွက်ခွါသွားခဲ့ကြပါတယ်။

================

{{Unicode}}

မစ်စစ်စပီက ခရိုငျတခြို့ကို သမ်မတဘိုငျဒနျ သဘာဝဘေး အရေးပေါျကွညော



ဆက်စပ်သတင်းများ ...

XS
SM
MD
LG