သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်း သက်ရောက်မှု လူဦးရေ ၁၆ သန်း ထိခိုက်ဖွယ်ရှိ


Asia Cyclone Preparedness
Asia Cyclone Preparedness

မိုခါမုန်တိုင်းအဖျက်အဆီးတွေရဲ့သက်ရောက်မှုကြောင့် လူဦးရေ ၁၆ သန်းကျော် ရဲ့ဘဝတွေ ထိခိုက်ခံရဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က မေလ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မုန်တိုင်းလွန်သွားပေမဲ့ မြေပြိုမယ့်အန္တရာယ်ကကြီးမားနေပြီး လာမယ့်ရက်တွေ မှာ ရေကြောင့်ပျံ့မယ့်ရောဂါတွေအပါအဝင် အန္တရာယ်တွေပိုများလာဖွယ်ရှိတယ်လို့ ယူနီဆက်ဖ် က ပြောပါတယ်။ မုန်တိုင်းကြောင့် အိမ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံတွေ၊ ကျောင်းတွေနဲ့ တခြားအရေးပါတဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးသွားကြပြီးဖြစ်တယ်လို့ ယူနီဆက်ဖ် က ဆိုပါတယ်။

“မုန်တိုင်းဒဏ်သင့်တဲ့နေရာတွေဟာ ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု၊ မတည်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ရာသီဥတုပျက်တာတွေကိုဖြတ်သန်းခဲ့ရပြီးတဲ့ ရပ်ရွာအသိုက်အဝန်းတွေရှိရာ နေရာတွေဖြစ်တယ်လို့ ယူနီဆက်ဖ် အမှုဆောင်အရာရှိချုပ် Catherine Russell က ပြောပါတယ်။

မုန်တိုင်းဖြတ်သန်းရာဒေသတွေက ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေဖြစ်ပြီး မြေနိမ့်ရာအရပ်တွေရှိတာမို့ ရေကြီး‌မြေပြို အန္တရာယ်ရှိနေပါတယ်။ ဒီ ဒေသမှာ ဒုက္ခသည်တွေ၊ အိုင်ဒီပီလို့သိကြတဲ့ ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။ ဒီ‌ဒေသတွေမှာ ရခိုင်နဲ့ရိုဟင်ဂျာ အိုင်ဒီပီ ၁.၂ သန်း အပါအဝင် လူ ၁၆ သန်းကျော် နေထိုင်နေကြတာပါ။ ဒီအထဲမှာ ကလေး ၅.၆ သန်းပါဝင်တယ်လို့ ယူနီဆက်ဖ် က ပြောပါတယ်။

မိုခါမုန်တိုင်းအပြီးမှာ အခြေအနေကို အရေးပေါ်အကဲဖြတ်ပြီး ကလေးတွေရဲ့လိုအပ်ချက်ကို ချက်ချင်းတုံ့ပြန်နေပါတယ်လို့လည်း မစ္စ Catherine Russell က ပြောပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ မိသားစုတွေရဲ့ဘဝတိုးတက်လာဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေရှည်အဖြေကို ရှာဖွေတာပဲဖြစ်ပါတယ်လို့ သူကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG