သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအၾကမ္းဖက္တာ ရာဇဝတ္မႈျဖစ္ေၾကာင္း ကန္တပ္ဖြဲြ႕ဝင္ေတြကို စစ္ေခါင္းေဆာင္ေတြသတိေပး


ဇန္န၀ါရီ ၁၁ ရက္ေန႔က လံုၿခံဳေရးယူရန္ အသင့္ျပင္ေနေသာ ကန္တပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

ၿပီးခဲ့တဲ့ အပတ္က အေမရိကန္ လႊတ္ေတာ္ အေဆာက္အဦးထဲ လူ အေသအေပ်ာက္ ရွိခဲ့တဲ့ ဝင္ေရာက္ စီးနင္းမႈဟာ ဒီမိုကေရစီနဲ႔ ဆန္႔က်င္ၿပီး ရာဇဝတ္မႈ ေျမာက္တဲ့ လုပ္ရပ္ ျဖစ္ ေၾကာင္း အေမရိကန္ စစ္တပ္က ထိပ္တန္း ေခါင္းေဆာင္ေတြက တပ္ဖြဲ႕ဝင္ေတြကို သတိေပးခ်က္ ထုတ္ျပန္ လိုက္တယ္လို႔ AP သတင္းဌာနက ေျပာပါတယ္။

လြတ္လပ္စြာ ေျပာဆိုခြင့္က ဘယ္သူ႔ကိုမွ အၾကမ္းဖက္ခြင့္ေပးထားတာ မရွိေၾကာင္းလည္း သတိေပးခ်က္မွာ ပါရွိပါတယ္။

Joe Biden က ျပည္သူေတြအျပည့္အဝ ေရြးေကာက္တင္ေျမႇာက္ထားတဲ့ ေနာက္သမၼတ အသစ္ ျဖစ္ေၾကာင္းနဲ႔ ဇန္နဝါရီလ ၂၀ ရက္ေန႔ မွာ က်မ္းသစၥာ က်ိန္ဆိုမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္စစ္တပ္ ပူးတြဲ စစ္ဦးစီးခ်ဳပ္ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး Mark Milley အပါအဝင္ ပူးတြဲ စစ္ဦးခ်ဳပ္ အဖြဲ႕ဝင္ အားလုံး လက္မွတ္ေရးထိုးထားတဲ့ ထုတ္ျပန္ခ်က္ မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဒီလို ထုတ္ျပန္ခ်က္ မွတ္တမ္းမ်ိဳက အေမရိကန္ စစ္တပ္က လုပ္ရိုးလုပ္စဥ္ထုတ္ျပန္ေလ့ ရွိတဲ့ ထုတ္ျပန္ခ်က္မ်ိဳး မဟုတ္ဘဲ အေျခခံ ဥပေဒအရ လိုက္နာရမယ့္ လုပ္ငန္းစဥ္ေတြ အေႏွာက္အယွက္ ျဖစ္လာနိုင္တာက မွားယြင္းမႈျဖစ္တယ္ဆိုတာကို စစ္တပ္ ေခါင္းေဆာင္ပိုင္းက တပ္ဖြဲ႕ဝင္ေတြကို လိုအပ္လာလို႔ သတိေပးရတာ ျဖစ္ပါတယ္။ သမၼတသစ္ က်မ္းသစၥာ က်ိန္ဆိုမယ့္ ေန႔မွာ အၾကမ္းဖက္မႈေတြ ထပ္မံ ျဖစ္ေပၚလာမွာကို စိုးရိမ္ ေနတဲ့အၾကား အေမရိကန္ စစ္တပ္ရဲ့ ထုတ္ျပန္ခ်က္က အဂၤါေန႔က အခုလို ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

လႊတ္ေတာ္ကို စီးနင္းမႈမွာ အေမရိကန္ စစ္တပ္က စစ္မႈထမ္းေဟာင္းေတြ ပါဝင္ပတ္သက္ေနတာ ရွိေပမယ့္ လက္ရွိ တာဝန္ ထမ္းေဆာင္ေနသူ ေတြရဲ့ ပါဝင္ ပတ္သက္မႈေတြကိုေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။

လႊတ္ေတာ္ထဲ ဝင္ေရာက္ စီးနင္းမႈဟာ တရားဥပေဒ စိုးမိုးေရးနဲ႔ ဆန္႔က်င္ေနတာကို ေတြ႕ရွိရတယ္လို႔လည္း အေမရိကန္ စစ္တပ္ရဲ့ ထုတ္ျပန္ခ်က္ မွတ္တမ္းမွာပါရွိပါတယ္။

ေရွ႕ သီတင္းပတ္မွာ က်င္းပမယ့္ သမၼတ က်မ္း သစၥာ က်ိန္ဆိုပြဲအတြက္ တရားဥပေဒ စိုးမိုးေရး တပ္ဖြဲ႕ေတြ ကို အေထာက္အကူေပးဖို႔ အမ်ိဳးသား အေစာင့္တပ္ဖြဲ႕ေတြ ခ်ထားဖို႔ ရွိပါတယ္။ လက္ရွိ တာဝန္ထမ္းေဆာင္ေနဆဲ စစ္တပ္ တပ္ဖြဲ႕ဝင္ေတြကို အသုံးျပဳဖို႔ အစီအစဥ္ ေတာ့ ေလာေလာဆယ္ မရွိပါဘူး။

.............

နိုင်ငံရေးအကြမ်းဖက်တာ ရာဇဝတ်မှုဖြစ်ကြောင်း ကန်တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်တွေသတိပေး

(Unicode)

ပြီးခဲ့တဲ့ အပတ်က အမေရိကန် လွှတ်တော် အဆောက်အဦးထဲ လူ အသေအပျောက် ရှိခဲ့တဲ့ ဝင်ရောက် စီးနင်းမှုဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ် ဖြစ် ကြောင်း အမေရိကန် စစ်တပ်က ထိပ်တန်း ခေါင်းဆောင်တွေက တပ်ဖွဲ့ဝင်တွေကို သတိပေးချက် ထုတ်ပြန် လိုက်တယ်လို့ AP သတင်းဌာနက ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်က ဘယ်သူ့ကိုမှ အကြမ်းဖက်ခွင့်ပေးထားတာ မရှိကြောင်းလည်း သတိပေးချက်မှာ ပါရှိပါတယ်။

Joe Biden က ပြည်သူတွေအပြည့်အဝ ရွေးကောက်တင်မြှောက်ထားတဲ့ နောက်သမ္မတ အသစ် ဖြစ်ကြောင်းနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ကြောင်းလည်း အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် ပူးတွဲ စစ်ဦးချုပ် အဖွဲ့ဝင် အားလုံး လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလို ထုတ်ပြန်ချက် မှတ်တမ်းမျိုက အမေရိကန် စစ်တပ်က လုပ်ရိုးလုပ်စဉ်ထုတ်ပြန်လေ့ ရှိတဲ့ ထုတ်ပြန်ချက်မျိုး မဟုတ်ဘဲ အခြေခံ ဥပဒေအရ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေ အနှောက်အယှက် ဖြစ်လာနိုင်တာက မှားယွင်းမှုဖြစ်တယ်ဆိုတာကို စစ်တပ် ခေါင်းဆောင်ပိုင်းက တပ်ဖွဲ့ဝင်တွေကို လိုအပ်လာလို့ သတိပေးရတာ ဖြစ်ပါတယ်။ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် နေ့မှာ အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပေါ်လာမှာကို စိုးရိမ် နေတဲ့အကြား အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်က အင်္ဂါနေ့က အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

လွှတ်တော်ကို စီးနင်းမှုမှာ အမေရိကန် စစ်တပ်က စစ်မှုထမ်းဟောင်းတွေ ပါဝင်ပတ်သက်နေတာ ရှိပေမယ့် လက်ရှိ တာဝန် ထမ်းဆောင်နေသူ တွေရဲ့ ပါဝင် ပတ်သက်မှုတွေကိုတော့ သေသေချာချာ မသိရသေးပါဘူး။

လွှတ်တော်ထဲ ဝင်ရောက် စီးနင်းမှုဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ဆန့်ကျင်နေတာကို တွေ့ရှိရတယ်လို့လည်း အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက် မှတ်တမ်းမှာပါရှိပါတယ်။

ရှေ့ သီတင်းပတ်မှာ ကျင်းပမယ့် သမ္မတ ကျမ်း သစ္စာ ကျိန်ဆိုပွဲအတွက် တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့တွေ ကို အထောက်အကူပေးဖို့ အမျိုးသား အစောင့်တပ်ဖွဲ့တွေ ချထားဖို့ ရှိပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်တပ် တပ်ဖွဲ့ဝင်တွေကို အသုံးပြုဖို့ အစီအစဉ် တော့ လောလောဆယ် မရှိပါဘူး။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG