သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူဘုန်းကြီး ဘင်္ဂလားဒေ့ရှ်မှာ ဓားထိုးအသတ်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဘာသာရေးအကြောင်းပြ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။ (စက်တင်ဘာ -၂၀၁၂)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဘာသာရေးအကြောင်းပြ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။ (စက်တင်ဘာ -၂၀၁၂)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဟိန္ဒူဘုရားကျောင်းတခုမှာ ဒီကနေ့ ဟိန္ဒူဘုန်းကြီးတပါး ဓားနဲ့ထိုး အသတ်ခံခဲ့ရတဲ့အကြောင်း ရဲ နဲ့ အကြီးတန်း အုပ်ချုပ်ရေး အရာရှိတွေက ပြောပါတယ်။ လူဦးရေ သန်းပေါင်း ၁၆၀ ရှိပြီး မူဆလင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လွတ်လပ်တဲ့ အတွေးအခေါ် ရှိတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု ဘာသာဝင်တွေကို အစ္စလာမ်မစ် အစွန်းရောက်တွေက အကြမ်းဖက် တိုက်ခိုက်တာတွေ မကြာခဏ ဖြစ်ခဲ့တာပါ။

အခု ဟိန္ဒူဘုန်းတော်ကြီး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဘာကြောင့် သတ်ဖြတ်ခံရတာလဲ ဆိုတာ မသိရသေးသလို ဘယ်သူ တဦးတယောက်ကိုမှ ဖမ်းဆီးထားတာ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၄၅ နှစ်အရွယ် ဟိန္ဒူဘုန်းတော်ကြီး Shaymanonda Das ဟာ ဒါကာမြို့တော် အနောက်တောင်ဘက် ၁၈၈ မိုင် အကွာမှာရှိတဲ့ Jhenaidah ခရိုင်က ဟိန္ဒူဘုရားကျောင်းရှေ့မှာ ဓားနဲ့အသေ ထိုးသတ်ခံခဲ့ရတာပါ။

မနက်ပိုင်း ဘုန်းတော်ကြီးက ဘုရားကျောင်းအတွက် ပန်းခူးဖို့ အိမ်က အထွက်မှာ သတ်ဖြတ်သူ သုံးဦးက သူ့ကို တနေရာကို ဆွဲခေါ်သွားပြီး ဓားနဲ့ခုတ်သတ်ခဲ့တာလို့ မျက်မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။ ဒေသခံတွေက နောက်က လိုက်လာချိန်မှာတော့ သတ်ဖြတ်သူတွေ ထွက်ပြေး သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အခု ဟိန္ဒူဘုန်းတော်ကြီး သတ်ဖြတ်ခံရတဲ့ ပုံစံနဲ့ အရင်က အစွန်းရောက်တွေ သတ်ဖြတ်တဲ့ပုံစံ ဆင်တူတယ်လို့ ခရိုင် အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG