သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ေတာ္လွန္ေရး ဘယ္လဲ


KNU leaders (NCA-S EAO)
ကရင္ေတာ္လွန္ေရး ဘယ္လဲ
please wait

No media source currently available

0:00 0:05:20 0:00
တိုက္႐ိုက္ လင့္ခ္

သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္လို႔ ေဒသခံေတြ သတ္မွတ္ထားတဲ့ ဖာပြန္ခရိုင္ဟာ အစိုးရတပ္စခန္း အမ်ားဆံုးရိွတဲ့ေဒသ ျဖစ္ပါတယ္။ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ KNU ခ်ဳပ္ကိုင္တယ္ဆိုတဲ့ ေဒသပါ။ ဒါေပမဲ့ အစိုးရတပ္ရဲ ႔ ဖိႏိွပ္ညွဥ္းပန္းမႈေတြ ရိွလာတဲ့အတြက္ ဇူလိုင္လေႏွာင္းပိုင္းမွာ ေဒသခံ (၄၀၀၀) ေက်ာ္ ဖာပြန္/ကမေမာင္း လမ္းမေပၚမွာ ခ်ီတက္ဆႏၵျပၾကၿပီး တပ္စခန္းေတြ ရုတ္သိမ္းေပးဖို႔ ေတာင္းဆိုၾကပါတယ္။ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးၿပီးတဲ့ေနာက္ပိုင္း လူအမ်ားဆံုးပါဝင္တဲ့ ကန္႔ကြက္ဆႏၵျပပြဲ ျဖစ္ပါတယ္။ ေဒသခံေတြက ၿငိမ္းခ်မ္းေရး ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

သက္တမ္း (၇၃) ႏွစ္ရိွတဲ့ KNU ကရင္အမ်ဳိးသားအစည္းအရံုးဟာ တခ်ိန္ကေတာ့ အစိုးရေလးတခုလို ၾသဇာအရိွန္အဝါ ရိွခဲ့တဲ့ အဖြဲ႔အစည္းပါ။ ဒါေပမဲ့ ၁၉၉၅ မွာ DKBA ကရင္ ဗုဒၶဘာသာအဖြဲ႔ KNU က ခြဲထြက္ၿပီး မယ္နာပေလာဌာနခ်ဳပ္ က်ဆံုးသြားတဲ့ေနာက္ပိုင္းမွာ KNU မွာ အဖြဲ႔ခြဲေတြ မ်ားလာပါတယ္။ KNU ေခါင္းေဆာင္အခ်ဳိ ႔ စစ္အစိုးရနဲ႔ သေဘာတူခ်က္ရယူၿပီး ခြဲထြက္ျပန္တဲ့အတြက္ ကရင္တပ္မဟာ (၇) ခုစလံုး အင္အားက်ဆင္းလာပါတယ္။ KNU တပ္ဖြဲ႔ဟာ တပ္မေတာ္ကို ယွဥ္ၿပိဳင္ႏိုင္တဲ့ အင္အားမရိွေတာ့ဘူးလို႔ ကရင္သတင္းဌာနရဲ ႔ Karen Revolution at Crossroad စာတမ္းမွာ ေဖာ္ျပထားပါတယ္။

ကရင္လက္နက္ကိုင္တပ္ဖြဲ႔ ေလးမ်ုိး ရိွပါတယ္။ KNU ရဲ ႔ လက္ေအာက္ခံျဖစ္တဲ့ KNLA တပ္ဖြဲ႔၊ DKBA တပ္ဖြဲ႔၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ လက္ေအာက္ခံတပ္ဖြဲ႔၊ တပ္မေတာ္လက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္ စတဲ့ တပ္ဖြဲ႔ေတြ ျဖစ္ပါတယ္။ ဒီတပ္ဖြဲ႔ေတြအားလံုး တပ္မေတာ္နဲ႔ အပစ္အခတ္ ရပ္စဲထားၾကပါတယ္။

ကရင္လက္နက္ကိုင္ ေတာ္လွန္ေရးကို ၁၉၄၉ ဇန္နဝါရီလ (၃၁) ရက္ေန႔မွာ စတင္တာမို႔ ေတာ္လွန္ေရးသက္တမ္း (၇၁) ႏွစ္ ရိွေနပါၿပီ။ အခုေတာ့ အပစ္အခတ္ရပ္စဲထားတဲ့ သေဘာရိွေပမယ့္ ပစ္ခတ္တိုက္ခိုက္မႈကေတာ့ အနည္းနဲ႔အမ်ား ရိွေနဆဲပါပဲ။ အပစ္အခတ္ရပ္စဲထားတုန္း တပ္မေတာ္ဟာ တပ္စခန္းတိုးခ်ဲ ႔အင္အားျဖည့္ၿပီး ဆက္သြယ္ေရးလမ္းေတြ တည္ေဆာက္တဲ့အတြက္ KNU တပ္ဖြဲ႔နဲ႔ ပဋိပကၡ ျဖစ္လာပါတယ္။ ဒါေပမဲ့ ေဒသခံေတြ လြတ္လပ္စြာ ေရာင္းဝယ္လာႏိုင္ပါတယ္။ ကရင္တပ္ဖြဲ႔အခ်ဳိ ႔ကေတာ့ တရုတ္ကုမၸဏီေတြ ဖိတ္ေခၚၿပီး နယ္စပ္မွာ စီးပြားေရး လုပ္ၾကပါတယ္။

အပစ္ရပ္ကာလအခ်ိန္ ၾကာလာတာနဲ႔အမွ် KNU ေဒသမွာ စီးပြားေရးလႈပ္ရွားမႈေတြ မ်ားလာတာမို႔ က်ဆင္းလာတဲ့ ေတာ္လွန္ေရးအရိွန္အဟုန္ကို ျမွင့္တင္ႏိုင္ပါ့မလားလို႔ သံသယ ရိွလာၾကပါတယ္။ ကရင္အုပ္စုအခ်င္းခ်င္း မညီမညႊတ္ျဖစ္ေလ တပ္မေတာ္အဖို႔ လုပ္လို႔ကိုင္လို႔ေကာင္းေလ ျဖစ္ေနပံုရပါတယ္။ ကရင္အုပ္စုအမ်ဳိးမ်ဳိးကို တေယာက္တမ်ဳိး ဆက္ဆံမႈေၾကာင့္ KNU ေခါင္းေဆာင္ပိုင္းမွာ တင္းမာမႈေတြ ျဖစ္ေပၚလာတယ္လို႔ ကရင္သတင္းဌာနက သံုးသပ္ပါတယ္။ ႏိုင္ငံေရး၊ စီးပြားေရး၊ စစ္ေရး စတာေတြ ေရာေထြးယွက္တင္ ျဖစ္လာတာကို ကၽြမ္းက်င္စြာ ကိုင္တြယ္ရင္း ေတာ္လွန္ေရး ရည္မွန္းခ်က္ကို မ်က္ေျခမျပတ္ဖို႔ လိုပါတယ္တဲ့။ အႏွစ္ (၇၀) ေက်ာ္ အေတြ႔အႀကံဳကို သင္ခန္္းစာ ယူတတ္ဖို႔ လိုပါတယ္။

၂၀၁၆ ၾသဂုတ္လ (၁၀) ရက္ေန႔က ရန္ကုန္ယုဒသန္ခန္းမမွာ က်င္းပတဲ့ ကရင္အာဇာနည္ေန႔မွာ KNU ဗဟိုေကာ္မတီိဝင္ ပဒိုေစာသမိန္ထြန္း ေျပာသြားတဲ့ စကားအခ်ဳိ ႔ကို ကရင္သတင္းဌာနက လြန္ခဲ့တဲ့ ေမလ (၂၀) ရက္ေန႔က ျပန္လည္ ေဖာ္ျပပါတယ္။ ကရင္အမ်ဳိးသားသမိုင္းအေၾကာင္းကို ေျပာသြားတာပါ။

ကရင္လူမ်ဳိးေတြဟာ ရႈပ္ရႈပ္ယွက္ယွက္ကိုမႀကိဳက္၊ ေအးေအးခ်မ္းခ်မ္း ေနလိုၾကပါတယ္။ ဒါ့အျပင္ ကရင္လူငယ္ေတြဟာ စာမဖတ္ၾက၊ စာမေရးၾက၊ ဒါေၾကာင့္မို႔ သမိုင္းနဲ႔ ပတ္သက္လာရင္ မွတ္တမ္းမွတ္ရာ မရိွၾကဘူးလို႔ ပဒိုေစာသမိန္ထြန္းက မွတ္ခ်က္ခ်ပါတယ္။ ရႈပ္ယွက္ခတ္လာတဲ့ အေျခအေနကို ႏိုးၾကားထၾကြစြာ ကိုင္တြယ္တတ္ဖို႔ လိုပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ျပႆနာ ျဖစ္ေနတဲ့ကိစၥေတြနဲ႔ ပတ္သက္ၿပီး KNU ေခါင္းေဆာင္ပိုင္းဟာ လူထုကို ရွင္းမျပႏိုင္ခဲ့ဘူးလို႔ ကရင္သတင္းဌာနက ဆိုပါတယ္။

အႏွစ္ (၇၀) ေက်ာ္လာၿပီးျဖစ္တဲ့ ကရင္ေတာ္လွန္ေရးဟာ လမ္းဆံုလမ္းခြကို ေရာက္ေနၿပီလို႔ ကရင္သတင္းဌာနက ျမင္ပါတယ္။ လမ္းေခ်ာ္မသြားဘဲ ေရွ ႔ဆက္လက္ခ်ီတတ္ႏိုင္ဖို႔အတြက္ အေတြးအျမင္သစ္ စိတ္ဓါတ္သစ္နဲ႔ ဦးတည္ခ်က္သစ္ေတြ လိုအပ္ေနပါတယ္။ တပ္မေတာ္မွာ KNU ကို အျပဳတ္တိုက္ႏိုင္တဲ့ အင္အားရိွတယ္လို႔ သုေတသီ Ashley South ကလည္း Burma’s Longest War စာတမ္းမွာ သံုးသပ္ထားပါတယ္။ လက္နက္အားကိုးလို႔မရတဲ့ အေျခအေနျဖစ္လာလို႔ ကရင္ေတာ္လွန္ေရးရဲ ႔ ရန္သူဟာ တပ္မေတာ္ မဟုတ္ေတာ့ဘူးလို႔ ေျပာႏိုင္မယ့္အလားအလာ ရိွလာတယ္လို႔ ဆုိပါတယ္။

ကမာၻ႔ေစ်းကြက္စီးပြားေရး ေတာႀကိဳေတာင္ၾကားအထိ ေရာက္ရိွလာတာဟာ ကရင္ေတာ္လွန္ေရးကို တျဖည္းျဖည္းအမွည့္ေၾကြေအာင္ လုပ္သလို ျဖစ္ေနပံုရပါတယ္။ ေတာ္လွန္ေရးစိတ္ဓါတ္ရိွတဲ့ ကရင္ေတြ ရိွေနေသးသလို ေတာ္လွန္ေရးနဲ႔ ကင္းကြာသြားသူေတြလည္း မ်ားလာပါတယ္။ အခ်ိန္ၾကာေလ ကြဲျပားျခားနားမႈေတြ မ်ားေလေလ ျဖစ္ေနပံုရပါတယ္။ အႏွစ္ (၇၀) ေက်ာ္ၾကာခဲ့တဲ့ ကရင္ေတာ္လွန္ေရးဟာ လမ္းသစ္တီထြင္ရေတာ့မယ္ အေျခအေနကို ေရာက္ရိွလာၿပီလို႔ ယူဆရပါတယ္။

==Unicode===

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်လို့ ဒေသခံတွေ သတ်မှတ်ထားတဲ့ ဖာပွန်ခရိုင်ဟာ အစိုးရတပ်စခန်း အများဆုံးရှိတဲ့ဒေသ ဖြစ်ပါတယ်။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ KNU ချုပ်ကိုင်တယ်ဆိုတဲ့ ဒေသပါ။ ဒါပေမဲ့ အစိုးရတပ်ရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရှိလာတဲ့အတွက် ဇူလိုင်လနှောင်းပိုင်းမှာ ဒေသခံ (၄၀၀၀) ကျော် ဖာပွန်/ကမမောင်း လမ်းမပေါ်မှာ ချီတက်ဆန္ဒပြကြပြီး တပ်စခန်းတွေ ရုတ်သိမ်းပေးဖို့ တောင်းဆိုကြပါတယ်။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း လူအများဆုံးပါဝင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ဒေသခံတွေက ငြိမ်းချမ်းရေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သက်တမ်း (၇၃) နှစ်ရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးဟာ တချိန်ကတော့ အစိုးရလေးတခုလို သြဇာအရှိန်အဝါ ရှိခဲ့တဲ့ အဖွဲ့အစည်းပါ။ ဒါပေမဲ့ ၁၉၉၅ မှာ DKBA ကရင် ဗုဒ္ဓဘာသာအဖွဲ့ KNU က ခွဲထွက်ပြီး မယ်နာပလောဌာနချုပ် ကျဆုံးသွားတဲ့နောက်ပိုင်းမှာ KNU မှာ အဖွဲ့ခွဲတွေ များလာပါတယ်။ KNU ခေါင်းဆောင်အချို့ စစ်အစိုးရနဲ့ သဘောတူချက်ရယူပြီး ခွဲထွက်ပြန်တဲ့အတွက် ကရင်တပ်မဟာ (၇) ခုစလုံး အင်အားကျဆင်းလာပါတယ်။ KNU တပ်ဖွဲ့ဟာ တပ်မတော်ကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားမရှိတော့ဘူးလို့ ကရင်သတင်းဌာနရဲ့ Karen Revolution at Crossroad စာတမ်းမှာ ဖော်ပြထားပါတယ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးမျိုး ရှိပါတယ်။ KNU ရဲ့ လက်အောက်ခံဖြစ်တဲ့ KNLA တပ်ဖွဲ့၊ DKBA တပ်ဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်အောက်ခံတပ်ဖွဲ့၊ တပ်မတော်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် စတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေအားလုံး တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲထားကြပါတယ်။

ကရင်လက်နက်ကိုင် တော်လှန်ရေးကို ၁၉၄၉ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ စတင်တာမို့ တော်လှန်ရေးသက်တမ်း (၇၁) နှစ် ရှိနေပါပြီ။ အခုတော့ အပစ်အခတ်ရပ်စဲထားတဲ့ သဘောရှိပေမယ့် ပစ်ခတ်တိုက်ခိုက်မှုကတော့ အနည်းနဲ့အများ ရှိနေဆဲပါပဲ။ အပစ်အခတ်ရပ်စဲထားတုန်း တပ်မတော်ဟာ တပ်စခန်းတိုးချဲ့အင်အားဖြည့်ပြီး ဆက်သွယ်ရေးလမ်းတွေ တည်ဆောက်တဲ့အတွက် KNU တပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒေသခံတွေ လွတ်လပ်စွာ ရောင်းဝယ်လာနိုင်ပါတယ်။ ကရင်တပ်ဖွဲ့အချို့ကတော့ တရုတ်ကုမ္ပဏီတွေ ဖိတ်ခေါ်ပြီး နယ်စပ်မှာ စီးပွားရေး လုပ်ကြပါတယ်။

အပစ်ရပ်ကာလအချိန် ကြာလာတာနဲ့အမျှ KNU ဒေသမှာ စီးပွားရေးလှုပ်ရှားမှုတွေ များလာတာမို့ ကျဆင်းလာတဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ပါ့မလားလို့ သံသယ ရှိလာကြပါတယ်။ ကရင်အုပ်စုအချင်းချင်း မညီမညွှတ်ဖြစ်လေ တပ်မတော်အဖို့ လုပ်လို့ကိုင်လို့ကောင်းလေ ဖြစ်နေပုံရပါတယ်။ ကရင်အုပ်စုအမျိုးမျိုးကို တယောက်တမျိုး ဆက်ဆံမှုကြောင့် KNU ခေါင်းဆောင်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်လို့ ကရင်သတင်းဌာနက သုံးသပ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတာတွေ ရောထွေးယှက်တင် ဖြစ်လာတာကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း တော်လှန်ရေး ရည်မှန်းချက်ကို မျက်ခြေမပြတ်ဖို့ လိုပါတယ်တဲ့။ အနှစ် (၇၀) ကျော် အတွေ့အကြုံကို သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။

၂၀၁၆ သြဂုတ်လ (၁၀) ရက်နေ့က ရန်ကုန်ယုဒသန်ခန်းမမှာ ကျင်းပတဲ့ ကရင်အာဇာနည်နေ့မှာ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း ပြောသွားတဲ့ စကားအချို့ကို ကရင်သတင်းဌာနက လွန်ခဲ့တဲ့ မေလ (၂၀) ရက်နေ့က ပြန်လည် ဖော်ပြပါတယ်။ ကရင်အမျိုးသားသမိုင်းအကြောင်းကို ပြောသွားတာပါ။

ကရင်လူမျိုးတွေဟာ ရှုပ်ရှုပ်ယှက်ယှက်ကိုမကြိုက်၊ အေးအေးချမ်းချမ်း နေလိုကြပါတယ်။ ဒါ့အပြင် ကရင်လူငယ်တွေဟာ စာမဖတ်ကြ၊ စာမရေးကြ၊ ဒါကြောင့်မို့ သမိုင်းနဲ့ ပတ်သက်လာရင် မှတ်တမ်းမှတ်ရာ မရှိကြဘူးလို့ ပဒိုစောသမိန်ထွန်းက မှတ်ချက်ချပါတယ်။ ရှုပ်ယှက်ခတ်လာတဲ့ အခြေအနေကို နိုးကြားထကြွစွာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြဿနာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းဟာ လူထုကို ရှင်းမပြနိုင်ခဲ့ဘူးလို့ ကရင်သတင်းဌာနက ဆိုပါတယ်။

အနှစ် (၇၀) ကျော်လာပြီးဖြစ်တဲ့ ကရင်တော်လှန်ရေးဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ကရင်သတင်းဌာနက မြင်ပါတယ်။ လမ်းချော်မသွားဘဲ ရှေ့ဆက်လက်ချီတတ်နိုင်ဖို့အတွက် အတွေးအမြင်သစ် စိတ်ဓါတ်သစ်နဲ့ ဦးတည်ချက်သစ်တွေ လိုအပ်နေပါတယ်။ တပ်မတော်မှာ KNU ကို အပြုတ်တိုက်နိုင်တဲ့ အင်အားရှိတယ်လို့ သုတေသီ Ashley South ကလည်း Burma’s Longest War စာတမ်းမှာ သုံးသပ်ထားပါတယ်။ လက်နက်အားကိုးလို့မရတဲ့ အခြေအနေဖြစ်လာလို့ ကရင်တော်လှန်ရေးရဲ့ ရန်သူဟာ တပ်မတော် မဟုတ်တော့ဘူးလို့ ပြောနိုင်မယ့်အလားအလာ ရှိလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဈေးကွက်စီးပွားရေး တောကြိုတောင်ကြားအထိ ရောက်ရှိလာတာဟာ ကရင်တော်လှန်ရေးကို တဖြည်းဖြည်းအမှည့်ကြွေအောင် လုပ်သလို ဖြစ်နေပုံရပါတယ်။ တော်လှန်ရေးစိတ်ဓါတ်ရှိတဲ့ ကရင်တွေ ရှိနေသေးသလို တော်လှန်ရေးနဲ့ ကင်းကွာသွားသူတွေလည်း များလာပါတယ်။ အချိန်ကြာလေ ကွဲပြားခြားနားမှုတွေ များလေလေ ဖြစ်နေပုံရပါတယ်။ အနှစ် (၇၀) ကျော်ကြာခဲ့တဲ့ ကရင်တော်လှန်ရေးဟာ လမ်းသစ်တီထွင်ရတော့မယ် အခြေအနေကို ရောက်ရှိလာပြီလို့ ယူဆရပါတယ်။

XS
SM
MD
LG