သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမည်" - ကမ္ဘာ့ဘဏ်


ရန်ကုန်မြို့ရှိ ဒညင်းကုန်းဟင်းသီးဟင်းရွက်ဈေးမှာတွေ့ရတဲ့ ဈေးရောင်း ဈေးဝယ်များ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ ဒညင်းကုန်းဟင်းသီးဟင်းရွက်ဈေးမှာတွေ့ရတဲ့ ဈေးရောင်း ဈေးဝယ်များ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ၊ ကုန်သွယ်ရေးနဲ့ ထောက်ပို့စနစ်မှာ အဟန့်အတားတွေ ကြုံနေရတာ၊ ကျပ်ငွေမတည်မငြိမ်ဖြစ်နေတာနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် စီးပွားရေး တိုးတက်မှုနှုန်း အနည်းအကျဉ်းလောက်သာ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လအထိ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ စီးပွားရေးဟာ ၁ ရာခိုင်နှုန်းကျော်လောက်သာ ရှိမယ်လို့ ပဋိပက္ခတွေကြားက စိန်ခေါ်မှုများလို့ အမည်ပေးထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်အစီရင်ခံစာမှာ ခန့်မှန်းထားတာပါ။

အောက်တိုဘာလကစ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက လူပေါင်း သန်းဝက်လောက် နေရပ်စွန့်ခွာခဲ့ရသလို၊ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကုန်းလမ်းကြောင်းတွေ၊ ထောက်ပို့စနစ်တွေမှာ ထိခိုက်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ နောက်ထပ် ကျယ်ပြန့်မလာရင်တောင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ စီးပွားရေး အခြေအနေတွေ ဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံမှာ အနာဂတ်အတွက် မရေရာမှုတွေလည်း တိုးလာနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒေသန္တရဆိုင်ရာ ဒါရိုက်တာ Mariam Sherman ကလည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

၂၀၁၉ ခုနှစ်က စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းထက် ၁၀ ရာခိုင်နှုန်းလောက် နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေကို ပြန်မရောက်နိုင်သေးတဲ့ အရှေ့အာရှ ဒေသက တခုတည်းသော နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG