သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ ၿဗိတိန္ခရီးစဥ္မွာ စစ္ေရးအကူအညီအတြက္ ေက်းဇူးတင္စကားဆို 


ယူကရိန္းသမၼတ Volodymyr Zelenskyy  က အဂၤလန္ကိုေရာက္ေနတဲ့ခရီးစဥ္အတြင္း လန္ဒန္မွာရွိတဲ့ ပါလီမန္လႊတ္ေတာ္ Westminster Hall မွာ မိန္႔ခြန္းေျပာၾကားစဥ္။ (ေဖေဖၚဝါရီလ ၈၊ ၂၀၂၃)

[[Zawgyi/Unicode]]

ယူကရိန္းသမၼတ Volodymyr Zelenskyy က ဗုဒၶဟူးေန႔မွာ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္ကိုသြားေရာက္ခဲ့ၿပီး ႐ုရွားရဲ႕တႏွစ္နီးပါးၾကာက်ဴးေက်ာ္စစ္နဲ႔ ရင္ဆိုင္ေနရတဲ့ယူကရိန္းကို ေထာက္ပံ့မႈအတြက္ ၿဗိတိန္ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သလိုပဲယူကရိန္းတို႔စစ္ပြဲ အဆုံးသတ္မွာအႏိုင္ရမယ္လို႔လည္း ခန႔္မွန္းလိုက္ပါတယ္။

လြတ္လပ္မႈကေအာင္ပြဲခံမွာျဖစ္ၿပီး ႐ုရွားတို႔ရႈံးနိမ့္သြားမယ္လို႔ သမၼတ Zelenskyy က ၿဗိတိန္လႊတ္ေတာ္မွာ ေျပာခဲ့ပါတယ္။ ဒီေအာင္ပြဲေၾကာင့္ ကမာၻႀကီး အေျပာင္းအလဲျဖစ္သြားမယ္၊ ကမာၻမွာ လိုအပ္ေနတာၾကာၿပီျဖစ္တဲ့ အေျပာင္းအလဲကို ေဖာ္ေဆာင္ႏိုင္မယ္၊ သက္တမ္းတေလွ်ာက္ အေရးႀကီးဆုံး ေအာင္ပြဲကိုဦးတည္ၿပီး ၿဗိတိန္ဟာ ယူကရိန္းနဲ႔အတူ ခ်ီတက္ေနပါတယ္လို႔ သမၼတ Zelenskyy က ေျပာပါတယ္။

ၿဗိတိန္ဘုရင္ Charles နဲ႔လည္း Budkingham နန္းေတာ္မွာ ေတြ႕ဆုံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ႐ုရွားတို႔က်ဴးေက်ာ္စစ္ေနာက္ပိုင္း ဒုတိယအႀကိမ္ ျပည္ပခရီးစဥ္အျဖစ္ ယူကရိန္းသမၼတက ၿဗိတိန္ကို သြားေရာက္တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကေတာ့ အေမရိကန္ျပည္ေထာင္စုကိုလာေရာက္ၿပီး အေမရိကန္သမၼတ Joe Biden နဲ႔ေတြ႔ဆုံသလို လႊတ္ေတာ္မွာလည္း မိန႔္ခြန္းေျပာခဲ့တာပါ။

ဗုဒၶဟူးေန႔ ေႏွာင္းပိုင္းမွာေတာ့ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတာ္မွာ ျပင္သစ္သမၼတ Emmanuel Macron ၊ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ Olaf Scholz တို႔နဲ႔လည္း ယူကရိန္း သမၼတ ေတြ႕ဆုံခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ ယူကရိန္းကို စစ္ဘက္ဆိုင္ရာ အႀကီးမားဆုံးေထာက္ပံ့ေနတဲ့ ႏိုင္ငံတခုျဖစ္ၿပီး ေဒၚလာ ၂.၅ ဘီလ်ံေက်ာ္ တန္ဖိုးရွိ လက္နက္နဲ႔ကိရိယာေတြ ေပးပို႔ေနတာျဖစ္ပါတယ္။ NATO စံႏႈန္း တိုက္ေလယာဥ္ေတြနဲ႔ ယူကရိန္းေလယာဥ္မႉးေတြကို ေလ့က်င့္ေပးမယ့္အေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Rishi Sunak က ေၾကညာၿပီးေနာက္မွာ ယူကရိန္းသမၼတ ၿဗိတိန္ကို ခရီးသြားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[Unicode]]

ယူကရိန်းသမ္မတ ဗြိတိန်ခရီးစဉ်မှာ စစ်ရေးအကူအညီအတွက် ကျေးဇူးတင်စကားဆို

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကိုသွားရောက်ခဲ့ပြီး ရုရှားရဲ့တနှစ်နီးပါးကြာကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ယူကရိန်းကို ထောက်ပံ့မှုအတွက် ဗြိတိန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလိုပဲယူကရိန်းတို့စစ်ပွဲ အဆုံးသတ်မှာအနိုင်ရမယ်လို့လည်း ခန့်မှန်းလိုက်ပါတယ်။

လွတ်လပ်မှုကအောင်ပွဲခံမှာဖြစ်ပြီး ရုရှားတို့ရှုံးနိမ့်သွားမယ်လို့ သမ္မတ Zelenskyy က ဗြိတိန်လွှတ်တော်မှာ ပြောခဲ့ပါတယ်။ ဒီအောင်ပွဲကြောင့် ကမ္ဘာကြီး အပြောင်းအလဲဖြစ်သွားမယ်၊ ကမ္ဘာမှာ လိုအပ်နေတာကြာပြီဖြစ်တဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်၊ သက်တမ်းတလျှောက် အရေးကြီးဆုံး အောင်ပွဲကိုဦးတည်ပြီး ဗြိတိန်ဟာ ယူကရိန်းနဲ့အတူ ချီတက်နေပါတယ်လို့ သမ္မတ Zelenskyy က ပြောပါတယ်။

ဗြိတိန်ဘုရင် Charles နဲ့လည်း Budkingham နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားတို့ကျူးကျော်စစ်နောက်ပိုင်း ဒုတိယအကြိမ် ပြည်ပခရီးစဉ်အဖြစ် ယူကရိန်းသမ္မတက ဗြိတိန်ကို သွားရောက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ အမေရိကန်ပြည်ထောင်စုကိုလာရောက်ပြီး အမေရိကန်သမ္မတ Joe Biden နဲ့တွေ့ဆုံသလို လွှတ်တော်မှာလည်း မိန့်ခွန်းပြောခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြင်သစ်သမ္မတ Emmanuel Macron ၊ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz တို့နဲ့လည်း ယူကရိန်း သမ္မတ တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကြီးမားဆုံးထောက်ပံ့နေတဲ့ နိုင်ငံတခုဖြစ်ပြီး ဒေါ်လာ ၂.၅ ဘီလျံကျော် တန်ဖိုးရှိ လက်နက်နဲ့ကိရိယာတွေ ပေးပို့နေတာဖြစ်ပါတယ်။ NATO စံနှုန်း တိုက်လေယာဉ်တွေနဲ့ ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ့်အကြောင်း ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak က ကြေညာပြီးနောက်မှာ ယူကရိန်းသမ္မတ ဗြိတိန်ကို ခရီးသွားတာဖြစ်ပါတယ်။

XS
SM
MD
LG