ထိုင်းတောင်ပိုင်းက ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း အပိတ်ခံရ

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်အတွင်းက ပိတ်သိမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားရာ မေတ္တာရိပ်စာသင်ကျောင်း။ (စက်တင်ဘာ ၇၊ ၂၀၂၄/ ဓာတ်ပုံ- CJ)

ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်တွင်းမှာ ရွှေ့ပြောင်း မြန်မာကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ မေတ္တာရိပ်မြန်မာစာသင်ကျောင်းလို့ခေါ်တဲ့ မြန်မာဘာသာ စကားသင်ကြားရေး စင်တာကို စူရတ် ခရိုင်တာဝန်ရှိသူတွေက စက်တင်ဘာလ ၄ ရက်နေ့က ပိတ်သိမ်းလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်တွင်းမှာ ရွှေ့ပြောင်း မြန်မာကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ မေတ္တာရိပ် မြန်မာစာသင်ကျောင်းလို့ခေါ်တဲ့ မြန်မာဘာသာ စကားသင်ကြားရေးစင်တာမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး မြန်မာဘာသာ နဲ့ထိုင်းဘာသာတွေကိုသင်ကြားပေးနေတာပါ။ ဒီကျောင်းကို ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ ညှိစွန်းကြောင်း အကြိမ်ကြိမ် သတိပေးထားပေမယ့် ကျောင်းကိုဆက်လက်ဖွင့်တဲ့အတွက် ပိတ်ပင်လိုက်တာဖြစ်ကြောင်း စူရတ်ဌာနခရိုင်အာဏာပိုင်တွေက သတင်းစာရှင်းလင်းပဲွလုပ်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမူဆောင်ညွန်ကြားရေးမူး ဦးထူးချစ်က အခုလိုပြောပါတယ်။

"အဓိက ထိုင်းပညာရေးဝန်ကြီးဌာနကပြောတာကတော့ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘူးဆိုတာနဲ့ ညှိစွန်းတယ်ပေါ့နော်။ အဲဒါကြောင့်ပိတ်ပင်တယ်ပေါ့နော်။ ဖြစ်တာကတော့ ကျနော်တို့လို အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမျိုးမရှိဘူး။ ကိုယ်ပိုင်ကျောင်းလိုမျိုး ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့်မို့ပေါ့။ သတင်းတွေမှာလည်း ရေးတာက သူဌေးကိုယ်တိုင်ကိုပြောတယ် ခနခန သွားပြောတယ် ကျောင်းပိတ်ဖို့ပြောတယ်။ စာရွက်စာတမ်းတွေကို ပေးဖို့ ဆိုတာ လာမပေးဘူးပေါ့နော်။ သူတို့က နားမထောင်ဘူး။ အဲဒီတော့ ဘန်ကောက်က ထိုင်း ပညာရေးဝန်ကြီးဌာန ကိုယ်တိုင် ဆင်းပြီး စစ်ပြီးပိတ်ခိုင်းတာပြီးတော့ မြန်မာနိုင်ငံတော် သီးချင်းတွေဆိုတာတွေလည်းပါတယ်"

SEE ALSO: တရားမဝင် ပြည်ပထွက်သူ မြန်မာလူငယ်တွေ တိုးလာနိုင်ကြောင်း အကဲခတ်တွေခန့်မှန်း

ကျောင်းတွေကို အခုလို ပိတ်ပင်တာတွေ မဖြစ်စေဖို့အတွက် ထိုင်းလူ့အခွင့်ရေးကော်မရှင်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမူတွေလည်းလုပ်ထားကြောင်း အခုလိုပိတ်လိုက်တဲ့အတွက် ကလေး ၁,၀၀၀ ကျော်အတွက် နစ်နာမူတွေရှိသလို စာမသင်ရတဲ့ကလေးတွေများလာရင် ထိုင်းလူ့အဖဲွ့အစည်းမှာလည်း ရာဇဝတ်မှု မူးယစ်ဆေးဝါးစတဲ့ ပြဿနာတွေကြုံရနိုင်တယ်လို့လည်းပြောပါတယ်။

"ရွှေ့ပြောင်းကျောင်းတွေဆိုတာက မိဘတွေ အလုပ်သွားချိန်မှာ သူတို့ အေးအေးချမ်းချမ်းနဲ့ အလုပ် လုပ်နိုင်အောင် ကလေးထိန်းပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြီးတော့ နောက်တခုက ကလေးတွေက ကလေးကြီးတွေ ဖြစ်တယ်။ အလုပ်လုပ်လို့ရတဲ့ အရွယ်တွေလည်း မဟုတ်ဘူး။ ထိုင်းဥပဒေက ၁၈ နှစ် မကျော်ဘဲ အလုပ် လုပ်ရင်လည်း ကလေး အလုပ်သမားတွေက ဖြစ်ဦးမယ်။ တချို့ကလေးကျတော့လည်း မူးယစ်ဆေးဝါးတွေ သုံးတာတွေ၊ လက်ဆော့ ခြေဆော့တာတွေကြောင့် ထိုင်း လူ့အဖွဲ့အစည်းအနေနဲ့ ပြဿနာ ဖြစ်ဦးမယ်။ ဒါကြောင့် ကျောင်းပိတ်တာကတော့ လူ့အဖွဲ့အစည်းကို ထိခိုက်စေပါတယ်။ ကျနော်တို့ လာပြီးနေရတဲ့ ထိုင်းလူ့အဖွဲ့အစည်းကိုလည်း တိုက်ရိုက် ဖြစ်စေ၊ သွယ္ဝိုက် ဖြစ်စေ ဖြစ်စေပါတယ်။

Your browser doesn’t support HTML5

မြန်မာလူငယ်တွေသွားတဲ့ ဘန်ကောက်က တနေရာ “နေရာပေါင်းစုံ အကြောင်းစုံ”

စက်တင်ဘာလ (၅) ရက်နေ့မှာတော့ ထိုင်းနိုင်ငံအလုပ်သမား ကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံး ဗဟိုအစည်းအဝေးခန်းမမှာ စူရတ်ဌာနီခရိုင် ဒုတိယ ခရိုင်ဝန် Mr. Sukon Noopakdee၊ ခရိုင်ပညာရေးမှူး Mr. Chokdee Satthakarn ၊ ဆူရတ်ဌာနီမြို့မရဲစခန်းက ဒုစခန်းမှူး ရဲမှူးကြီး Natchanon Kerdko၊ စူရတ်ဌာနီခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖဲွ့-ဝင်တွေ အမျိုးသားလုံခြုံရေးကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့တွေပါဝင်တဲ့အဖဲွ့ဟာပူးတဲွသတင်းစာရှင်းလင်းပဲွလုပ်ပြီးဘာကြောင့်ပိတ်လိုက်ရသလဲဆိုတာကိုတွေကိုရှင်းလင်းခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပဲွမှာတော့ ထိုင်အာဏာပိုင်များအနေနဲ့ ကျောင်းနဲ့မြေပိုင်ရှင် ထိုင်းလူမျိူးအပါအဝင် မြန်မာ ဆရာ၊ဆရာမ(၂၄) ဦး ထိုင်းဆရာ၊ ဆရာမ (၆) ဦးတို့ကို စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အလားတူး ကျောင်းပိတ်တာမျိုးတွေလည်း ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့ဘူးသလို ထိုင်းပညာရေးဝန်ကြီးဌာနကနေ ရွှေ့ပြောင်းစာသင်ကြားရေးစင်တာတွေကို ကလေးပညာရေးအရ ဖွင့်လှစ်ခွင့်ပေးထားတာတွေလည်းရှိနေပါတယ်။ ထိုင်းမြန်မာနယ်စပ် တာ့ခ် ခရိုင်ထဲမှာတော့ ရွေပြောင်းပညာသင်ကြားရေး စင်တာပေါင်း ၆၃ခုရှိပြီး ကလေးပေါင်း ၁၇,၀၀၀ ကျော်စာသင်ကြားနေပါတယ်။

Your browser doesn’t support HTML5

ထိုင်းတောင်ပိုင်းက ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း အပိတ်ခံရ