အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး လူနဲ့ ပထမဆုံး စမ်းသပ်နေပြီ

အိန္ဒိယနိုင်ငံ Pune မြို့က India's Serum Institute ဓာတ်ခွဲခန်းမှာ COVID-19 ဆေးအတွက် စမ်းသပ်နေတဲ့ ပညာရှင်တဦး။ (မေ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးတခုကို ပထမဆုံးအကြိမ်အဖြစ် လူနဲ့ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။

Covaxin ဆိုတဲ့ COVID-19 ကာကွယ်ဆေးကို သောကြာနေ့မှာ ပထမအကြိမ်အဖြစ် စထိုးပေးပြီး စမ်းသပ်ထားပြီလို့ နယူးဒေလီမြို့တော်က ဆေးပညာသင် ထိပ်တန်းဆေးရုံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံအင်စတီကျူ (AIIMS) က သောကြာနေ့မှာ ပြောပါတယ်။

SEE ALSO: COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း

ကမ္ဘာတဝန်းမှာ လူတွေနဲ့စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ဒါဇင်နီးပါးမှာ Covaxin လည်း တခုအပါအဝင် ဖြစ်ပါတယ်။ Covaxin ဆေးကို လူတွေနဲ့စမ်းသပ်ဖို့ အိန္ဒိယ ဆေးသုတေသနကောင်စီက ရွေးထားတဲ့ နေရာ ၁၂ ခုထဲမှာ AIIMS လည်း ပါဝင်ပါတယ်။

လက်ရှိ စမ်းသပ်နေတဲ့ ကာကွယ်ဆေးအမျိုးမျိုးထဲက စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေးမျိုး ရလာမယ်ဆိုရင် ဝယ်ယူဖို့အတွက် ကာကွယ်ဆေးစမ်းသပ်နေတဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကြားမှာ သဘောတူညီချက်တွေ ရယူထားကြပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ဒီကနေ့အထိဆိုရင် ၁.၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၅၇ ဦး အပါအဝင် သေဆုံးသူပေါင်းက ၃၁,၃၅၈ ဦး ရှိသွားပါပြီ။

SEE ALSO: ထိုင်းက ကိုယ်ပိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တော့မလား

အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ အတည်ပြု ထုတ်ပြန်ထားသူ အရေအတွက်ဟာ ရောဂါပိုးကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ ဘရာဇီးက ထုတ်ပြန်ထားတဲ့ သေဆုံးသူ အရေအတွက်ထက် အများကြီးနည်းပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ်က သုတေသနပြု ထုတ်ပြန်ထားတာအရ အမေရိကန်မှာ ကူးစက်သူ အရေအတွက် ၄.၁ သန်းကျော်၊ သေဆုံးသူက ၁၄၅,၀၀၀ ကျော် ရှိနေပါပြီ။ ဘရာဇီးမှာတော့ ကူးစက်သူ ၂.၂ သန်းကျော်၊ သေဆုံးသူ ၈၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး လူနဲ့ ပထမဆုံး စမ်းသပ်နေပြီ

--------------------------------

(Unicode)

အိန်ဒိယမှာ ကိုဗဈကာကှယျဆေး လူနဲ့ ပထမဆုံး စမျးသပျနပွေီ



SEE ALSO: ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ဆေးကုမ္ပဏီနှစ်ခုကို ဒေါ်လာ ၂ ဘီလီယံကျော် ကန် ထောက်ပံ့မည်





SEE ALSO: ကန် မှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်ပြီ
