ကျယ်ပြန့်လာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ မန္တလေးဆန္ဒပြပွဲ။

[ Zawgyi ]

စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ဖမ်းဆီးခဲ့တဲ့ နောက်တနေ့မှာပဲ အာဏာသိမ်းစစ်ကောင်စီ ရဲ့ အမိန့်အာဏာကို ဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေစတင်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ CDM လှုပ်ရှားမှုတွေနဲ့အတူ ရန်ကုန် မန္တလေး နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းမှာ လူထုက လမ်းပေါ်ထွက် ဆန္ဒပြလာခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး မြန်မာနိုင်ငံလေကြောင်းဌာနက ဝန်ထမ်းတွေပါ ဆန္ဒပြရာမှာ ပါဝင်လာတဲ့ နောက် လေကြောင်းဌာနက သူတို့ဌာနမှာ ဖေဖေါ်ဝါရီ ၈ ရက်ကစပြီး ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ အလုပ်မဆင်းပဲ နေခဲ့ကြတဲ့ အတွက် အခုဆို နိုင်ငံတကာ လေကြောင်းလိုင်းခရီးစဉ် တွေ နှောင့်နှေးမှု ဖြစ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းပဲ နေကြတာကြောင့် နိုင်ငံတွင်း ရထားခရီးစဉ် တချို့လည်း ရပ်ဆိုင်းသွားတာတွေ့ရပါတယ်။

မန္တလေးဆန္ဒပြပွဲ။


CDM လှုပ်ရှားမှုဟာ နိုင်ငံအနှ့ံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတာနဲ့အမ ျှ အခုဆို အာဏာသိမ်းစစ်ကောင်စီကနေ CDM လှုပ်ရှားသူတွေ အလုပ်ပြန်ဝင်ဖို့ တိုက်တွန်းနေရတဲ့ အထိ ဖြစ်လာတာကို ကြည့်ရင် ဒီလှုပ်ရှုားမှု အောင်မြင်နေတာ တွေ့ရတဲ့ အတွက် အရှိန်ပိုမြှင့်ပြီး ဆောင်ရွက်ကြဖို့ GSCC အထွေထွေ သပိတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု ဟာ အခု သီတင်းပတ်မှာ သိပ် အရေးကြီးလာပြီဖြစ်ကြောင်းနဲ့ ဒီလှုပ်ရှားမှု အားကောင်းပြီး အောင်မြင်မှုရဖို့ အခုတပတ်ဟာ အရေးကြီးဆုံးဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

ကျယ်ပြန့်လာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု

= = = = = =

[ Unicode ]






