(Zawgyi / Unicode)
နိုင်ငံတော်လုံခြုံရေးဥပေဒ ချိုးဖေါက်မှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတေးလျ နိုင်ငံသား Sean Turnell ကို ရန်ကုန်ကနေ နေပြည်တော်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ကို နိုင်ငံတော်တရားရုံးချုပ်ကနေ သဘောတူခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်းက အင်္ဂါနေ့တုန်းကပြောဆိုခဲ့ပါတယ်။
ဒီစွပ်စွဲချက်နဲ့ Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဝန်ကြီး ၃ ဦးနဲ့အတူ ပြီးခဲ့တဲ့မတ်လထဲက တရားစွဲဆိုခံထားရတာပါ။
နိုင်ငံတော်လုံခြုံရေးဥပဒေကို ဘယ်လိုချိုးဖေါက်တဲ့အတွက် ဖမ်းဆီးတရားစွဲဆိုထားတယ်ဆိုတာ အသေးစိတ် မသိရပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရုပ်မြင်သံကြားကနေတဆင့်ပြောကြားရာမှာတော့ နိုင်ငံတော်လျှို့ဝှက်ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေကို သိခွင့်ရနေခဲ့တဲ့အတွက်လို့ ပြောဆိုခဲ့ပါတယ်။
ဒီစွပ်စွဲချက်အတိုင်း အပြစ်ရှိကြောင်း ထင်ရှားပါက အများဆုံး ထောင်ဒါဏ် ၁၄ နှစ်အထိကျခံရနိုင်ပါတယ်။ စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် သြတေးလျ နိုင်ငံသား Sean Turnell ကိုရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာချုပ်နှောင်ထားပါတယ်။
Your browser doesn’t support HTML5
စီးပွားရေးအကြံပေး Sean Turnell အမှု နေပြည်တော်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးမည်
(Unicode)