သမ္မတ Trump အပေါ် တရားစွဲဆိုရေးစုံစမ်းမှု လွှတ်တော်ကြားနာပွဲ ဗုဒ္ဓဟူးနေ့ စမည်

သမ္မတ Trump

(Zawgyi/Unicode)

အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး အများပြည်သူရှေ့မှောက် လွှတ်တော် ကြားနာမှုတွေကို ဗုဒ္ဓဟူးနေ့ စတင်ဖို့ ရှိနေချိန်မှာဘဲ သမ္မတကို ထောက်ခံကြတဲ့ ရီပတ်ပလီကန်တွေ ကတော့ သူ့ကို ကာကွယ်ဖို့ တက်တက်ကြွကြွ ပြင်ဆင်နေကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းနှစ်ဦး ဖြစ်တဲ့ လက်ရှိ ယူကရိန်းဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် William Taylor နဲ့ ယူကရိန်းနဲ့ ဆက်ဆံရေးကို ကြီးကြပ်ရသူ George Kent တို့ကို နာရီနဲ့ချီ ကြားနာမှာ ဖြစ်ပြီး သမ္မတ Trump အစိုးရ အဖွဲ့ တာဝန်ရှိသူတွေလည်း ဒီအတွက် ပြင်ဆင်နေကြပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ချေမှုန်းတဲ့ နေရာမှာ ယူကရိန်းဘက်က ကူညီဖို့ လိုလားတဲ့ ဒေါ်လာ ၃၉၁ သန်း စစ်ရေး အထောက်အပံ့ကို အမေရိကန်ဘက်က မပေးခင်မှာ ယူကရိန်း အနေနဲ့ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Trump ရဲ့ အဓိက ပြိုင်ဘက် တဦး ဖြစ်လာမယ့် ဒုတိယ သမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးရေး လုပ်ဖို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy ကို သမ္မတ Trump က ဖိအားပေးခဲ့တယ်လို့ ဒီ ပုဂ္ဂိုလ် နှစ်ဦးစလုံးက ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ရီပတ်ပလီကန် ပါတီ အဖွဲ့ဝင်တွေကြား တနလာၤနေ့ညနဲ့ အင်္ဂါနေ့မှာ ဖြန့်ဝေထားတဲ့ စာထဲမှာတော့ လွှတ်တော် ရှေ့မှောက် ကြားနာခံမယ့် ပုဂ္ဂိုလ် နှစ်ဦးကို ချက်ကျ လက်ချ မေးခွန်းတွေ မေးဖို့ ရီပတ်ပလီကန်တွေ ပြင်ဆင်နေပါတယ်။ သမ္မတ Trump ဘက်က ယူကရိန်းနဲ့ ညှိနှိုင်းနေတဲ့ ရည်ရွယ်ချက်ကို နားလည်ရဲ့လား ဆိုတာကို မေးမြန်းဖို့ ရှိသလိုဘဲ ယူကရိန်းမှာ အဂတိလိုက်စားမှု အပေါ် သမ္မတ Trump က သံသယ ရှိနေတာကြောင့် ယူကရိန်းကို ပေးမယ့် အကူအညီ ဆိုင်းငံ့တာဟာ အပြည့်အ၀ ကြောင်းကျိုးဆီလျော်တယ် ဆိုပြီး ခုခံဖို့လည်း စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump အပေါ် တရားစွဲဆိုရေးစုံစမ်းမှု လွှတ်တော်ကြားနာပွဲ ဗုဒ္ဓဟူးနေ့ စမည်


................

သမ်မတ Trump အပေါျ တရားစှဲဆိုရေးစုံစမျးမှု လူထုကွားနာပှဲ ဗုဒ်ဓဟူးနေ့ စမညျ

(Unicode)


