(Zawgyi/Unicode)
မနှစ်ကနှစ်ကုန်ပိုင်းမှာ သမ္မတထရမ့်အစိုးရအဖွဲ့ချမှတ်ထားတဲ့ အတိုင်း အမေရိကန်တပ်သားတွေ အီရတ်မှာချထားမှုကို ၂၅၀၀ အထိ လေ ျှာ့ချတော့မှာ ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller က သောကြာနေ့မှာ ပြောပါတယ်။
အခုလို အမေရိကန်တပ်သား အရေတွက် လျှော့ချတာဟာ အီရတ်လုံခြုံရေးတပ်တွေရဲ့ စွမ်းဆောင်နိုင်ရည် တိုးလာတဲ့အပေါ်မူတည် လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန်မှာ အစိုးရသစ်တက်လာဖို့ ၅ ရက်အလိုမှာ Miller ကကြေညာချက် ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။
SEE ALSO: အီရတ်က အမေရိကန်နိုင်ငံသားတွေအားလုံး အမြန်ဆုံးထွက်ခွာကြဖို့ ကန်သံရုံးကြေညာချက် ထုတ်
အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို အခုအခါမှာ အီရတ်တပ်တွေ ကိုင်တွယ်လာနိုင်စွမ်း ရှိနေပြီဖြစ်တဲ့ အတွက် ဒီအဖွဲ့ကိုခြေမှုန်းရေးမှာ အကူညီပေးဖို့ ကာလတာရှည်ချထားခဲ့တဲ့ အမေရိကန်တပ်သား အရေတွက်ကို လျှော့ချရမှာ ဖြစ်ကြောင်းနဲ့ ဒီလို လျှော့ချတာဟာ အခြေနေတိုးတက်မှု တကယ်ရှိနေတာရဲ့ ပြယုဂ် ဖြစ်ကြောင်း ပြောပါတယ်။
အခုလို အီရတ်မှာထားတဲ့ တပ်သားအရေအတွက် လေ ျှာ့ချတာဟာ အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲသွားတာ မဟုတ်ပဲ တိုက်ခိုက်ရေးတပ်သား အရေအတွက် လေ ျှာ့ချဖို့ လုပ်ထားတဲ့အစီစဉ် အတိုင်း လုပ်တာသာဖြစ်ကြောင်းနဲ့ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုရှိနေဆဲပဲ ဆိုတာနဲ့ မဟာမိတ်တပ်တွေအီရတ်မှာ ဆက်ရှိနေဖို့ အရေးကြီးတယ် ဆိုတာကို အီရတ်ရော အမေရိကန်အစိုးရကပါ သဘောတူလက်ခံထားတယ် လို့လည်း ပြောပါတယ်။ အီရတ်မှာ အကြမ်းဖက်နှိမ်နင်းရေး အတွက် အမေရိကန်က လေကြောင်းနဲ့ ထောက်လှမ်းရေးဆိုင်ရာ အကူညီတွေ ဆက်ပေးဖို့ရှိကြောင်းလည်း ယာယီဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် အာဖဂန်နစ်စတန်နိုင်ငံမှာလည်း တပ်သား ၂၅၀၀ ကျော် လေ ျှာ့ချဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း သောကြာနေ့မှာပဲ ယာယီကာကွယ်ရေးဝန်ကြီး Miller ကကြေညာခဲ့တာပါ။
Your browser doesn’t support HTML5
..............
(Unicode)
SEE ALSO: ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့တွေ ခေါင်းပြန်ထောင်လာနေ