ခပ်ငယ်ငယ်အရွယ်ကတည်းက ဧရင့်ကျုးတဲ့ ကျောက်ပန်းတောင်သူ စကားဝါမြေဥမ္မာခင်က ပျံလွန်တော်မူတဲ့ ဘုန်းတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို ဖော်ကျူးရင်း ပါဌိစာသားတွေပါသီဆိုရ၊ တပြိုင်နက်တည်းမှာ သရုပ်ဆောင်ဖျော်ဖြေရတဲ့ သူ့ရဲ့ အလုပ်ကို အင်မတန်မှ တန်ဖိုးထားပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ပြထားပါတယ်။
မေလ ၂၉ရက်နေ့တုန်းက ရခိုင်ကမ်းရိုးတန်းကနေတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းကြောင့် လူ လေးဦးထက်မနည်း သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။
ဘုရားဈေးမှာတွေ့လို့ စိတ်ကူးလေးရပြီး ဘူးသီးခြောက်တွေကို ပန်းချီဆွဲအနုပညာမြောက်အရုပ်လေးတွေ ဖန်တီးသူကတော့ မန္တလေးက ပန်းချီဆရာမလေး သီရိနန္ဒာရွှေဝါဘုန်း ဖြစ်ပါတယ်။ ဘဝရပ်တည်မှုကို အလေးပေးရတာကြောင့် လူငယ်တွေအနုပညာကို ဇောက်ချမလုပ်နိုင်ဘူးလို့ပြောတာကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အရင်အချိန်တွေကထက် ပိုမိုးဆိုးရွားတဲ့ အခြေအနေဖြစ်လာတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့တွေက ထောက်ပြကြသလို ပြည်တွင်း သတင်းစာ ဆရာတွေအနေနဲ့ သတင်းလွတ်လပ်ခွင့် ပိုမိုရရှိဖို့ တောင်းဆိုနေကြတာပါ-မြန်မာနိုင်ငံမှာ သတင်းရယူခွင့် အပိုင်းမှာ အဟန့်အတားဖြစ်နေတာတွေကို ဖယ်ရှားနိုင်မှ မြန်မာ့ သတင်းမီဒီယာ တိုးတက်မှု ရှိလာမယ်လို့ မြန်မာသတင်းစာ ဆရာတွေက ထောက်ပြပါတယ်။
အရသာချိုမြတဲ့ထန်းလျှက်ရဖို့ ထန်းပင်တက် ထန်းသီးခူးရတဲ့ ထန်းလျှက်တောင်သူတွေကတော့ ရဲ့ မိသားစု စားဝတ်နေရေးအတွက် နိစ္စဒူဝ အသက်နဲ့ရင်းပီး လုပ်ကိုင်စားသောက်ကြရတာပါ။ အညာဒေသ ကျောက်ပန်းတောင်းက ထန်းတက်တောင်သူ ကိုမောင်ဝင်း မိသားစုရဲ့ ဘဝကို ဒီတပတ် သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ပြထားပါတယ်။
မိသားစုလူတန်းစေ့နေထိုင်ဖို့ ဘဝမျိုးစုံနဲ့ကျင်လည်နေကြသူတွေထဲမှာတော့ ကျောက်တူးသမားတွေရဲ့ ဘဝဟာ ပင်ပန်း ကြမ်းတမ်းယုံတင်မကပဲ အသက်နဲ့ပါရင်းပြီး လုပ်ကိုင်စားသောက်ကြရတာပါ။ ကျောက်တွင်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့ မိုးကုတ်တွင်းသား ကိုလှဝေရဲ့ပြောပြတဲ့ သူ့အကြောင်းကို ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။
ရန်ကုန် သင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ်မဏ္ဍပ်တွေကို ရန်ကုန်တိုင်းအစိုးရက အခုနှစ်မှာ ပြန်ဆောက်ခွင့် ပြုလိုက်တာမှာ အရေအတွက်အားဖြင့် အရင်နှစ်တွေကထက် ပိုများလာပါတယ်။ နှစ်စဉ် အရှုံးအမြတ်တွက်ပြီး စီးပွားဖြစ် လုပ်ဆောင်ကြတဲ့ သင်္ကြန်မဏ္ဍပ်တွေအကြောင်း ကိုကောင်းစံဟိန်းက စုစည်း တင်ပြပေးထားပါတယ်။
တောင်ငုူလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ F-7 လေယာဉ်ဟာ ဒီနေ့မနက်မှာဘဲ စက်ချို့ယွင်းပြီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ တပ်မတောာ်ဆေးရုံကို ပို့ဆောင်စဉ်မှာဘဲ အသက် ဆုံးရှုံးသွားတယ်လို့ တပ်မေတာာ် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုန်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွက် အခွန်ဥပဒေသစ်ကို အခွန်သက်သာခွင့် ပြင်ဆင်ချက်တွေ မပါတော့ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက အခွန်သက်သာခွင့်ပေးဖို့ မကြာသေးခင်ကပဲ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ လွှတ်တော်က အခွန်လျှော့ပေါ့ရေး အစီအစဉ်တွေ မပါဘဲ ၂၀၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေကို အတည်ပြုလိုက်တာပါ။
မိသားစုအတွက် ဟင်းချက်ရာကနေ မမျှော်လင့်ပဲ ကမ္ဘာ့အဆင့်မီဟင်းချက်ပြိုင်ပွဲတွေအထိပါ ရောက်သွားခဲ့၊ ဆုတွေလည်းရခဲ့ပါတယ်ဆိုတဲ့ မဝတ်ရည်က သူငယ်ချင်းတွေကို ဟင်းချက်နည်းလေးတွေ ပေးရာကနေ အခုလို အများသိတဲ့အထိပါ ရောက်ရတာပါလို့ ပြောပါတယ်။ မဝတ်ရည်ပြောပြတဲ့ သူ့အကြောင်းကို ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုအမှုကို ကြားနာ စစ်ဆေးရာမှာတော့ ပြန်ခေါ်သက်သေတွေကို ခေါ်ယူ စစ်ဆေးတဲ့အထဲ ရဲမှူးတင်မောင်ဆွေရဲ့ထွက်ဆိုချက်က သံသရ ဖြစ်ဖွယ်ရာတွေ ရှိခဲ့တယ်လို့ တရားလို ရှေ့နေဦးနေလက ဗွီအိုအေကိုပြောပါတယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုအမှုကို ဒီကနေ့ ကြားနာ စစ်ဆေးရာမှာ တရားခံ ရှေ့နေဖက်က လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းဟာ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် နဲ့ဇေယျာဖြိုးတို့က စေခိုင်းတာမျိုး မဟုတ်ဖူးဆိုတဲ့ အခြေအနေ တစ်ခုရောက်အောင် ဆွဲခေါ်တဲ့ မေးခွန်းမျိုးတွေနဲ့ အမှုလမ်းကြောင်းပြောင်း ဆောင်ရွက်လာတယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။
ကိုယ်ခံပညာစုံသုံးနိုင်တဲ့ MMA လက်ဝှေ့ပြိုင်ပွဲမှာ အရှုံးတွေအများကြီးနဲ့ကြုံရပေမဲ့ အားမလျော့ပဲ ဆက်ကြိုးစားလို့ နောက်ပိုင်းအောင်မြင်လာသူကတော့ မြန်မာပရိသတ်တွေအားပေးတဲ့ ရွှေခါးပတ်နှစ်ခုဆုရှင် ကချင်တိုင်းရင်းသား အောင်လ အန်ဆန်ပဲဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းနဲ့ သံသယရှိသူ ၃ ဦးထဲက အောင်ဝင်းထွန်းကို ကျပ် သိန်း ၅၀၀တန် ခံဝန်ကတိနဲ့ အာမခံပေးလိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂၃ မှာကျင်းပမယ့် စိန်ခေါ်ယှဉ်ပြိုင်ပွဲမှာ Middleweight တန်း ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံက ဟဲဗီးဝိတ်တန်း ချန်ပီယံ Alexandre Machado နဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကပေးလိုက်တဲ့ ဒုက္ခသည်စာရင်း ၈,၀၀၀ ကို မြန်မာအစိုးအနေနဲ့ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီး မကြာခင်အချိန်အတွင်း ပြန်လည်လက်ခံမှုတွေ စတင်နိုင်တော့မှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဖြေကြားခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ဝါးပင်ကနေ မြန်မာဆန်ပြီး လှပတဲ့ တိုင်ကပ်နာရီတွေ ဖန်တီးထုတ်လုပ်နေသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့က ကိုသန်းနိုင်အေး ဖြစ်ပါတယ်။ ကောင်းစံဟိန်းက သူ့အကြောင်းအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီနေ့ တရုတ် နှစ်သစ်ကူးပွဲတော်တွေ စည်စည်ကားကား ကျင်းပနေပြီး ဒါဟာ မြန်မာနိုင်ငံမှာ နေထိုင်သူတွေကြား လူမျိုးဘာသာ ခွဲခြားမှု မရှိဘူးဆိုတာ သက်သေပြလိုက်တာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ VOA သတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ဟာ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃နှစ် ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့နဲ့ ဗိုလ်ချုပ် အကြောင်းကို မြန်မာ လူငယ်တွေအကြား ဘယ်လောက် သိရှိထားကြပါလဲ ဆိုတာကို ကိုကောင်းစံဟိန်းက စုစည်း တင်ပြပေးထားပါတယ်။
အွန်လိုင်း နည်းပညာတွေနဲ့ အသုံးပြုထားတဲ့ ပညာရေး သင်ထောက်ကူ Application တွေကို 360ED ဆိုတဲ့ company ကနေ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စနေနေ့က စတင် မိတ်ဆက် လိုက်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုကောင်းစံဟိန်းက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်