NLD ပါတီရဲ့ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း နဲ့ သံသယရှိသူ ၃ ဦးတို့ကို ဒီကနေ့မနက်မှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်လိုက်ပါပြီ။ ရှေ့နေ ဦးကိုနီသေဆုံးခဲ့တာ ၁နှစ်ကျော် ကြာလာတဲ့အချိန်မှာ ဒီအမှုနဲ့ ပက်သက်ပြီး စွဲချက်တင် လိုက်တာလည်း ဖြစ်ပါတယ်။
ရှေ့နေ ဦးကိုနီကို လုပ်ကြံသူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း နဲ့ သံသယရှိသူ ၃ ဦးတို့ကို ဒီကနေ့မနက်မှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်လိုက်ပါပြီ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ VOA သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
ကွန်ပြူတာကျွမ်းကျင်သူ ကိုငွေထွန်းဟာ ခရီးတခုအသွား ကော်ဖီတခွက်မှာသောက်ရာကနေ ပေါ်လာတဲ့အတွေးတစကြောင့် အခုတော့ သူက ကော်ဖီကို ကိုယ်တိုင်စိုက် ကော်ဖီမှုန့် ကိုယ်တိုင် ကျိတ်ပြီး နိုင်ငံတကာဈေးကွက်ရောက်အောင် ကြိုးပမ်းနေသူ ဖြစ်နေပါပြီ။ ဒီတပတ် သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ပေးထားပါတယ်။
နိုင်ငံတကာမှာ မြန်မာကော်ဖီဈေးကွက်ချဲ့ထွင်နိုင်ဖို့နဲ့ အရည်အသွေးမီကော်ဖီ ထုတ်နိုင်ဖို့ နိုင်ငံတော်အစိုးရဘက်က အကူအညီတွေ မရတဲ့အတွက် အခက်အခဲတွေ ရှိနေသေးကြောင်း ကော်ဖီစိုက်တောင်သူတွေက VOA ကိုပြောပါတယ်။ ရှမ်းပြည်နယ်၊ ရွာငံဒေသမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာဘဲ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေး(၂၅)နှစ်မြောက်အစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒီကနေ့ နေ့လည်က ပဲထွက်ခွာသွားပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ ဇန်နဝါရီလ ၂၃ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်ပို့ဖို့ သဘောတူညီမှုရရှိထားပေမယ့်လည်း ပြန်ပို့ရေးအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံခြားရေးဌာန အရာရှိကတော့ ဒီကိစ္စကို အတည်ပြုဖို့ငြင်းဆိုပါတယ်။
ကလေးငယ်တယောက် လူ့လောကထဲရောက်လာဖို့ မိခင်လောင်းတွေခက်ခက်ခဲခဲ စောင့်ရှောက်ရတာမို့ ဒီကာလမှာ သူတို့ကို ပံ့ပိုးပေးမယ့် အသိုင်းအဝိုင်းကောင်းကောင်းတခု လိုအပ်တာပါ။ မိခင်လောင်းတွေကိုစောင့်ရှောက်ပေးနေတဲ့ မြင့်မိုရ်မေတ္တာခိုနားရာဂေဟာက ဒေါက်တာ မြတ်စန္ဒာသန့်အကြောင်း ကိုကောင်းစံဟိန်း ရိုက်ကူးတင်ပြထားပါတယ်။
လူငယ်ကျောင်းသားဘဝကတည်းက မျက်လုံးတဖက်ဆုံးရှုံးပြီး ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်းဖြတ်သန်းခဲ့ရပေမယ့်လည်း အခုအခါမှာတော့ နိုင်ငံပြင်ပအထိ ထင်ပေါ်ကျော်ကြားတဲ့ နက္ခတ္တဗေဒပညာရှင်ဖြစ်အောင် ဆရာစံဇာဏီဘို ကြိုးစားခဲ့ပါတယ်။ အတတ်အကျတွေနဲ့ စံဇာဏီဘိုဘဝအကြောင်းကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်
အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရာသီပေါ်သီးနှံတွေ၊ စိုက်ပျိုးလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။
၂၀၁၈ခုနှစ်မှာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးအားလျော့နည်းလာနိုင်တယ်လို့ နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုက ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်သူတွေအနေနဲ့ ဦးဆောင်သူ ခေါင်းဆောင်ရဲ့နောက်ကိုသာ လိုက်နာကျင့်သုံးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လာကြမယ့် ဒုက္ခသည်တွေကို လက်ခံဖို့ အစိုးရက ပြင်ဆင်ဆောင်ရွက်နေတာကို နိုင်ငံတကာအပါအဝင် ပြည်တွင်းကလေ့လာစောင့်ကြည့် သူတွေ ထင်သာမြင်သာသိရှိစေဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
“ခိုးဝင်နိုင်တဲ့သူ နောက်ထပ် ဘင်္ဂလားဒေ့ရှ်ကလူတွေလာရောရင် သူတို့က အသားအရောင်လည်းတူတယ်၊ စကားပြောတာလည်းတူတယ်၊ ယဉ်ကျေးမှုကလည်းတူတယ်။ လာရောရင် ကျနော်တို့က ရှာဖွေတွေ့ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ဓါတ်ပုံနဲ့ မှတ်တမ်းတင်ထားတာဗျ။”
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူညီချက်များအရ ဇန်နဝါရီလ တတိယအပတ်မှာ စတင်လက်ခံသွားမယ်လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်ပါတယ်။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ လည်း ဒုက္ခသည်တွေပြန်လက်ခံတဲ့အခါမှာ တရားဝင်ကောက်ယူထားတဲ့ အိမ်ထောင်စုစာရင်းအရ၊ သေချာစိစစ်ပီးလက်ခံသွားမယ်လို့ ပြောပါတယ်။
ရိုက်တာသတင်းဌာနက သတင်းထောက်၂ဦးအဖမ်းရပြီး တပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရရှိသေးတာ၊ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မပေးတာဟာ လူ့အခွင့်အရေး ၊ နိုင်ငံသား အခွင့်အရေးတွေကိုချိုးဖောက်ခံနေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက် ရအိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ သိန်းဂဏန်းရှိ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြား ရခိုင်ဒေသခံတွေ နေရပ်ရင်းပြန်ပြီး အခြေချနေထိုင်နိုင်အောင်လို့။ နိုင်ငံတော်အစီအစဉ်နဲ့ဆောင်ရွက်နေတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် တိုင်းနဲ့ပြည်နယ် ခြောက်ခုက ဝန်ကြီးချုပ်တွေ ရခိုင်ပြည်ကို လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ အမေရိကန် ပြန်ကြားရေးဌာနအဖြစ် စဖွင့်လှစ်ခဲ့တဲ့ အမေရိကန်စင်တာဟာ တော်ဝင်လမ်းကနေ သံရုံးရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို ပြောင်းရွှေ့ဖွင့်လှစ်တော့မှာပါ။ အမေရိကန်စင်တာမှာ လူငယ်တွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရှာဖွေနိုင်ပါလဲ။ ကိုကောင်စံဟိန်း တင်ပြထားပါတယ်။
ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းကလေး၂ ဦး ညှင်းပန်းနှိပ်စက်ခံရတဲ့အမှုအတွက် ဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်ထက်မနည်း ချမှတ်လိုက်ပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ အပြစ်ရှိသူ ၄ ယောက်ကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၆ နှစ်အထိချမှတ်ခဲ့ပြီး။ ၂ ယောက်ကတော့ ကွင်းလုံးကြွတ်လွတ်သွားခဲ့ပါတယ်။
မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်၂ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားတဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးအနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်သံရုံးကပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။သတင်းသမားတွေအပေါ် အခုလို ဥပဒေပုဒ်မျိုးနဲ့ ဖမ်းဆီးအရေးယူတာဟာ မဆီလျော်ဖူးလို့လည်း သတင်းစာဆရာတွေက ဝေဖန်နေကြပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးသူများကို ပြန်လည်လက်ခံစိစစ်ဖို့ ဝန်ကြီးဌာနသုံးခုနဲ့ ရခိုင်အစိုးရအဖွဲ့တို့ပူးပေါင်းပါဝင်တဲ့ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လာမယ့် ဒုက္ခသည်တွေပြန်လာတဲ့အခါ စိစစ်လက်ခံဖို့အတွက် စိစစ်ရေးအဖွဲ့ ဖွဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောပါတယ်။
ရှေးဟောင်း ဘုရား စေတီတွေရှိတဲ့ ပုဂံမြို့နဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ အန်ကောဝပ်ဘုရားကျောင်းကြီးရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့တို့ကို တိုက်ရိုက်လေကြောင်းခရီးစဉ်ပြေးဆွဲဖို့ အပါအဝင် ၂ နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်စေမယ့် အစီအစဉ်တွေကို မြန်မာနဲ့ ကမ္ဘောဒီယားကြားမှာ သဘောတူလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်