OIC လို့ခေါ်တဲ့အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ကကိုယ်စားလှည်တချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမူဆလင် ဒုက္ခသည်စခန်းတွေကို ဇန်နဝါရီလ ၄ရက်နေ့တုန်းက လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့အဖွဲ့က ရိုဟင်ဂျာတွေရဲ့အခြေအနေ တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ထုတ်ပြန်ဖို့လည်းရှိနေပါတယ်။
VOA to Asia ဌာနရဲ့ အပါတ်စဉ်စီးပွါးရေးကဏ္ဍမှာ Petcoke လို့ခေါ်တဲ့ ရေနံထွက်မီးသွေးတင်သွင်းခွန်တွေကို အိန္ဒိယက တိုးမြှင့်လိုက်တဲ့အကြောင်းနဲ့ တရုတ်နိုင်ငံမြို့တော် ဘေကျင်း တဝိုက်က သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံချက်တခုအကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
VOA to Asia ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာ တရုတ်ပန်းချီဆရာရဲ့လက်ရာတွေကို ဒေါ်လာသန်းရာကျော်ပေးပြီးလေလံဆွဲခဲ့တဲ့ အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာ ပင်လယ်ရေအောက် လှိုဏ်ခေါင်းတူးပြီး ကျည်ဆံရထားပြေးဆွဲဖို့စီစဉ်နေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်က တင်ပြပေးမှာပါ။
ဒုက္ခသည်တွေနဲ့ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အဖြစ်က ကမ္ဘာမှာအားအနည်းဆုံးနဲ့ ကူညီမှုတွေအလိုအပ်ဆုံးကိစ္စ ရပ်တွေပဲလို့ ၂၀၁၈ခု နှစ်သစ်ကူးဟောကြားချက်ထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဓိကထားထည့်သွင်းဟောကြားခဲ့ ပါတယ်။
သမ္မတ Trump ဟာ သူသမ္မတမဖြစ်ခင်တုန်းကတော့ နိုင်ငံခြားမှာတိုက်နေကြတဲ့ အမေရိကန်စစ်ပွဲတွေကို ဆန့်ကျင်ခဲ့ပြီး နိုင်ငံခြားစစ်ပွဲတွေအတွက် ကုန်ကျမှုတွေက အလဟသဖြစ်နေတဲ့အတွက် ဒီကုန်ကျမှုတွေကို ပြည်တွင်းမှာသုံးတာ ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ Bill Galloရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ သားရေ ရှူးဖိနပ်ချုပ်တဲ့ လုပ်ငန်းတွေဂျပန်မှာ တော်တော်စီးပွားဖြစ်နေတဲ့ အကြောင်းနဲ့ အိန္ဒိယမှာတော့ ဒိုဘီလို့ခေါ်တဲ့ အဝတ်လျှော်လုပ်ငန်းတွေ သိသိသာသာ ကျဆင်းလာနေတဲ့ အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
မြန်မာနိုင်ငံကိုအရေးယူဒဏ်ခတ်မှုတွေလုပ်ဆောင် ဖို့အမေရိကန်ပြည်ထောင်စုဘက်က စုံစမ်းစစ်ဆေးတာတွေကိုဆက်ပြီး လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonက ပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ ကျဆင်းနှေးကွေးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ပြန်ပြီး တိုးတက်လာနေတယ်ဆိုတဲ့အကြောင်းနဲ့ အင်ဒိုနီးရှား ဘာလီကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့လို့ စီးပွါးရေးလုပ်ငန်း ထိခိုက်နစ်နာနေတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
ရိုဟင်ဂျာမူဆလင် အမျိုးသမီးတွေကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အများအပြား ကျူးလွန်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် တဦးက ပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွားရေးကဏ္ဍမှာ လောင်စာသုံးစွဲမှုလျှော့ချနေတဲ့ တရုတ်နိုင်ငံမှာ စားသုံးဆီက ထုတ်လုပ်တဲ့လောင်စာနဲ့ လေယာဉ်မောင်းတာ အောင်မြင်နေတဲ့အကြောင်း၊ ကျည်ဆံရထားလိုင်းအသစ်ပြေးဆွဲမှုက ရထားစီးချိန် ၁၃နာရီလောက်လျှော့သွားစေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်နဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မနေ့တုန်းက အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်နဲ့တခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီမှာ ဒီကနေ့အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ရှိပါတယ်။ မနေ့တုန်းကတော့ အထူးအစည်းအဝေးခေါ်ယူ ရတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတာတွေကို ဒီအစည်းအဝေးခေါ်ယူဖို့အဆို တင်သွင်းကြတဲ့နိုင်ငံတွေက ရှင်းပြခဲ့ကြပါတယ်။
ထိုင်ဝမ်ကိုထောက်ခံခဲ့တဲ့ ပနားမားနိုင်ငံက အခုအခါမှာ တရုတ်ကို ဘက်ပြောင်းထောက်ခံလိုက်ပြီး စီးပွါးရေး တိုးမြင့်လုပ်ဆောင်ဖို့စီစဉ်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံက တိဘက် လူမျိုးတွေရဲ့ဈေးတခုကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
“ ကက်သလစ်ဘာသာ ယုံကြည်သူများသာ မကဘဲ တခြားသော ကျနော်တို့ ဓမ္မမိတ်ဆွေ ညီအကိုတွေလည်း သူတို့မှာလည်း ပြောင်းလဲမှုတွေ အများကြီး ရှိသွားမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးကို ဖူးမြော်ရခြင်းကိုက Father တို့က ဝမ်းသာ မျက်ရည်ကျတယ်ဗျာ။
ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံကို ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ပထမဆုံး အကြိမ်ရောက်လာတဲ့အချိန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးခိုလှုံနေတဲ့အချိန်မှာရောက်လာခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ Black Friday လို့ခေါ်တဲ့ အထူးဈေးလျှော့ရောင်းတဲ့နေ့ဟာ ရောင်းသူရောဝယ်သူရော အထူး စိတ်ဝင်စားတဲ့နေ့ဖြစ်ပါတယ် ရောင်းတဲ့သူ ဘက်ကလည်း ဝယ်မယ့်သူတွေ အုံနဲ့ကျင်းနဲ့ဝယ်အောင် ဈေးကစား ပြီး အမြတ်ထွက်အောင် ကြိုးစားတဲ့နေ့ဖြစ်သလို၊ ဝယ်တဲ့သူတွေဘက်ကလည်း ဈေးလျှော့တဲ့ပစ္စည်းတွေကို အမိအရ ဝယ်နိုင်အောင် ကြိုးပမ်းကြတဲ့နေ့လည်းဖြစ်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ အမေရိကန်မပါပဲ ရှေ့ဆက်သွားမယ့် TPP အဖွဲ့ဝင်နိုင်ငံတွေရဲ့အခြေအနေနဲ့ တရုတ်နိုင်ငံက ဖော်မစုံသူများနေ့ ဈေးရောင်းပွဲအကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
တိုင်းပြည်ရဲ့ အာဏာကို ၃၇ နှစ် ချုပ်ကိုင်ထားခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတ Robert Mugabe ကတော့ မနေ့ကပဲ ရာထူး ကနေ နုတ်ထွက်ပေးခဲ့ပါပြီ။
ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ တရားဥပဒေစိုးမိုးမှု နဲ့အရပ်ဘက်အုပ်ချုပ်ရေးတွေကို ထူထောင်ဖို့ ဥရောပသမဂ္ဂကောင်စီကတိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ ၁၃ကြိမ်မြောက်ASEM အစည်းအဝေးကာလအတွင်း အခုလိုတိုက်တွန်းခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်နေကြတာတွေက မျှတမှုမရှိဘူးလို့ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန်ရဟန်းအမတ် ချားလ်စ် မောင်ဘိုကပြောဆိုလိုက်ပြီး လူမျိုးတုန်းရှင်းလင်းမှုတွေ လုပ်နေတယ်ဆိုပြီး သတ်မှတ်နေကြတာတွေကလည်း အခြေ အနေတွေကို အထောက်အကူမပေးတဲ့အပြင် အပြစ်တင်စောနေတယ်လို့ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်