ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ပြန်လိုတဲ့ဆန္ဒရှိကြောင်း တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပထမအဆင့်အနေနဲ့ ပြန်ပို့မယ့်အစီအစဉ်တွေ အမြန်ဆုံးစတင်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ခေါ်ယူ အကြောင်းကြားခဲ့ပါတယ်။
ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ပြုမှုပုံတွေကို ဝေဖန် ပြောဆိုလေ့ရှိတဲ့ အမေရိကန်လွှတ်တော်အမတ် ၂ ယောက်ကို အစ္စရေးနိုင်ငံထဲ ဝင်ခွင့်မပြုဖို့ အစ္စရေးကို သူ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေအပေါ် သမ္မတ Donald Trump က ငြင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ လက်ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လက်ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာ ထောက်ခံပွဲနဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့၊ မြို့တော်ခမ်းမရှေ့မှာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။
ရုရှားသတင်းလွတ်လပ်ခွင့်ဟာ အဆင့် ၁၄၉ မှာရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်။ သမ္မတ Putin လက်ထက် ရုရှား သတင်းထောက်တွေ သတင်းလွတ်လပ်မှုကို ဘက်မလိုက်ဘဲ ရပ်တည်နိုင်ဖို့ ဘယ်လိုကြိုးစားနေကြသလဲ။ Ricardo Marquina နဲ့ Olga Pavlova တို့သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
ဒီရက်ပိုင်း ဗလီဝတ်ပြုဆုတောင်းပွဲတွေမှာ နှင်းဆီဖြူလေးတွေ လိုက်ကမ်းတဲ့ လှုပ်ရှားမှုကလည်း ဘာသာရေးကွဲပြားမှုကို အခြေခံတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအတွက် ထိရောက်တဲ့ လှုပ်ရှားမှုလို့ ရှု့မြင်ထားကြပါတယ်။ ကိုဇော်ဝင်းလှိုင်က ပြောပြပါလိမ့်မယ်။
အင်္ဂလန်က ဘောလုံးသမား Wayne Rooney ကိုအားကျခဲ့တဲ့ အသက် ၁၉ နှစ်အောက် တိုက်စစ်မှူး စန်းသော်သော်ဟာ ဘောလုံးသမားဖြစ်ဖို့ ကလေးဘဝကတည်းက လယ်ကွင်းတွေထဲမှာ လေ့ကျင့်ခဲ့တာပါ။ အားပေးမှုနည်းတဲ့ မြန်မာပရိတ်တွေကြားမှာ မိန်းကလေး ဘောလုံးသမားတွေအတွက် ပိုပြီး အခက်အခဲနဲ့ ရင်ဆိုင်ရကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မေ ၂၇၊ ၂၀၁၉ - Hygh Hope ဆိုတဲ့ ခေတ်ပေါ်ပေါင်းစပ် အဝတ်အထည်တွေကို ထုတ်လုပ်နေတာ အောင်မြင်မှုတွေ တွေ့ရပြီလို့ Hygh Hope ကုမ္ပဏီ စတင်တည်ထောင်တဲ့ ကိုလင်းလွန်းက ပြောပါတယ်။ ကိုလင်းလွန်း ကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာတွေ နယူးယောက်မြို့မှာ နိုင်ငံတကာဖန်တီးသူတွေနဲ့ပေါင်းပြီး Hygh Hope ဆိုတဲ့ ခေတ်ပေါ်ပေါင်းစပ် အဝတ်အထည်တွေကို ထုတ်လုပ်နေတာ အောင်မြင်မှုတွေ တွေ့ရပြီလို့ Hygh Hope ကုမ္ပဏီ စတင်တည်ထောင်တဲ့ ကိုလင်းလွန်းက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
Trump နဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနဲ့ အီရန်တို့အပေါ် စစ်အင်အားအသုံးပြုဖို့ ဝန်မလေးကြောင်း အလေးပေး ပြောဆိုလေ့ရှိပေမယ့် သမ္မတကိုယ်တိုင်က ပြည်ပနိုင်ငံတွေကို စစ်ရေးအရ ပါဝင်ပတ်သက်ရမှာ ဝန်လေးနေပါတယ်။ Brian Padden သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြမှာပါ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်းထားစဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာကြပါပြီ။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်က ခိုင်ခိုင်မာမာ ထောက်ခံ အားပေး နေကြောင်း၊ စစ်မှန်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေး ကြိုးပမ်းနေဆဲကာလမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက်လဲ အမေရိကန်က ဆက်လက် ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
စစ်တိုင်းဒေသကြီး (၅) ခုမှာ စစ်ဆင်ရေးတွေ (၄) လကြာ ရပ်တန့်ထားဖို့ မြန်မာ့တပ်မတော်ဘက်က ကြေညာချက် ထုတ်ပြန်ထားတာ သက်တမ်း ပြည့်တော့မှာ ဖြစ်တဲ့အတွက် ဒါကို နောက်ထပ် သက်တမ်း တိုးလိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဧပြီ ၂၂၊ ၂၀၁၉ - ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သေချာကိုယ်စားပြုပေးသူ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွတ်နေသူတွေက ဝေဖန်ပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးထူးချစ် ကို ကိုဇော်ဝင်းလှိုင် မေးမြန်းထားပါတယ်။
နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ ထိုင်းမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအရေး အစိုးရက သေချာမဆောင်ရွတ်ပေးတဲ့အပြင် သူတို့တွေအတွက် သေချာကိုယ်စားပြုပေးသူမရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွတ်နေသူတွေက ဝေဖန်ပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးထူးချစ်ကို ကိုဇော်ဝင်းလှိုင် မေးမြန်းထားပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိမရှိ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller ရဲ့ ၂ နီးပါးကြာ စုံစမ်းခဲ့တဲ့ တည်းဖြတ်ထားတဲ့ အစီရင်ခံစာပါ အချက်တွေကို လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေ ကြာသပတေးနေ့က ကြည့်ရှုခွင့် ရလိုက်ပါပြီ။
၀ပြည်နယ် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားကို ပန်ဆန်းမြို့မှာ ဧပြီလ ၁၆ ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတော့မှာပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ရုရှားစွက်ဖက်မှု အထူးစုံစမ်းရေးမှူး Robert Muller ရဲ့ အစီရင်ခံစာ အပြည့်အစုံ လွှတ်တော်ကို တင်ပြရေး နဲ့ သမ္မတ Trump ရဲ့ ဝင်ငွေခွန် ဆောင်ထားတဲ့ မှတ်တမ်းတွေ လူသိရှင်ကြား ထုတ်ပြန်ရေးကို ဒီမိုကရက်အမတ်တွေ တောင်းဆိုနေပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်