မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း စံချိန်တင်မြင့်တက်ပြီး မြန်မာကျပ်ငွေ ထိုးကျတဲ့ အတွက် နေတဲ့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒေါ်လာတွေ သန်းနဲ့ချီထုတ်ရောင်းပြီး ဈေးကို ထိန်းညှိ့နိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းစံချိန်တင်မြင့်တက်ပြီး မြန်မာကျပ်ငွေ ထိုးကျတဲ့ အတွက် နေတဲ့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်က ဒေါ်လာတွေ သန်းနဲ့ချီထုတ်ရောင်းပြီး ဈေးကို ထိန်းညှိ့နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်ကို ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လေးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တည်ဆောက်ဖို့ ကျန်ရှိနေတဲ့ စခန်းတွေ အပြီးသတ်အောင် ဆောက်ဖို့ ကတိပေးခဲ့သလို မြန်မာနိုင်ငံဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်ထားတဲ့အခြေအနေတွေကို ပြသခွင့်ရခဲ့အတဲ့အကြောင်း မြန်မာအစိုးရဘက်ကပြောပါတယ်။
မြန်မာနိုင်ငံနေရာတော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အရင်နှစ်တွေကထက် ရေပိုတက်လာတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။
သမိုင်းဝင်အဆောက်အဦးတွေရှိပြီး လူနေထူထပ်တဲ့ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ငလျှင်အန္တရာယ်ရှိတာကြောင့်၊ ငလျှင်ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနဲ့ အန္တရာယ်ဖြစ်လာရင် အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး စီမံချက်တရပ် ရေးဆွဲဆောင်ရွက်နေပါပြီ။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးလုပ်ကြံခံခဲ့ရတဲ့၊ အာဇာနည်နေ့ နှစ်ပတ်လည်အခန်းအနားတွေကို မနက်ဖြန်မှာ ကျင်းပဖို့ရှိရာမှာ အများပြည်သူတွေ အဆင်ပြေပြေ လာရောက်နိုင်ဖို့ရော၊ လုံခြုံရေးပိုင်းအရပါ အာဏာပိုင်တွေဖက်က စီမံ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ ပေးနေတာတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘဲ အကူညီတွေ ဆက်လက်ပေးသွားဖို့ရှိတယ်လို့ ကမ္ဘာဘဏ်ဖက်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် ကမ္ဘာဘဏ်အနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်သလို၊ ကမ္ဘာဘဏ်ရဲ့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသ ဒုဥက္ကဌဟာလည်း မကြာခင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ အနေနဲ့ သိမ်းဆည်း မြေတွေကို ပြန်လည်ပေးအပ်ရာမှာ အချိန်မဆွဲဘဲ ဖြေရှင်းကြဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ရွှေဇား၊ အင်းဒင်ကျေးရွာတို့နေ အစ္စလာမ်ဘာသာဝင်များ၊ မောင်တော ယာယီစခန်းက ဟိန္ဒူများနဲ့ မလေးရှားက လှေးစီးဒုက္ခသည် ၁၀၄ ဦးကို ကယ်ဆယ်စောင့်ရှောက်မှုနဲ့ ရခိုင်ပြည်တွင်း နေ့စဉ်လူမှုဘဝတွေနဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များရဲ့ မှတ်တမ်းဓာတ်ပုံများ
ရခိုင်ပြည်နယ်နေ့စဉ်လူမှုဘဝ သတင်းမှတ်တမ်းဓာတ်ပုံများ
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ် ဘယ်လောက်အကျိုးသက်ရောက်နိုင်သလဲဆိုတာကို မြန်မာသတင်းပညာသိပ္ပံသင်တန်းကျောင်း MJI သင်တန်းသားတွေ၊ ရန်ကုန်မြို့ခံတွေနဲ့သံတမန်အငြိမ်းစားတစ်ဦးရဲ့ အမြင်တွေကို VOA မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်ကတင်ဆက်ထားပါတယ်။
ဒီလုပ်ထုံးလုပ် နည်း ဘယ်လိုသွားရမလည်းဆိုတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ကို မချပြတဲ့အတွက်ကြောင့် ကျွန်တော်တို့ လည်းမသိရဘူးပေါ့နော်။ အခုကျွန်တော်တို့လည်း ဘာပဲပြောပြော ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုး အများ အတွက် စိမ်ခေါ်မှုဖြစ်နေတဲ့ အစားအသောက်အတွက် လေ့လာချင်တဲ့ သဘောတခုတည်းပါပဲ။ တခြားတော့ မရှိပါဘူး "
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ယက်နဲ့ အမေရိကန်ပြည်ထောင်စု ပုဂ္ဂလိကပညာဒါနပြု ပရဟိတအဖွဲ့ Gift of Education တို့က ပူးပေါင်းပြီး မြန်မာနိုင်ငံက ဆရာ/ဆရာမတွေကို စွမ်းရည်မြှင့်သင်တန်းတွေ ပြုလုပ် ပေးလျက်ရှိပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်က အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Grand International 2018 ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရွေးချယ်ခံရပါတယ်။ ဒီပြိုင်ပွဲ မိတ်ဆက်အခမ်းအနားကိုသွားပြီး သတင်းယူထားတဲ့ ကိုထက်အောင်ခန့်က သက်တံရောင်သတင်းလွှာအစီအစဉ်မှာ တင်ပြထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးဆီက ကွန်ပြူတာနဲ့ဖုံးတွေစစ်ဆေးတဲ့ ရဲမှုခင်းတပ်ဖွဲ့ အရာရှိကို တရားရုံးက ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံ ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားစွဲဆိုလိုပါက အမှုဖွင့်ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ကပြောဆိုလိုက်ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုတွေ မြန်မာနိုင်ငံမြို့အတော်များများမှာ ပြုလုပ်လျှက်ရှိရာမှာ၊ ဒီကနေ့ထိဆိုင်ရာ ဆန္ဒပြသူ ၄၅ ဦးကို အာဏာပိုင်တွေဖက်က အမှုဖွင့် အရေးယူထားပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးကို ကမ္ဘာက ပိုအာရုံစိုက်လာအောင် ရှေးဟောင်းအမွေအနှစ် အနုပညာလက်ရာတွေကိုအသားပေး ရိုက်ကူးထားတဲ့ My Hidden City မှတ်တမ်းရုပ်ရှင်ကို အမေရိကန် ဒါရိုက်တာ၊ အမေရိကန်ဂီတပညာရှင်နဲ့အတူ မြန်မာဒါရိုက်တာတို့ ပူးတွဲ ရိုက်ကူးလိုက်ပါတယ်။ ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။
အရင်နေ့ကထက်စာရင်တော့ မီးခိုးငွေ့တွေ ထွက်တာ သိပ်မတွေ့ရတော့ဘူးခင်ဗျ။ ဒီနေ့မှာ ဆိုရင်လည်း မီးသတ်တပ်ဖွဲ့ဝင် အရင်နေ့က နှစ်ရာလောက် ချထားပေးတယ်။ ဒီနေ့ဆို လေးရာလောက်ပေါ့နော်။ အင်အားထပ်တိုးပေးထားတယ်။
လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံမီးလောင်တာ ဒီကနေ့ဆိုရင် ၄ ရက် မြောက်ရှိနေပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားငြိမ်းသတ်နေပေမယ့် ဧရိယာကျယ်ပြန့်ပြီး အတွင်းထဲ လှိုက် လောင်နေတဲ့အတွက် ငြိမ်းသတ်ရာမှာ အခက်အခဲရှိတယ်လို့ တာဝန်ရှိသူတွေကပြော ပါတယ်။
နောက်ထပ်ကြည့်ရှုရန်