အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်၂ နှစ်ကျော်ကာလအတွင်းမှာ အဖွဲ့ချုပ်ရဲ့ လွှတ်တော် အမတ်တွေကို ပါတီစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် အရေးယူတာဟာ ၃၈ ဦးခန့် ရှိပြီဖြစ်ပါတယ်-ဒါ့အပြင် လွှတ်တော်ကိုယ်စားတွေကို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှုတွေနဲ့ အဂတိလိုက်စားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်သင့်တယ်လို့ သုံးသပ်နေကြပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ဒီကနေ့ ဆက်လက် ရုံးထုတ်စစ်ဆေးရာမှာ သတင်းသမားတွေကို အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း တရားလိုပြသက်သေ တဦးဖြစ်တဲ့ ရဲအရာရှိက ထွက်ဆိုသွားပါတယ်။
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်အတွက် သင်္ကြန်အကြိုနေ့ဟာ မနက်ဖြန်မှာ ကျရောက်တော့မှာပါ။ ရန်ကုန်မြို့မှာတော့ အရင်နှစ်တွေကနဲ့ မတူဘဲ တမူထူးခြားစွာ လမ်းလျှောက်သင်္ကြန်ပြုလုပ်ပြီး စီးပွားဖြစ်မဏ္ဍပ်တွေလည်း တိုးမြှင့် ခွင့်ပြုပေးခဲ့ပါတယ်။ ဒီနှစ် သင်္ကြန်အပေါ် ရန်ကုန်မြို့ခံတွေရဲ့ အမြင်တွေကို ကိုထက်အောင်ခန့်က တင်ပြထားပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ သံချပ်ထိုးတဲ့ အလေ့အထဟာ ကနေ့ခေတ်မှာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့ အစဉ်အလာ တခုပါ။ အရင် အာဏာရှင်တွေခေတ်က သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိသလို၊ ခွင့်ပြုတဲ့အခါမှာလည်း စာသားတွေကို ဆင်ဆာ ကြိုတင်ရတာတွေ ရှိပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ သံချပ်ထိုးတဲ့ အလေ့အထဟာ ကနေ့ခေတ်မှာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့ အစဉ်အလာ တခုပါ။၂၀၁၈ ခုနှစ် အတာသင်္ကြန်အတွက် ပြင်နေတဲ့ သံချပ်အဖွဲ့တွေရဲ့ သဘောထားတွေကို ကိုထက်အောင်ခန့်က စုစည်း တင်ပြပေးထားပါတယ်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နည်းဗျူဟာသစ် ရေးဆွဲတဲ့နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံ များများ ပါဝင်လာနိုင်ရေး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြု တင်ပြကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ကြားနာခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နည်းဗျူဟာသစ် ရေးဆွဲတဲ့နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံ များများ ပါဝင်လာနိုင်ရေး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြု တင်ပြကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
အမေရိကန်စင်တာအသစ်ကို မကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အခြား စင်တာတွေထက်ကြီးတဲ့ စင်တာတခုဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ငယ်စဉ်မှာအဖျားကြီးပြီး ကိုယ်ခန္ဓာအောက်ပိုင်းချိသွားခဲ့လို့ ခြေထောက်တွေသုံးလို့မရပေမယ့် သမာအာဇီဝအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့သူ လှိုင်သာယာက ကိုဗိုလ်ထွန်းအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အခက်ကြုံရပေမယ့် သူက စိတ်ဓါတ်မကျပဲ ဘဝကိုဖြတ်သန်းနေတာပါ။ ကိုထက်အောင်ခန့်က သူ့အကြောင်းအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်စင်တာ အဟောင်းကို နေရာပြောင်းရွှေ့ပြီး စင်တာအသစ်ကိုတော့ အရင်စင်တာ အဟောင်း ထက် ပိုမိုကောင်းမွန်အောင်တည်ဆောက်ခဲ့ပြီးမကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။အခု အသစ်ဖွင့်လှစ်မယ့် အမေ ရိကန် စင်တာအသစ်ဟာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အခြား စင်တာတွေထက်ကြီးတဲ့ စင်တာတခုဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ အရွေးချယ်ခံဒုသမ္မတဦးဝင်းမြင့်ဟာ သမ္မတအရည်အချင်းနဲ့ ကိုက်ညီကြောင်း အရည်အချင်းစိစစ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ဒီကနေ့ကြေညာလိုက်ပါတယ်။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လိုလည်း ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စွမ်းဆောင်ရည် ရှိကြတဲ့အတွက် ခွဲခြား ဆက်ဆံမှုတွေ မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပါဝင် ဟောပြောခဲ့ကြသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို ARSA အကြမ်းဖက် အဖွဲ့က တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး အစိုးရက အလိုရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာဖမ်းမိခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရိုးမဘဏ်မှာ အခု ညနေပိုင်း ဘဏ်ပိတ်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်တာကြောင့် အနီးအနား အဆောက်အဦးအချို့ကိုပါ ထိခိုက်မှုရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေတာတွေကြောင့် အခုနှစ်မှာ ကျင်းပမယ့် ရခိုင်အမျိုးသားပါတီရဲ့ ပါတီ ညီလာခံ ရက်ရွေ့ဆိုင်းလိုက်ကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ညီလာခံကို အခုနှစ်စောပိုင်းအစား ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ကျင်းပဖြစ်ဖု့ိ ရည်ရွယ်ထားတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
မကွေးမြို့မှာ Telenor Myanmar ကကမကထလုပ် ကျင်းပခဲ့တဲ့ လူသုံးထောင်ကျော်ပါဝင်ပြီး မြန်မာနိုင်ငံမြေပုံကို သရုပ်ဖေါ်ပြခဲ့တဲ့ ပြပွဲကို ကမ္ဘာကျော် Guiness Records မှတ်တမ်းမှာ လူအများဆုံးပါဝင်ပြသတဲ့ မှတ်တမ်းအဖြစ် ထည့်သွင်းခံရပါတယ်။ ကိုယ်တိုင်သတင်းသွားယူတဲ့ VOA သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့သူကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက် သွားမယ်လို့ ရန်တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
လူငယ်တွေ သိပ္ပံနဲ့နည်းပညာ သင်္ချာနဲ့ အင်ဂျင်နီယာဘာသာရပ် (STEM) ကို စာတွေ့ကနေ လက်တွေ့အသုံးချဖို့ရည်ရွယ်တဲ့ ပြိုင်ပွဲကို ရန်ကုန်မြို့ ISY နိုင်ငံတကာကျောင်းမှာကျင်းပခဲ့ပါတယ်။ ကျောင်းပေါင်းစုံမှလာရောက်ယှဉ်ပြိုင်ကြတဲ့ ဒီပွဲဟာဆိုရင် ဒုတိယအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
အာဏာပိုင်တွေဘက်က နိုင်ငံတော် သစ္စာဖောက်ဖျက်မှု နိုင်ငံတော် အကြည်ညို ပျက်စေမှု မတရားအသင်း ဆက်သွယ်မှုစတဲ့ပုဒ်မ တွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင် ၊ ဆရာဝေဟင်အောင်တို့ ၂ ဦးကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေး တော့မှာဖြစ်ပါတယ်။
မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် စစ်တွေ ဆေးရုံမှာ ဆေးကုသနေသူ ၈ ဦးကို အများပြည်သူပိုင် ဖျက်ဆီးမှုပုဒ်မ ၆၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက် ထားပါတယ်။ လက်ရှိမှာတော့ စစ်တွေဆေးရုံ အချုပ်မှာ ဖမ်းဆီးထားပြီး မိသားစုတွေနဲ့လည်း ထမင်းပို့ချိန်လောက် သာတွေ့ခွင့်ရတယ်လို့ ကာယကံရှင်တွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်