အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆူပူအကြမ်းဖက် မှုတွေပြုလုပ်ဖို့ ရှိနေတယ်ဆိုတာ ဒေသအာဏာပိုင်တွေဆီက သိခဲ့ရတယ်လို့ သတင်းသွားရောက်ရယူခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့နှစ် ၇၀ ပြည့် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွေကို မြန်မာနိုင်ငံအနှံ့အပြားမှာကျင်းပကြပါတယ်။ ဒီနှစ်မှာတော့ ပထမဆုံး ရန်ကုန်မြို့အများပြည်သူအပန်းဖြေနေရာတွေမှာလည်း ရန်ကုန်တိုင်းအစိုးရအစီအစဉ်နဲ့ အားကစားပွဲတော်တွေလည်း ကျင်းပကြပါတယ်။ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ အစိုးရလက်ထက် ဒုတိယအကြိမ်အဖြစ် လစ်လပ်နေတဲ့ လွှတ်တော် နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပ သွားဖို့ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတာ ၁ နှစ်နီးပါးရှိတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ထိ လွတ်မြောက်နေတဲ့ တရားခံပြေး ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ခြင်းမရှိတာအပြင် စွဲချက်တင်နိုင်ဖို့ တရားလိုပြသက်သေတွေကို စစ်ဆေးနေရဆဲဖြစ်ပါတယ်။
နေပြည်တော် လွှတ်တော်အဆောက်အဦးကို အဝေးထိန်းဒရုန်းယာဉ် လွှတ်တင် ပုံရိုက်ကူးဖို့ ကြိုးစားခဲ့မှုနဲ့ လတ်တလော ထောင် ၂ လ ချခံထားရတဲ့ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့တရားစွဲဆိုထားမှု ၊ နိုင်ငံခြား သတင်းထောက်နှစ်ဦးကို လဝက ဥပဒေနဲ့အရေးယူထားတဲ့ ပုဒ်မတွေ ကို တရားရုံးက ရုတ်သိမ်းပေးလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ပထမဆုံးကျင်းပတဲ့ မြို့ပြ ခရစ္စမတ်ပွဲတော်ကို ဗိုလ်ချုပ်လမ်းပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်ကစပြီး ၃ ရက် ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး လာရောက်ပြီးတဲ့နောက်မှာ အရင်နှစ်တွေကနဲ့မတူ အထူးစည်စည်ကားကား ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်အကြောင်း ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
AFP သတင်းဌာနက အာရှသတင်းသမားတွေကို ချီးမြှင့်တဲ့ သတင်းစာပညာ ဂုဏ်ပြုဆု Kate Webb Prize ကို Frontier သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူကရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ၊ ရှမ်းပြည်နယ်တိုက်ပွဲအကြောင်းစတဲ့ သတင်းတွေကို တင်ပြခဲ့တဲ့အတွက် ခုလိုဆုပေးခံရတာပါ။
နေပြည်တော် လွှတ်တော်အဆောက်အဦးကို အဝေးထိန်းဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခံရတဲ့ သတင်းထောက်သုံးဦးအမှုကို ဒီကနေ့ နေပြည်တော်တရားရုံးတခုမှာ ရုံးထုတ်ကြားနာပါတယ်။
ဒီကနေ့ဟာဆိုရင် ၁၉၂၀ ပြည့်နှစ် ဗြိတိသျှကိုလိုနီပညာရေးစနစ်ကို တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်မှောက် ဆန့်ကျင်ခဲ့ကြတဲ့အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ကို အရင်တုန်းက နိုင်ငံအဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခမ်းအနားတွေ လှုပ်ရှားမှုတွေ ကျင်းပပြုလုပ်တာ အားနည်းလာပါတယ်
နေပြည်တော်လွှတ်တော်အဆောက်အအုံကို အဝေးထိန်း ဒရုန်းနဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ဒီကနေ့မှာ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် (NVC) လာရောက် လုပ်သူတွေ ခြိမ်းခြောက်ခံရတာရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလိုခြိမ်းခြောက်ခံရလို့ တိုင်ကြားတယ်ဆိုရင် အရေးယူဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကယားပြည်နယ်ကနေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၇ နှစ်သမီးအရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ဆင်မကြီးမိုမိုဟာ အခုအသက် ၆၄ နှစ်အရွယ်ရောက်နေတဲ့အထိ ကျန်းကျန်းမာမာရှိနေဆဲပါ။ ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုအကြောင်းကို သူ့အကြောင်းအစီအစဉ်မှာ ကိုထက်အောင်ခန့် တင်ပြထားပါတယ်။
ဒီကနေ့တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်နေ့ဖြစ်တာနဲ့အတူ မြန်မာနိုင်ငံတဝန်းမှာ အလှူ အတန်းတွေပြုလုပ်နေကြ ပါတယ်။
နေပြည်တော်လွှတ်တော် အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို ဖမ်းဆီး ထားတာဟာ ၄ ရက်ရှိနေပြီး မိသားစုနဲ့တေ့ွခွင့်မရသေးပါဘူး။ ရှေ့နေနဲ့လည်း တေ့ွခွင့်မရသေးဘူးလို့ မြန်မာသတင်းထောက်ရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
နေပြည်တော်လေဆိပ်မှာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ လုပ်ငန်းရှင်ဦးဖြိုးကိုကိုတင့်ဆန်းဟာ လက်ရှိငွေကြေးသြဇာရှိသလို တချိန်ကအာဏာရှိသူရဲ့သားလည်းဖြစ်လို့ ဒီအမှုကိုစီရင်တာမှာ မှန်မှန်ကန်ကန်ဖြစ်ပါ့မလားဆိုတာ အများကစောင့်ကြည့်နေကြပါတယ်။ သတင်းထောက်မှတ်စုမှာ ကိုထက်အောင်ခန့် တင်ပြပေးပါမယ်။
နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ သူရဲ့ဝန်ထမ်းတွေဆီကနေ တရားမဝင်လက်နက် နဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီရမိခဲ့တဲ့အမှုကို စစ်ဆေးဖော် ထုတ်ဖို့ တိုင်းရဲတပ်ဖွဲ့ကနေ မှုခင်းရဲတပ်ဖွဲ့ (CID) ကို အောက်တိုဘာ ၁၉ ရက်နေ့က လွှဲပြောင်းပေးလိုက်ပါတယ်။
ဒီကနေ့မနက် မနက်အစောပိုင်းက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင် ကျွမ်းခဲ့တာကြောင့် နိုင်ငံခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ သေဆုံးသူ ၂ ဦးထိရှိလာခဲ့ပါတယ်။ ယခုအချိန်ထိ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းတွေ ဆုံးရှုံးမှုတန်ဖိုးတွေကိုစစ်ဆေးဆဲပဲလို့ တာဝန်ရှိသူတွေနဲ့ အာဏာပိုင် တွေဘက်က ပြောဆိုလိုက်ပါတယ်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးရမိတဲ့ တရားမဝင်လက်နက်တွေဟာ မြဝတီလမ်းကြောင်းကနေဝင်လာတဲ့ လက်နက်တွေလို့ ကနဦးစစ်ဆေးချက်အရသိရပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ ၂ ဦးကို ဖမ်းမိရင်တော့ ကွင်းဆက်တွေထပ်ပေါ်နိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဆက်လက် ရှာဖွေစစ်ဆေးရာမှာ သေနတ်တချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး၊ သံသယရှိသူ တချို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားမဝင်လက်နက် ၊ မူးယစ်ဆေးဝါးဖမ်းမိတာနဲ့ပတ်သက်ပြီး သံသယရှိတဲ့လူတွေကို ဆက်လက်ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလက်နက်တွေ ရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ ဖြိးကိုကိုတင့်ဆန်း ရုံးအဖွဲ့ ၅ ဦးကို ခေါ်ယူစစ်ဆေးမှု ဆက်လက်ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ခင်အောင်က VOA ကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်