အရှေ့ဖျား စီးပွါးရေးဖိုရမ် တက်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြီးအကဲက ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဆွေးနွေး၊ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံ လုပ်ငန်းတွေကို ရောင်းချ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးမယ်လို့ ကြေညာ၊ NLD လက်ထက် ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး ပြန်လွတ်၊ မလေးရှားမှအပ အာဆီယံနိုင်ငံတွေ စစ်ကောင်စီ ပြည်ဝင်ခွင့်ကင်းလွတ်ပေး၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့ပြီး ကွန်မြူနစ်အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါတယ်။ သူ့ရဲ့ "glasnost" "perestroika" စတဲ့ လွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဆိုဗီယက်ကို ထိန်းထားဖို့ အောင်မြင်မှု မရခဲ့ပါဘူး။
မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း ၃ ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့၊ ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်မှာ ရိုဟင်ဂျာအရေး နိုင်ငံတကာ တိုက်တွန်းတောင်းဆို၊ ရုရှားလောင်စာဆီ မြန်မာဝယ်ရန်ရှိ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Noeleen Heyzer မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ နယ်စပ်လုံခြုံရေးအတွက် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်လု့ိ ကာကွယ်ပြောပါတယ်။ ဒီလိုတပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောဝ်နဲ့ ကိုဉာဏ်ဝင်းအောင်တို့စုစည်းတင်ဆက်ထားပါတယ်။
ရုရှားက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွတ်မှုတွေဟာ ငြိမ်းချမ်းရေးကိုရှေးရှု၊ ၂ နိုင်ငံလုံးရဲ့ အကျိုးစီးပွား စဉ်းစားပြီးမှ လုပ်တယ်ဆိုတာ ဟုတ်ပါသလား။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ပုံပြရုပ်သံမှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီသေဒဏ်စီရင်မှု G7 ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံတွေနဲ့ နိုင်ငံတကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ၊ ဒေါ်လာငွေလဲနှုန်းကြောင့် ဆေးဝါးတင်သွင်းဖို့ခက်နေချိန် စစ်ကောင်စီကိုယ်တိုင် ဆေးဝါးတင်သွင်းဖို့ပြင်၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံ လူမှောင်ခိုကူးမှု အဆိုးဆုံးအဆင့် နောက်တနှစ် ဆက်ရောက်ရှိ၊ မြန်မာ့စီးပွားရေး နလံထူဖို့ နှေးကွေးတယ်လို့ ကမ္ဘာ့ဘဏ်ပြော။ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
မြန်မာဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ခံပြောတဲ့ မြန်မာနိုင်ငံက ထွက်ရတဲ့ အကြောင်းအရင်း မမှန်ကြောင်း စစ်ကောင်စီငြင်းဆို၊ ရုရှားရောက် စစ်ကောင်စီအကြီးအကဲ ရုရှားနဲ့ နျူကလီးယားစွမ်းအင်စာချုပ် လက်မှတ်ရေးထိုး၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
အိန္ဒိယ၊ မြန်မာနယ်စပ်တမူးမြို့ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ခံရပြီး နယ်စပ်အခြေအနေ ရှုပ်ထွေး၊ ကယား၊ လောပိတဒေသဘက်မှာ စစ်ကောင်စီလေကြောင်း ထိုးစစ်ဆင်၊ ပြည်တွင်းကား ထုတ်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်း၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့က အိန္ဒိယ နိုင်ငံသား ၂ဦး တမူးမြို့မှာ အင်္ဂါနေ့ နေ့လည်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေ အလောင်းကို အိန္ဒိယဖက်က ပြန်လည်ရရှိဖု့ိ တောင်းဆိုထားပြီး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေ အင်းအားတိုးချဲ့ထားသလို တိုက်ပွဲတွေ နေ့စဉ်တိုးပွားလျက်ရှိနေပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ရွာလုံကျွတ် တိမ်းရှောင်နေရတာလို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ်ရောက်ရှိ၊ ရခိုင်မြောက်ပိုင်း စစ်တပ်ကျူးလွန်မှုကြုံရတဲ့ ရိုဟင်ဂျာအမျိုးသမီးလေးများ အာဂျင်တီးနားတရားရုံးမှာ ထွက်ဆိုဖို့ရှိ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
စစ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်နဲ့ AA ကြား အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် လုံခြုံရေးတင်းကျပ်ထားပြီ ရေကြောင်းခရီး သွားလာနေတဲ့ ရေယာဉ်တွေကို စစ်ကောင်စီက ပိတ်ထားပါတယ်။ဒါကြောင့်လည်း ခရီးသည်တွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ အခက်ကြုံနေရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့ပြီး နိုင်ငံတော်လျှို့ဝှက်အမှု စတင်စစ်ဆေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီဖိတ်ကြားမှု အာဆီယံဝေဖန်ခံရ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး၊ အိန္ဒိယ၊ အာဆီယံ ဝန်ကြီးများ အစည်းအဝေး မြန်မာစစ်ကောင်စီ မတက်ရ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတွင်းက လွတ်လပ်တဲ့သတင်း မီဒီယာတွေအနေနဲ့ သတင်းအချက်အလက် မရအောင် တားမြစ်ခံနေရသလို ၊ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်လည်း ကန့်သတ်မှုနဲ့ ကြုံနေရပါတယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ကြပေမယ့် အပြစ်ပေး အရေးယူတာတွေနဲ့ သတင်းသမားတွေ ရင်ဆိုင်နေကြရတာပါ။
စစ်ကောင်စီကို ဆန့်ကျင်သူတချို့ကို သေဒဏ်စီရင်မယ့်ကိစ္စ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်၊ အိန္ဒိယမှာ ကျင်းပမယ့် အာဆီယံ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပွဲ မြန်မာစစ်ကောင်စီဝန်ကြီး မဖိတ်လို့ အိန္ဒိယက ပြော၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတွင်းက ကျောင်းတက်တဲ့ကလေး ၈၀ ရာခိုင်နှုန်းထိ ကျဆင်း၊ နိုင်ငံတွင်း စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူ တသန်းကျော်ထိရောက်၊ အရှေ့တောင်အာရှမှာ မြန်မာဟာ မက်စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ အဓိကနေရာဖြစ်လာ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
နိုင်ငံတွင်းငွေပေးချေမှုအားလုံး မြန်မာကျပ်ငွေသုံးဖို့ ဗဟိုဘဏ်ထုတ်ပြန်၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအရေး မမေ့ကြဖို့ ကုလသမဂ္ဂ သတိပေး၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်