ရုရှားနိုင်ငံမှာ ယဉ်ကျေးမှု ဝန်ကြီး Olga Lyubimova မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိနေကြောင်း စမ်းသပ်တွေ့ရှိရတာကြောင့် အခုဆို ရုရှားအစိုးရ ကက်ဘက်နက်အဖွဲ့ဝင် ၃ ဦးမှာ ဒီရောဂါ အကူးစက်ခံနေရတယ်လို့ ရုရှားရဲ့ ဗုဒ္ဓဟူးနေ့ထုတ် TASS သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ထောင်စုတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက လူမှုရေး အဖွဲ့အစည်းတွေအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ မီတာကြေးကို မေလ ၁ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ ထပ်မံ ကင်းလွတ်ခွင့် ပေးသွား မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရကြောင်းနဲ့ လူနာဟောင်းတွေထဲမှာလည်း ၂ ကြိမ်ဆက်တိုက် ရောဂါပိုးကင်းစင်ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်သူ ၅၀ အထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
COVID-19 တိုက်ဖျက်ရေး အကူအညီရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇.၃ သန်းပေးမယ့်အကြောင်း ဧပြီလ ၂၈ ရက်နေ့က ကြေညာခဲ့ပြီးတဲ့နောက် အခုထပ်တိုးပြီး စုစုပေါင်း အကူအညီငွေ ဒေါ်လာ ၉.၅ သန်း ပေးမယ့် အကြောင်း သံအမတ်ကြီးက ကြေညာတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ်အဖြစ် တောင်အာရှဒေသဆိုင်ရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Thomas L Vajda ကိုခန့်အပ်ဖို့ သမ္မတ Donald Trump အစိုးရက အဆိုပြုထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၂၀၂ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့တုန်းက မလေးရှား နိုင်ငံထဲ တရားမဝင် ပို့ဆောင်ဖို့ ကြိုးပမ်းမှုနဲ့သံသယ ရှိသူ နောက်ထပ် မြန်မာနိုင်ငံသား ၄ ဦးကို မလေးရှား ရေကြောင်းကြီး ကြပ်ရေး အေဂျင်စီ (MMEA) က ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။
ငွေကြေးခဝါချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်တာကြောင့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာအမည်ပျက် စာရင်းမှာ ဥရောပသမဂ္ဂအဖွဲ့က ထည့်သွင်းဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံက Facebook စာမျက်နှာ ၃ ခု အကောင့် ၁၈ ခုနဲ့ အဖွဲ့တဖွဲ့ရဲ့ စာမျက်နှာတွေကို ဖယ်ရှားပစ်လိုက်တယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက အင်္ဂါနေ့မှာကြေညာပါတယ်။
မေလ ၅ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဌာန၊ ဓါတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်က ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ ၉၄ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ ၁၀၆ ခု၊ စုစုပေါင်း ၂၀၀ မှာ COVID-19 အတည်ပြုလူနာအသစ် မတွေ့ရှိရကြောင်း ဖော်ပြပါတယ်။
မြန်မာ အစိုးရရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ မေလ(၃)ရက် တနင်္ဂနွေနေ့ ညနေပိုင်းမှာကွယ်လွန်သ ွားပါပြီ။
သတင်းထုတ်ပြန်လိုက်တဲ့အတွက် စုစုပေါင်းရောဂါကူးစက်သူ ၁၆၁ ယောက်ရှိသွားပါပြီ။ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ဓာတ်ခွဲဌာနက ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ယောက်အပါအဝင် စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာသစ် ၆ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူ့ကို သတ်မှတ်ဆေးရုံမှာ ကုသပေးနေပြီး အခြေအနေ တည်ငြိမ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ အဲဒီစစ်သားနဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းက ပြောပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေနဲ့ချီ မျောပါနေတဲ့ အခြေအနေတွေနဲ့ မကြုံရအောင် ဒေသတွင်းနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့ ဥရောပသမဂ္ဂ (EU) က တိုက်တွန်းလိုက်ပါတယ်။
Tokyo မြို့တော်နဲ့ ခရိုင် ၆ ခုမှာ အရေးပေါ်အခြေအနေကို ဧပြီလ ၇ နေ့က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်မှု ပျံ့နှံ့နေတဲ့အတွက် ဝန်ကြီးချုပ်က April ၁၆ ရက်နေ့မှာ တနိုင်ငံလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။
COVID-19 လူနာတွေကို Remdesivir လို့ခေါ်တဲ့ ဆေးနဲ့ အရေးပေါ် ကုသပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။
မေလ ၃ ရက် တနင်္ဂနွေနေ့အထိ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုပေါင်း ၃.၄၄ သန်း ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်