ကမ္ဘာ့ကပ်ရောဂါဘေး ကြုံတွေ့နေချိန်မှာ သတင်းသမားတွေ သတင်းရယူတဲ့အလုပ်ကို လုပ်နိုင်ဖို့ နိုင်ငံ့အစိုးရတွေအနေနဲ့ အာမခံချက်ပေးဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။
သီတင်းပတ်အတော်ကြာ ပင်လယ်ထဲ ပိတ်မိခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကွေ့ထဲက ကျွန်းတခုဆီ ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
COVID-19 ကပ်ရောဂါကာလ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးတွေ ပေးပို့ဖို့ အဟန့်အတားတွေ ရှိနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကပြောပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားက လုံခြုံရေးတွေ အပြည့်ချထားတဲ့ နယ်စပ်ဂိတ်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ လုံခြုံရေးဂိတ်ကို မြောက်ကိုရီးယားဘက်က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ နောက်ထပ် ၄ ယောက်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၁၅၅ ယောက် ရှိသွားပါပြီ။
မြန်မာနိုင်ငံမှာ မေလဆန်းကစလို့ COVID-19 ကပ်ရောဂါ ကူးစက်သူ လူနာသစ် ထပ်မတွေ့တော့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်းအားလုံး COVID-19 ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိမရှိ ဖော်ထုတ်နိုင်တဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းတခုကို အသုံးပြုဖို့နဲ့ လူချင်း ခပ်ခွာခွာနေကြဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
သတင်းသမားတွေကို ဖမ်းဆီးအရေးယူတာ၊ အနှောင့်အယှက်ပေးတာနဲ့ ဖိနှိပ်တာတွေ ရပ်ဆိုင်းကြဖို့ ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးအဖွဲ့ကြီးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ပြီးနောက် ပင်လယ်ထဲ သီတင်းပတ်နဲ့ချီ မျောနေတဲ့သူတွေလို့ ယူဆရတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေ ၂ စင်းဟာ စနေနေ့မှာ ဘင်္ဂလာဒေ့ရှ်ကမ်းရိုးတန်းကို ဆိုက်ကပ်ခဲ့တယ်လို့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကို လှောင်ပြောင်သရော်ထားတဲ့ Animation ရုပ်သံဗွီဒီယိုတခုကို တရုတ်နိုင်ငံက ထုတ်လိုက်ပါတယ်။
ကမ္ဘာမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါရရှိတဲ့ လူနာတချို့ မြန်မြန်ပြန်နေကောင်းလာစေပုံရတဲ့ ပထမဆုံးဆေးကို အရေးပေါ် အသုံးပြုဖို့ အမေရိကန် တာဝန်ရှိသူတွေ ခွင့်ပြုလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ တရားဝင်စာရွက်စာတမ်း မရှိဘဲ နေထိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မလေးရှား အာဏာပိုင်တွေဘက်က ပြောပါတယ်။
လူမြင်ကွင်းကနေ ရက်တော်တော်ကြာ ပျောက်နေတဲ့ မြောက်ကိုရီးယားခေါင်ဆောင် လူမြင်ကွင်းကို ပြန်ထွက်လာပါပြီ။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ရှေ့လာမယ့် သီတင်းပတ်တွေကစပြီး ဖြေလျှော့ပေးသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ နိုင်ငံပိုင် သတင်းဌာနကြီးတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ သတင်းထောက် Chen Jieren ကို တရုတ် အာဏာပိုင်တွေက ထောင် ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။ အာဏာရ တရုတ် ကွန်မြူနစ်ပါတီကို တိုက်ခိုက်ခဲ့တဲ့ အမှုကြောင့်လို့ တရားရုံးက ထုတ်ပြန်တဲ့ စာရွက် စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်ကြောင့် မေလ တရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့ ကို ကမ္ဘာတဝန်း ခါတိုင်းနှစ်တွေလို မကျင်းပနိုင်ပဲ ဖြစ်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ MAY DAY နေ့ကျရောက်တဲ့ မေလ ၁ ရက်နေ့မှာပဲ ဥရောပ သမဂ္ဂ (EU) က မြန်မာနိုင်ငံအတွင်း COVID-19 ဂယက်ကြောင့် အလုပ်ပြုတ်ခဲ့ကြရတဲ့ မြန်မာ အလုပ်သမားတွေကို ငွေကြေးအကူအညီတွေ စတင်ပေးနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြန်လာချင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စုရပ် ၃ ခုကနေ ပြန်လာနိုင်အောင် စီစဉ်နေတယ်လို့ မြန်မာအစိုးရက ပြောကြားပါတယ်။ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ရေးနဲ့ ပတ်သက်လို့ VOA မြန်မာပိုင်းရဲ့အမေးကို သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ခုလိုဖြေပါတယ်။
နောက်ထပ်ကြည့်ရှုရန်