စီးပွားရေးလုပ်ငန်းအများစုကို တနင်္လာနေ့ကစပြီး ပြန်ဖွင့်ဖို့ ခွင့်ပြုသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ မတ်လက အပြင်မထွက်ကြဖို့ စတင်လိုက်ချိန်ကစပြီး ဒေါ်လာသန်းထောင်နဲ့ချီ ဆုံးရှုံးခဲ့တဲ့ စီးပွားရေးကို ပြန်ရှင်သန်လာအောင်လုပ်ဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ် Muhyidding Yassin က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ လူနာတွေအတွက် ဈေးသက်သာပြီး အရည်သွေးကောင်းတဲ့ အသက်ရှုစက်တွေ ထုတ်နိုင်ပြီဖြစ်ကြောင်း လန်ဒန် Imperial College က ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံရာသီ မေလ ၁၆ ရက်ကနေ မေလ ၂၁ ရက်အတွင်း ဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသ ဌာန (IMD) က ခန့်မှန်းထားပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် နဲ့ COVID-19 ကူးစက် ရောဂါ တိုက်ဖျက်ရေး အခြေအနေကို တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ခဲ့ပါ တယ်။
COVID-19 ရောဂါကာကွယ်ဆေး တမျိုးကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာ အလားအလာကောင်းတဲ့ ရလဒ်တွေရှိနေတာကြောင့် အိန္ဒိယ ဆေးကုမ္ပဏီတခုက ဒီဆေးကို လပိုင်းအတွင်း အမြောက်အများထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒီဆေးကို Oxford တက္ကသိုလ်က ဖော်စပ်ထုတ်လုပ်ပြီး ဗြိတိန်နိုင်ငံမှာ လက်ရှိလူတွေနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန်ကို စိတ်မသက်မသာနဲ့ ဒီကနေ့ အဆုံးသတ်ပါတယ်လို့ အထူးကိုယ်စားလှယ် Yanghee Lee ကသူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် နိုင်ငံတော်အရေးပေါ် အခြေအနေကြေငြာထားတာကို နောက်ထပ် တလ ထပ်တိုးသွားမယ့်ပုံရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု အထွဋ်အထိပ်ကိုရောက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ထဲကဆိုရင် နိုင်ငံထဲမှာ ကူးစက်သူ တယောက်မှ ဒီကနေ့ မရှိဘူးလို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန KCDC ကပြောပါတယ်။
တရုတ် စစ်သင်္ဘောနဲ့ စစ်လေယာဉ်တွေက တောင်တရုတ် ပင်လယ်ထဲ ခုတ်မောင်းနေတဲ့ အမေရိကန် စစ်သင်္ဘာ တစ်စင်း နောက်ကို ခြေရာခံ စောင့်ကြည် လိုက်ပါပြီး မောင်းထုတ်ပစ်ခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက တရုတ် လူမှု မီဒီယာကတစ်ဆင့် အင်္ဂါနေ့က ပြောပါတယ်။
မြန်မာ့တပ်မတော်က ရုရှားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သင်တန်းသား ၃ ဦး COVID -19 ကူးစက်နေကြောင်း ရုရှားမှာရှိတဲ့ စစ်သံရုံးရဲ့ တင်ပြချက်ကို ကိုးကားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဆက်လက် ထည့်သွင်းထားဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြု လိုက် ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ ၁၅ ၀၀၀ ကျော်ရှိတဲ့ ထဲမှာ ကျန်းမာရေးလုပ်သားက ၄၈၀ လောက်ရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ၃၃၅ ဦးထဲမှာ ဆရာဝန် အနည်းဆုံး ၃ ဦးပါနေတယ်လို့ ပါကစ္စတန် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဧပြီလ ၁၄ ရက်နေ့က ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အတည်ပြုခဲ့ပြီး နောက်တစ်ရက်ကစလို့ တောင်ဥက္ကလာပ အထူးကုဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသား ဒီနေ့ပဲ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်တွေကို ပိတ်ထားရသလို တခြားအဟန့်အတားတွေကြောင့် အာဖရိက တောင်ပိုင်းဒေသတွေမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုတွေ ၂ ဆတိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ လူနာသစ် ၆၉၀ ဒီကနေ့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ခုဆိုရင် ပိုးကူးလူနာ ၁၅,၆၄၁ ဦး ရှိနေပါတယ်။ လူနာအများစုကတော့ အဆောင်နေ ပြည်ပအလုပ်သမားတွေကြား ဖြစ်ပါတယ်။
ဈေးဆိုင်တွေမှာ ကြက်၊ ဝက်နဲ့ တခြားအသားတွေ ပြတ်လပ်မသွားအောင် ကာကွယ်ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု အက်ဥပဒေအရ အသားထုတ်လုပ်ငန်းကို မရှိမဖြစ်လိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့ အမိန့်ကိုတော့ မနေ့ကပဲ သမ္မတ Trump လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်