ရခိုင်မှာ ဖြစ်ပွားခဲ့သော လူမျိုးစုသုတ်သင်ရှင်းလင်းမှုနဲ့ မြန်မာနိုင်ငံ၊ ကချင်နဲ့ ရှမ်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာ့တပ်မတော်ထိပ်တန်းအရာရှိနဲ့ အခြား အဆင့် စုစုပေါင်း ၁၄ ဦးကို ဘဏ္ဍာရေးအရ အရေးယူ ပိတ်ဆို့ ထားတဲ့ စာရင်းကိုဗြိတိန် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံတွေကြား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြေလည်မှု မရနိုင်ပဲ ဖြစ်နေချိန်မှာပဲ ဒီကပ်ရောဂါဟာ EU ဥရောပသမဂ္ဂ ဆက်လက် ရှင်သန်ရေးအတွက် အန္တရာယ် ဖြစ်လာနေပြီလို့ သံတမန်တွေကရော လေ့လာသုံးသပ်သူတွေကပါ ပြောကြပါတယ်
COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၇.၃ သန်းကျော် အကူအညီပေးဖို့ ကတိကဝတ်ပြုထား တယ်လို့ ရန်ကုန်မြို့က အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အသက် ၁၅ နှစ်၊ ၁၉ နှစ်နဲ့ ၄၃ နှစ်အရွယ် အမျိုးသား ၃ ဦးတို့မှာ ကူးစက်မှုရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ အင်္ဂါနေ့ မနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်တွေအရ COVID-19 ရောဂါကူးစက်သူ အသစ်မရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ပြောပါတယ်။ ဒီနေ့နဲ့ပါဆိုရင်တော့ ရောဂါကူးစက်သူ မတွေ့ရှိတဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာ ၃ ရက် ရှိသွားပါပြီ။
COVID-19 ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်တဲ့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက အကူအညီပေးရေး လုပ်ငန်းတွေကို ကန့်သတ်လိုက်တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အင်တာနက်လွတ်လပ်ခွင့် လှုပ်ရှားသူ သုံးဦးပျောက်ဆုံးနေကြောင်း AFP သတင်းမှာ မနေ့ တနင်္လာနေ့က ဖေါ်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေကြောင့် မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အသွားအလာ ကန့်သတ်ထိန်းချုပ် ဆောင်ရွက်မှုတွေ ရှိနေသလို လူမှုရေးဆိုင်ရာ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါပြီ။ မလေးရှား နိုင်ငံမှာတော့ ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်သူတွေကို ထောင်ဒဏ်ချမှတ်နေပါတယ်။
အမေရိကန် ပြည်နယ်တွေမှာ စီးပွားရေး လုပ်ငန်းတွေ၊ ကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ ပြန်လည် ဖွင့်လှစ်ရေးအတွက် အဆိုပြု တင်ပြထားတဲ့ လမ်းညွှန်ချက် အသစ်တွေကို သုံးသပ်နေချိန်အတွင်းမှာဘဲ ချမှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက် တချို့ကို ဖြေလျှော့ပေးရေး ဆောင်ရွက်လာတဲ့ ပြည်နယ်တွေ ပိုများလာပါတယ်။
ဒီနေ့ ဧပြီလ ၂၇ ရက်နေ့အတွက် COVID-19 ဓါတ်ခွဲနမူနာစစ်ဆေးမှုတွေမှာ ကူးစက်သူမရှိလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ ဆေးသုတေသနဦးစီးဌာန (DMR) က ညနေပိုင်းအထိ ဓာတ်ခွဲနမူနာ ၁၁၅ ခုကို စစ်ဆေးခဲ့တာ နောက်ထပ် ပိုးကူးစက်သူ တယောက်မှာ မရှိခဲ့ပါဘူး။
ရှန်ဟိုင်းမြို့မှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေ ကျောင်းပြန်တက်ကြရပြီး ဘေဂျင်းမြို့မှာတော့ အထက်တန်းကျောင်းသားတွေသာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နိုင်ဖို့ ကျောင်းပြန်တက်ကြတာပါ။
COVID-19 ကပ်ရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဒီကနေ့ ပထမဆုံး ရုံးပြန်တက်ပြီး နိုင်ငံထဲမှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မြန်မြန် လျှော့ပေါ့ပေးလိုက်ရင် နောက်တကျော့ ကူးစက်ပျံ့နှံ့မှုတွေဖြစ်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။
ခိုက်ခိုက်တုန်ချမ်းစိမ့်တာ၊ ကိုယ်တွေလက်တွေ တုန်တာ၊ နာကျင် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာနဲ့ အနံ့ ဒါမှမဟုတ် အရသာအာရုံ မရတော့တာမျိုးတွေဟာ COVID ရောဂါလက္ခဏာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက အခုဆိုရင် ၃ သန်းနီးပါးအထိ တိုးလာနေပြီး အသွားအလာ ကန့်သတ်မှုတွေကိုလည်း နေရာအတော်များများမှာ ဆက်လက်ချမှတ်ထားဆဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ COVID-19 ကပ်ရောဂါကြောင့် သီတင်းပတ် အတော်ကြာ ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ ပြန်လည် စတင်ဖွင့်ပေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄ ဦးထက် ပိုမစုရလို့ တားမြစ်ထားတဲ့ ဟောင်ကောင်မှာ ဈေးဝယ်စင်တာတခုထဲ လူအင်အား ၃၀၀ လောက်ရှိတဲ့ ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ သီချင်းဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ သူသုံးလေ့ရှိတဲ့ အထူးရထားကို နိုင်ငံအရှေ့ပိုင်း အပန်းဖြေမြို့က သူ့ရဲ့အိမ်တော်ဝင်းထဲမှာ ရပ်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံတချို့ ထွက်လာပါတယ်။
မြန်မာတပ်မတော် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပြစ်မဲ့ အရပ်သားတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အစည်းအဝေးဆင့်ခေါ်ဖို့ World Kachin Congress ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက်က တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်