စင်ကာပူနိုင်ငံမှာ တနင်္ဂနွေနေ့တရက်တည်း COVID-19 ရောဂါပိုး ကူးစက်သူ ၉၃၁ ဦး ရှိတဲ့အတွက် စုစုပေါင်း ပိုးကူးစက်ခံထားရသူ ၁၃၀၀၀ ကျော်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ နေထိုင်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါရှိမရှိ ဆိုတာကို ဆေးဆိုင်တွေမှာ မကြာခင် စစ်နိုင်တော့မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၂ ယောက် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်ခံရသူ ၁၄၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကမ္ဘာတလွှားမှာ လူပေါင်း ၂,၈၆၅,၉၃၈ ကူးစက်ခံနေရပြီး သေဆုံးရသူပေါင်းက ၂၀၀,၆၉၇ ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ စနေနေ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ စနေနေ့ကစပြီး GSP စနစ်အောက်ကနေ အမေရိကန်နိုင်ငံက ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်အစိုးရက သူ့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးသစ်ကို မြို့ ၄ မြို့မှာ စတင်ကျင့်သုံးမယ့် အချိန်ကာလ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံ စတဲ့ အာရှနိုင်ငံတချို့ကနေ မြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် သက်ဆိုင်ရာသံရုံးတွေက လေကြောင်းလိုင်းတွေ စီစဉ်ပေးနေပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တော်တော်နေမကောင်းဘူးဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထွက်နေခဲ့ပြီးတဲ့နောက် တရုတ်အစိုးရက ဆေးပညာကျွမ်းကျင်သူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားကို လွှတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ရာနဲ့ချီ တင်ဆောင်ထားတဲ့ စက်လှေ ၂ စင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ချက်ချင်းကမ်းကပ်ခွင့် ပြုသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
COVID-19 ရောဂါ ကူးစက်ခံရာကနေ ပြန်နေကောင်းလာပြီး Antibodies ပဋိလှုံ့တုံ့ပြန်ပစ္စည်း ရှိလာသူတွေ နောက်တခါ ရောဂါပိုး မကူးနိုင်ဘူးဆိုတဲ့ အထောက်အထား လောလောဆယ် မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီလ ၂၅ ရက် စနေနေ့မှာ ပြောကြားသွားပါတယ်။
COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် သောကြာနေ့မှာ ထပ်တိုးလာခဲ့တာကြောင့် စုစုပေါင်း ၁၄၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြံရေးရေးအပေါ် ခြိမ်းခြောက်မှုရှိနေတာကြောင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုကို ပေးအပ် ထားတဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းကောင်း ရုပ်သိမ်းမယ်လို့ အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်က ပြောပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ အတွက် ကုသပေးနိုင်မယ်လို့ ယုံကြည်စိတ်ချရလောက်တဲ့ နည်းလမ်း ဒါမှမဟုတ် ကာကွယ်ဆေး ဘာပဲ ရရ ဒါကို အားလုံးညီညီမ ျှမ ျှ ဖြန့်ဖြူးပေးနိုင်အောင် ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ပုဂ္ဂလိက ကုမွှဏီတွေကြား ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံအတွင်းက အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ အပါအဝင် လူထုလူတန်းစားအားလုံးအတွက် COVID-19 ကူးစက်ရောဂါ ကာကွယ်ဖို့မြန်မာ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂအဖွဲ့ တစ်ဖွဲ့ကလည်း အထောက်အပံ့ ပေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အသွားအလာကန့်သတ်မှုတွေ လုပ်နေချိန်မှာပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ မေလ ၂၃ ရက်နေ့အထိကျင်းပမယ့် တလကြာ ရာမာဒန် ဥပုသ်လ စတင်နေပါပြီ။
တရုတ် ကာကွယ်ရေးဝန်ကြီး Wei Fenghe က မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို သောကြာနေ့က တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကိစ္စဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၄ ရက်နေ့အတွက် ရောဂါရှိ မရှိ နမူနာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးရှိသူ နောက်ထပ် ၄ ယောက်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ စစ်ဆေးမှုတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ လုပ်တယ်လို့ ဖော်ပြထားပါတယ်။
ဆေးသစ် စမ်းသပ်မှုမှာပါဝင်ဖို့ ဆန္ဒရှိသူ နှစ် ယောက်ကို ကြာသပတေးနေ့က COVID-19 ဆေးထိုးပြီး စတင် စမ်းသပ်တာဖြစ်ပါတယ်။ အောင်မြင်မယ်လို့ မေ ျှာ်လင့်ထားကြောင်း ဒီစမ်းသပ်မှုကို ဦးဆောင်တဲ့ သိပ္ပံပညာရှင် ပါမောက္ခ Sarah Gilbert ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်