ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲကနေ အပြင်မထွက်ရတဲ့အချိန်အတွင်း အစားအစာနဲ့ ပိုက်ဆံ လိုက်ဝေပေးသူတွေအတွက် လုံခြုံရေးယူထားတဲ့ စစ်သား နှစ် ယောက်ကို ကွန်မြူနစ်သူပုန်တွေက သတ်လိုက်တယ်လို့ သမ္မတဒူတာတေးက စွပ်စွဲလိုက်ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေငြာမယ်လို့ ခြိမ်းခြောက်လိုက်တာပါ။
COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအတွက် ဒေါ်လာ ဘီလီယံ ၅၈၀ သုံးစွဲထောက်ပံ့မယ့်အစီအစဉ်ကို EU က ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။ EU ပြည်သူတွေရဲ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကိုဦးစားပေးရမယ်ဆိုတာအားလုံးသဘောတူခဲ့ကြတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က ပြောကြားခဲ့ပါတယ်။
ကမ္ဘာနိုင်ငံတွေ COVID-19 ကပ်ရောဂါ တားဆီးထိန်းချုပ်ရေး အာရုံစိုက်နေရတာကို အခွင့်ကောင်းယူပြီး တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ထဲ ရေပိုင်နက် ချဲ့ထွင်ရေးကို တွန်းအားပေး လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။
မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို COVID-19 ကပ်ရောဂါ အန္တရာယ် မြင့်မားတဲ့ နိုင်ငံတွေစာရင်းထဲမှာ ထိုင်းနိုင်ငံက ထပ်တိုး ထည့်သွင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Oklahoma၊ Texas နဲ့ Louisiana ပြည်နယ်တွေမှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့်အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှု ပြဿနာကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းအများစု ရပ်ဆိုင်းသွားလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အလုပ် လက်မဲ့ ခံစားခွင့် တောင်းခံသူ နောက်ထပ် ၄.၄ သန်းတိုးလာတယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ပုံကို ကြည့်ရင် ဒီအဖွဲ့ကြီးဟာ အခြေခံကစပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ ဝန်ကြီး Pompeo က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ Video Conferencing အထူးအစည်းအဝေး ကို ဧပြီလ ၂၂ နေ့က ပြုလုပ်အပြီးမှာ ဝန်ကြီး Pompeo က အခုလို ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလတွေအတွင်း ကလေးသူငယ်တွေ ထိခိုက် သေဆုံးမှု ကြောက်ခမန်းလိလိများပြားလာနေတဲ့အတွက် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba က တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့အတွက် ပထမအသုတ်ဓါတ်ခွဲနမူနာစစ်ဆေးတာမှာ COVID-19 ရောဂါပိုးရှိသူ နောက်ထပ် ၅ ယောက်ကို တွေ့ခဲ့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ခုချိန်ထိ COVID-19 ကြောင့် သေဆုံးသူ ၅ ယောက်၊ ရောဂါသက်သာလို့ ဆေးရုံက ဆင်းသွားသူ ၉ ယောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Fcebook စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ရက်အတော်ကြာ နောက်ထပ်ကူးစက်မှုတွေ မရှိခဲ့တာကြောင့် ကန့်သတ်ချက်တွေကို ပြန်လေ ျှာ့သွားဖို့ ပြင်ဆင်နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်ပျံ့နှံ့ခဲ့ချိန်ကစပြီး နယ်စပ်တွေကို ပိတ်ပြီး ရောဂါကူးစက်သူတွေကို အလျှင်အမြန် ရှာဖွေဖော်ထုတ်ပြီး ထိန်းချုပ်ခဲ့တာပါ။
အမေရိကန်သမ္မတ ထရမ့် အစိုးရအဖွဲ့ အနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးအတွက် ချထားပေးမယ့် ရန်ပုံငွေတွေကို ရပ်ဆိုင်းထားလိုက်တာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစား ပေးမယ်လို့သူ မျှော်လင့်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဧပြီလ ၂၂ ရက်နေ့ မနေ့က ကျရောက်ခဲ့တဲ့ မြေကမ္ဘာနေ့မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန ဝန်ကြီး Mike Pompeo က ကမ္ဘာတဝှမ်း တရားမဝင် တောရိုင်း တိရိစ္ဆာန်ဈေးတွေကို ပိတ်သိမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။
ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကူးစက်မှု ကျဆင်းနေတာ ဒါမှမဟုတ် ဆက်မတိုးပဲတည်ငြိမ်နေတဲ့ ပုံမျိုး တွေ့နေရပေမယ့် ဒီရောဂါပိုးဟာ လူတွေကြား အချိန်အတော်ကြာ ဆက်ပြီး ရှိနေနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှဒေသထဲက နိုင်ငံတော်တော်များများ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ထိန်းချုပ်နိုင်ရေး အသွားအလာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားချိန်မှာ ဗီယက်နမ်နိုင်ငံက အသွားအလာ ပိတ်ပင်ထားတာကို ဖြေလျှော့ပေးတော့မှာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတို့ဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားဖူးတဲ့ ရာဇဝင်မရှိပေမဲ့ COVID-19 ရောဂါရှိကြောင်း အတည်ပြုထားတဲ့ လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ စီးပွားရေးဘဏ် အဆောက်အဦးကို ဒီကနေ့ညနေပိုင်းက လက်နက်ကြီးကျည် ထိမှန်ရာက ကလေး ၂ ယောက် အပါအဝင် လူ ၃ ဦး သေဆုံးသွားကြောင်း ကိုယ်တိုင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။
ဧပြီလ ၂၂ ရက် ဒီကနေ့ကျရောက်တဲ့ နှစ် ၅၀ မြောက် မြေကမ္ဘာနေ့ကိုတော့ COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းကနေပဲ ဆင်နွှွဲကြဖို့ ကမ္ဘာတဝန်း စည်းရုံးလှုပ်ရှားနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဒဏ်ကို ကမ္ဘာ့နေရာစုံကလူတွေ အလူးအလဲ ရင်ဆိုင်နေရတဲ့အတွက် တကမ္ဘာလုံး အပစ်အခတ်ရပ်စဲကြဖို့ ရန်ကုန် ကက်သလစ်ခရစ်ယာန် ဂိုဏ်းအုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက လက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်