COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချသူတွေအတွက် အမြဲတမ်းနေထိုင်ခွင့်ပြုရေး အစီအစဉ်ကို ရက်ပေါင်း ၆၀ ကြာ ဆိုင်းငံ့ထားမယ့် သမ္မတအမိန့်ကို ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုဖို့ စီစဉ်ထားကြောင်း သမ္မတ Donald Trump ကပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ COVID- 19 ကပ်ရောဂါကျရောက်နေတဲ့အတွက် အကန့်အသတ်နဲ့ သွားလာခွင့်ပိတ်ပင်ထားတာကို နောက်ထပ် သီတင်း ၄ ပတ် ထပ်တိုးလိုက်တယ်လို့ ဝန်ကြီးချုပ် Lee Hsien Loong က အင်္ဂါနေ့ကပြောပါတယ်။
WHO ရဲ့ မော်တော်ယာဉ်တစ်စီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရပြီး လူ့အသက် သေဆုံးရတဲ့ ဖြစ်ရပ် အတွက် အလွန် စိုးရိမ် ပူပန်မိကြောင်း မြန်မာနိုင်ငံအတွင်းက လူသားချင်း စာနာမှု အကူအညီ ပေးရေး နိုင်ငံတကာ အဖွဲ့ အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အပစ် အခတ် ချက်ချင်း ရပ်စဲ ဖို့ တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမြို့တော်၊နယူးဒေလီမြို့ က သမ္မတ Ram Nath Kovind ရဲ့ အိမ်တော်ဝင်းအတွင်း ဝန်ထမ်း အိမ်ရာတစ်ခုမှာ နေထိုင် တဲ့ ရေသန့်ဝန်ထမ်းတယောက်ရဲ့ မိသားစုဝင်တဦး ဆီမှာ COVID-19 ရောဂါပိုးကူးစက်နေတာတွေ့ရှိရတဲ့ အတွက် အင်္ဂါနေ့က သမ္မတအိမ်တော် အိမ်ရာဝင်းအတွင်း နေထိုင်သူ ၅၀၀ လောက်ကို သီးခြားခွဲထားလိုက်ပါတယ်။
ဧပြီလ ၂၁ ရက်၊ အင်္ဂါနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၁၂၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ မူလက ၁၁၉ ဦး ရှိခဲ့ရာက နောက်တိုးလူနာ ၂ ဦး ရှိတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့ညမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အကျဉ်းထောင်တွေက ပြန်လွတ်လာကြတဲ့ ရိုဟင်ဂျာ ၈၀၀ ကို တနလာၤနေ့က ရခိုင်ပြည်နယ်ကို ပို့ဆောင်ကြောင်း AFP သတင်းအေဂျင်စီက ဖော်ပြပါတယ်။ မြန်မာနှစ်ကူး နှစ်ဆန်း ၁ရက်နေ့က သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသား ၂၅,၀၀၀ နီးပါး ထဲမှာ ပါဝင် လွတ်မြောက် လာသူတွေ ဖြစ်ပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်း လာရပြီးလောင်စာဆီ မှာယူတင်သွင်းသူ မရှိတာကြောင့် Texas ရေနံစိမ်းဈေးကွက် ပြိုလဲသွားရပြီး လာမယ့် မေလအတွက် ရေနံဈေး ဟာ သုည ဒေါ်လာအောက် ထိုးကျသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အရေးကို အစကတည်းက သတိပေးခဲ့ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုကို ထိန်ချန်ထားခဲ့တာ မရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ ခုခံ ပြောဆိုပါတယ်။
COVID-19 လူနာတွေ ကုသပေးနိုင်ရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့နဲ့ လူနာတွေ ရောဂါအပြင်းအထန်ခံစားရတာကနေသက်သာစေဖို့နဲ့ သေဆုံးမှု လျော့နည်းစေဖို့ ဒီငွေတွေက အထောက်အကူဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်တာဝန်ရှိသူ Mariam Sherman က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Coronavirus ပိုးကူးစက်မှုထိန်းချုပ်နိုင်ဖို့ အပြင်မထွက်ရကန့်သတ်မိန့်တွေကို နိုင်ငံတော်တော်များများမှာ စတင်ဖြေလျော့ပေးနေပါတယ်။ ဂျာမနီနိုင်ငံမှာ ဆိုင်အသေးစားတချို့ကိုအာဏာပိုင်တွေက ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း လူစုလူဝေးရှောင်ပြီး လူခွဲနေကြဖို့ ညွှန်ကြားချက်ကိုတော့ ဆက်လက်လိုက်နာကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာနဲ့ အဝှမ်း COVID-19 ကပ်ရောဂါကျရောက်နေတဲ့ အချိန် နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေနဲ့ နိုင်ငံမဲ့နေတဲ့ အမျိုးသမီးတွေ အနေနဲ့ လိင်ကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရဖို့ အခြေအနေပိုပြီး မြင့်မားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ ပြောလိုက်ပါတယ်။
ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်မှာ တနင်္ဂနွေနေ့က အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးက သေနတ်နဲ့ ရမ်းကား ပစ်ခတ်တာကြောင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
ဒီကနေ့မနက်အစောပိုင်း နောက်ဆုံးရ သတင်းတွေအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၂ ဒသမ ၃ သန်းထိ မြင့်တက်လာခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ အမေရိကန်သမ္မတ Donald Trump ကို "ကောင်းမွန်တဲ့စာတစောင်" ရေးသားပေးပို့ခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယားအစိုးရက ငြင်းဆန်ခဲ့ပါတယ်။
ဧပြီ ၁၉ တနင်္ဂနွေည ၁၁ နာရီခွဲအချိန်ထိ သတင်းထုတ်ပြန်ချက်အရ အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၁ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ရုပ်သံအထူးအစီအစဉ်တခုကို မနေ့ စနေနေ့က ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာကျော် ဂီတပညာရှင်တွေဖြစ်တဲ့ Lady Gaga, Stevie Wonder, Lizzo, Shawn Mendez အပါအဝင် တခြား အဆိုတော်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို သတိထား စောင့်ကြည့်နေရဆဲ အချိန်မှာပဲ ပြည်နယ်အတော်များများက စီးပွားရေးလုပ်ငန်းတွေကို ရှေ့လာမယ့်သီတင်းပတ်ကစ ပြန်ဖွင့်သွားမှာ ဖြစ်တယ်လို့ သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက် ၁ ဦး တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာတာဟာ ဝူဟန်မြို့ ဇီဝဓာတ်ခွဲခန်းကနေ ဖြစ်နိုင်တယ်လို့ ပြောဆိုနေတဲ့အပေါ်မှာ ဝူဟန်ဓာတ်ခွဲခန်းရဲ့ ညွှန်ကြားရေးမှူးက အပြင်းအထန် ကန့်ကွက် ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ထင်ရှားတဲ့ ဆရာတော်ကြီးတပါးဖြစ်တဲ့ သီတဂူဆရာတော် အရှင် ဉာဏိဿရက COVID-19 ရောဂါဒဏ် ခံစားရသူတွေအတွက် ပုပ်ရဟန်းမင်းကြီး Francis ထူထောင်ထားတဲ့ အရေးပေါ် ရန်ပုံငွေထဲ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထည့်ဝင်လှူဒါန်းကြောင်း ဧပြီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ Vatican News မှာ ဖော်ပြပါရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်