ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေတာကြောင့် အိမ်ပြင်မထွက်ရအမိန့် ချမှတ်ထားတဲ့ကြားမှာပဲ စနေနေ့က ဆိပ်ကမ်းမြို့ဖြစ်တဲ့ စစ်တကောင်းမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က စနေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေ တိုးလာနေတာနဲ့အတူ စီးပွားရေးမှာပါ ထိခိုက်မှုရှိနေတာကို လျှော့ချနိုင်ရေးအတွက် ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ပန်ကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ပြန်စနိုင်ဖို့အတွက် အသင်းတွေနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုးကူးစက်သူ ၂,၂၀၀,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၁၅၄,၀၀၀ ကျော်သွားပါပြီ။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ထားသူ နောက်ထပ် ၄ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ကူးစက်သူ ၉၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာတော့ ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၉၄၂ ယောက်ရှိတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့ မှာ ဒီရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ နဂိုထုတ်ပြန်ထားတဲ့ စာရင်းထက် ၅၀ % ကျော် တိုးလာတဲ့ အတွက် အခုဆို သေဆုံးသူ အရေတွက်က စုစုပေါင်း (၃၈၆၉ ) ၄ ထောင်နီးပါးဖြစ်သွားပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် ဗြိတိသျှ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်ဟာ သိပ်ကို နှေးကွေးလွန်းနေကြောင်းနဲ့ ဒီကပ်ရောဂါကို မကျော်လွှား နိုင်ခင်မှာပဲ လူပေါင်း ၄ သောင်းလောက် အထိ သေဆုံးနိုင်ချေ ရှိနေတယ်လို့ လန်ဒန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပါမောက္ခ က ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သောကြာနေ့တရက်ထဲမှာပဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူအသစ်၄၀၇ ဦးရှိတဲ့ အတွက် ရောဂါကူးစက် ခံရသူ ပေါင်း ၅၉၀၀ ကျော်အထိ ရှိသွားခဲ့ပါပြီ။ ဒါဟာ အရှေ့တောင်အာရှ ဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံး ဖြစ်နေတဲ့ ဖိလစ် ပိုင်နိုင်ငံထက် အရေအတွက် ကျော်လွန်သွားခဲ့တာပါ။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲ မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့တို့အကြား အရှိန်မြင့်တက်လာနေတဲ့လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြော ခွင့်ရ Rupert Colville က ပြောပါတယ်။
အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ယောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ယောက်၊ ကလေးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ၁ ယောက် စုစုပေါင်း ၃ ယောက်မှာ COVID-19 ရောဂါပိုး ကူးစက်နေကြောင်း တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ချန်ပီယံလိဂ်ဘောလုံးပွဲတွေ အပါအဝင် ဥရောပက ဘောလုံးပွဲတွေကို အာဏာပိုင်တွေ ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့၂၀၁၉-၂၀ ဘောလုံးရာသီကို ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာ ဥရောပဘောလုံးအဖွဲ့ချုပ်က စဉ်းစားနေကြတာဖြစ်ပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ထပ်ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်ရဲ့ ကြိုရောင်း၊ ကြိုဝယ် အစုရှယ်ဈေးကွက်တွေမှာ Dow Jones အစုရှယ်ယာတွေက အတက်ပြနေတာကြောင့် ဒီကနေ့ ဈေးကွက်ဖွင့်ချိန်မှာ အတက်ဈေးနဲ့ ဖွင့်မယ့်သဘောပြနေပါတယ်။ ဒါ့အပြင် S&P 500 အစုရှယ်ယာတွေဟာလည်း ဝ.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး NASDAQ ကတော့ ၁.၆၆ ရာခိုင်နှုန်း လောက် တက်လာခဲ့ပါတယ်။
Wuhan မြို့က သေဆုံးသူအရေအတွက်ကို မူလစာရင်းထက် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ နောက်ထပ် ၁,၂၉၀ သေဆုံးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်တဲ့အတွက် ဒီမြို့မှာ စုစုပေါင်းသေဆုံးသူ ၃,၈၆၉ ယောက်ဖြစ်သွားပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအထိမ်းအမှတ်တဲ့ အကျဉ်းသား ၂၅,၀၀၀ နီးပါးကို သမ္မတဦးဝင်းမြင့်က သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ အကျဉ်းသားစုစုပေါင်း ၂၄,၈၉၆ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ထဲမှာ နိုင်ငံခြားသား ၈၇ ယောက်ပါဝင်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ရုတ်တရက်ပြန်လာကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကပ်ရောဂါဘေးကနေ ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂက အကူအညီပေးနေတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီသတင်းပတ်ထဲ အိန္ဒိယနိုင်ငံက တင်ပို့တဲ့ ဆန်ဈေးနှုန်း ၈ လအတွင်း အမြင့်ဆုံးဈေး တက်သွားခဲ့ပါတယ်။အိမ်ပြင်မထွက်ရ အမိန့် သီတင်း ၃ ပတ်ကြာကာလ ပြီးတဲ့နောက်ပိုင်း ကုန်သည်တွေက စာချုပ်အသစ် ချုပ်ဆိုတာတွေ ပြန်လုပ်လာကြတဲ့အတွက် အခုလို ဈေးတက်တာပါ။
တရုတ်နိုင်ငံ အင်အား တိုးချဲ့နေတာကို ကာကွယ်တုံ့ပြန်တဲ့အနေနဲ့ Indo-Pacific Deterrence Initiative လို့ခေါ်တဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်း အန္တရာယ်ဟန့်တားရေး အစီအစဉ်ကို စတင်ဖို့ အဆိုပြုမယ်လို့ အမေရိကန် အောက်လွှတ်တော် လက်နက်ကိုင် အဖွဲ့များ ဆိုင်ရာ ကော်မတီဝင် အမတ်တစ်ဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်