COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မည်သူမဆို လုံလောက်တဲ့အကြောင်းပြချက် မရှိဘဲ နေ့စဉ် ည (၉) နာရီကနေ မနက် (၄) နာရီအကြား အပြင် လုံးဝထွက်ခွာခြင်းမပြုဖို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဝန်ကြီးချုပ် Abe က ကြာသပတေးနေ့က တနိုင်ငံလုံး အတိုင်းအတာနဲ့အရေးပေါ် အခြေအနေ တိုးချဲ့ချမှတ်လိုက်ပါတယ်။ ကပ်ရောဂါကြောင့်ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရအနေနဲ့ အားလုံးကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့လည်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာပိတ်ပင်ထားတာတွေကို နိုင်ငံတချို့က ပြန်ပြီး ဖြေလျှော့ပေးဖို့ စီစဉ်နေကြချိန်မှာပဲ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက် တွေအတွက် သက်တမ်း ထပ်တိုးလိုက်ကြပါတယ်။
မြန်မာနိုင်ငံဟာ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ စာချုပ် NPT ကို ချိုးဖောက်တဲ့ အထောက်အထားတွေ မတွေ့ရပေမယ့် နျူကလီးယားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ မြန်မာနိုင်ငံ အတွက် အမေရိကန်က စိုးရိမ်နေဆဲ ဖြစ်ကြောင်း
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ အရေအတွက် အနည်းဆုံး ဖြစ်တဲ့ ပြည်နယ် ၉ ခုကို စီးပွားရေး ပြန်လည်လုပ်ဆောင်ခွင့် ပထမဆုံး ပေးဖို့ သမ္မတ အိမ်ဖြူတော်က စဉ်းစား နေပါတယ်။
COVID-19 ကပ်ရောဂါ ဖြစ်နေချိန် ရွှေဈေး ခုနစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံက ရွှေဆိုင်တွေရှေ့ မှာ ရွှေရောင်းဖို့ ဒီနေ့လည်း တန်းစီစောင့်ရတဲ့အထိ ဖြစ်ခဲ့ကြပပါတယ်။ အင်္ဂါနေ့က ရွှေဈေး တအောင်စကို ဒေါ်လာ ၁၇၃၀ ကျော် အထိ တက်ခဲ့ပြီးနောက် ခုလို ထိုင်းလူမျိုးတွေ အလုအယက်ရွှေတွေ ထုတ်ရောင်းနေကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပိုင်နက် ရေပြင်ထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လှေကြီး တစင်းနဲ့ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်က ဗုဒ္ဓဟူးနေ့မှာ ကယ်ဆယ်ခဲ့ရတယ်လို့ ကမ်းစောင့်တပ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အကူးစက်ခံရသူ ၂ သန်းကျော်လာနေချိန်မှာပဲ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အတွက် ထောက်ပံ့ငွေတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ က ဝေဖန်နေကြပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အလုပ်လုပ်နေကြသူ တော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြသလိုပါပဲ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA က ဝန်ထမ်းတွေကလည်း လောလောဆယ် အင်္ဂါဂြိုလ် ပေါ်ကို ရောက်နေတဲ့ Curiosity ဂြိလ်တုကို သူတို့ရဲ့ အိမ်တွေကနေ ထိန်းချုပ် မောင်းနှင်နေကြပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ရေပြင်မှာ ဧပြီလအစောပိုင်းက ဗီယက်နမ် ငါးဖမ်းလှေတစ်စင်းကို တိုက်ပြီး နှစ်မြှုပ်ခဲ့တဲ့ တရုတ်သင်္ဘော Haiyang Dizhi အဲဒီ ရေပြင်ထဲ ပြန်ရောက်လာခဲ့ပြန်ပါတယ်။
မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့နဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံပိုင် Global Times သတင်းစာကဆိုပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေတွေကို ဆိုင်းငံ့ထားဖို့ သမ္မတ Donald Trump ဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ တုံ့ပြန်လိုက်ပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆ ၂၀ လောက်တိုးအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းမယ့်အကြောင်း သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသူတွေ ၂ သန်းလောက် ဖြစ်လာနေချိန်မှာပဲ ဒီရောဂါ မပြန့်ပွားအောင်ရည်ရွယ်ပြီး အသွားအလာ ကန့်သတ်မှု အတွက် အိန္ဒိယ၊ ပြင်သစ်နဲ့ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံအများအပြားက ကန့်သတ်ရက်တွေကို ထပ်မံ တိုးမြှင့် လိုက်ကြပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို သမ္မတဟောင်း ဘာရက်အိုဘားမားက ထောက်ခံကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ပြီး ဘိုင်ဒင်ဟာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နေရာကို ရယူဖို့ အကောင်းဆုံးသူတယောက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်တိုးလာတဲ့အတွက် နှာခေါင်းတွင်း တို့ဖတ် နမူနာယူပြီး ရောဂါရှိ၊ မရှိစစ်ဆေးတာ အပြင် ခန္ဒာကိုယ်အတွင်း ပဋိဇီဝပစ္စည်း antibody ထွက်ပေါ်နေခြင်း ရှိ၊မရှိ သွေးနမူနာယူ စစ်ဆေးတဲ့နည်းကို လည်း စတင် လုပ်ဆောင်နေပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့ စင်္ကာပူနိုင်ငံမှာ အင်္ဂါနေ့ ကစပြီး လူအများသွားလာတဲ့နေရာတွေမှာ လူတိုင်း နှာခေါင်းစည်း မတပ်မနေရ သတ်မှတ်လိုက်ပါတယ်။
အခုနောက်ဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူဟာ ၂၄ ယောက်မြောက် ဗိုင်းရပ်စ်ပိုးကူးစက်သူနဲ့ ထိတွေ့မှုရှိခဲ့သူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူနဲ့ သူ့မိသားစုဝင်တွေ၊ နောက် သူနဲ့အနီးကပ်ထပ်တွေမှုရှိသူ အားလုံး စုစုပေါင်း လူ ၃၀ ကို ဓါတ်ခွဲနမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်တွေကို တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေမှာ ပြင်းထန်တဲ့ မုန်တိုင်း ဝင်တိုက်သွားတဲ့ အတွက် သေဆုံးသူ အနည်းဆုံး ( ၃၀ ) ဦးရှိသွားပါပြီ ။
နောက်ထပ်ကြည့်ရှုရန်