အမေရိကန် ရေတပ်ရဲ့ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူ သဘောၤသား တဦး တနင်္လာနေ့က သေဆုံးခဲ့ပြီး ဒါဟာဆိုရင် အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင် တဦး COVID -19 ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။
“အမေရိကန်အပါအဝင် မြန်မာနိုင်ငံမှာပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကို စိန်ခေါ်မှု တရပ်အနေနဲ့ ရင်ဆိုင်နေရတာကြောင့် ကျေးဇူးပြုပြီး ဘေးကင်းလုံခြုံစ ွာ ဂရုတစိုက်နေကြဖို့" အမေရိကန် သံအမတ်ကြီး Scot Marciel နဲ့ ဇနီးတို့က ရန်ကုန် အမေရိကန်သံရုံး Facebook က တဆင့် ဗွီဒီယိုသတင်းစကား ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်္ဂါနေ့ မနက်ခင်း အစောပိုင်း ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ COVID- 19 ကူးစက်ခံ အတည်ပြု လူနာ အသစ် ၂၁ ယောက် တွေ့ရှိခဲ့ရပြီး စုစုပေါင်း ၆၂ ဦးထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၁၀ နာရီ ၁၅ မိနစ် သတင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်က သတ်မှတ်ထားတဲ့ နေရာမှာ အသွားအလာကန့်သတ်၊ စောင့်ကြပ် ကြည့်ခံထားရသူ ၁ ယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
COVID-19 ရောဂါပိုးရှိသူ နောက်ထပ် ၁၁ ယောက်ကို ဆေးစစ်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ခဲ့သူ ၁၁ ယောက်မှာ COVID-19 ရောဂါပိုးရှိနေကြောင်း ဓါတ်ခွဲခန်း စစ်ဆေးမှုမှာ တွေ့ရပါတယ်။
COVID-19 ကပ်ရောဂါ အဆိုးဆုံးဖြစ်ပွားတဲ့နိုင်ငံ တခုဖြစ်တဲ့ စပိန်နိုင်ငံက တင်းကြပ်ထားတဲ့ ကန့်သတ်မှုတချို့ကို ဒီနေ့စတင် ဖြေလျှော့ခဲ့ပြီး ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍက လုပ်သားတွေကို အလုပ်ခွင် ပြန်ဝင်ခွင့်ပြုခဲ့ပါတယ်။
ကမ္ဘာမှာ COVID-19 ကပ်ဘေးရောဂါကြီး ရင်ဆိုင်နေချိန်ကာလ မျှော်လင့်ချက်ထားကြဖို့နဲ့ သွေးစည်းညီညွတ်ကြဖို့ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်သာသနာပိုင် ကာဒီနယ်လ် Charles Bo က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မေလ ၁ ရက်နေ့မှာ ပုံမှန် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖွင့်လှစ်ဖို့ ကြိုးစားမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက် ပျံ့နှံ့မယ့် အန္တရာယ် သိပ်ပြီးကြီးမားမယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်ပညာရှင် Anthony Fauci က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၂ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေ သန်းခေါင်ကျော် တနလာၤနေ့ မနက်အစောပိုင်းမှာ ကြေညာလိုက်တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၄၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ဖြစ်လာတာကို တားဆီးနိုင်ဖို့ တရုတ်အစိုးရက လုပ်ဆောင်နေချိန်မှာ အာဖရိကတိုက်သားတွေအပေါ် သူတို့အဆိုအားဖြင့် ခွဲခြားဆက်ဆံမှု လုပ်နေတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အာဖရိက သံအမတ်ကြီးတွေက သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ ပေးပို့တဲ့စာမှာ ရေးသားလိုက်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်တဲ့ အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်ပြီး ဗာတီကန်မြို့က St. Peter ဘုရားကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ ဒီကနေ့မှာ ဆေးရုံကနေ ဆင်းလာပါပြီ။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ နောက် ၁ ဦး ဒီကနေ့ပဲ ထပ်မံသေဆုံးသွားတဲ့အတွက် အခုဆိုရင် ဒီရောဂါကြောင့် သေဆုံးသူအဖြစ် အတည်ပြုထားသူ စုစုပေါင်း ၄ ဦး ရှိသွားပါပြီ။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခု နောက်ထပ် ကူးစက်မှုအသစ် ၉၀ ကျော် ရှိကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
Covid-19 ရောဂါရှင်တွေကို ဆေးစစ်လို့ ပိုးမတွေ့ရတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးဖို့ စဉ်းစားပြီး ဆင်းခွင့်မပေးခင် ပြန်စစ်ဆေးရာမှာတော့ ပိုးပြန်တွေ့နေရတာမျိုးတွေ ရှိလာတဲ့အတွက် ဖြစ်နိုင်ခြေတွေကို ဆက်လက် စုံစမ်းနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စနေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်မှူးကြီးနဲ့ တာလီဘန် ခေါင်းဆောင်တို့ဟာ နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက်အရ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျော့ပါးစေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စနေနေ့က ပြောပါတယ်။
ငှက်ဖျားရောဂါ ကုသရာမှာ အသုံးပြုတဲ့ Hydroxychloroquine (HCQ) ဆေးပြား သန်း ၂၀၀ ကို ဧပြီလထဲမှာ ထုတ်လုပ်သွားမယ်လို့ အိန္ဒိယ ထိပ်တန်း ဆေးထုတ်လုပ်ရေး ကုမ္ပဏီတခုက စနေနေ့က ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါရှိမရှိ စောင့်ကြည့်ခံနေရသူ နောက်ထပ် ၃ ဦးရဲ့ ဓာတ်ခွဲနမူနာ အဖြေအရ ရောဂါပိုးကူးစက်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်တွေ အပါအဝင် ဘယ်သူမှ COVID ရောဂါပိုး မကူးစက်ဘဲ ရောဂါပြီးတယ်ဆိုတာ မရှိတာကြောင့် အားလုံး စည်းကမ်းလိုက်နာပြီး အထူးဂရုစိုက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ရေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်