ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူပေါင်း ၁.၇ သန်းဝန်းကျင် ရှိသွားပြီလို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ သောကြာနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ VOA အမေရိကန်အသံဟာ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်တဲ့သတင်းတွေ ထုတ်လွှင့်ပေးနေတယ်ဆိုပြီး အမေရိကန် သမ္မတအိမ်ဖြူတော်က ပြစ်တင်ဝေဖန်တာကို VOA က ပယ်ချလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးသစ်ကို တရုတ်သိပ္ပံပညာရှင်တွေက လူတွေနဲ့ စမ်းသပ်ပြီး တပတ်မပြည့်ခင်မှာပဲ အဲဒီကာကွယ်ဆေးကို စမ်းသပ်အထိုးခံမယ့် ဒုတိယတသုတ်ကို ရွေးချယ်လိုက်ပြီလို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာ တွေကဖော်ပြလိုက်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ EU ဥရောပမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ ယူရိုငွေ ဘီလီယံ ၅၀၀ ရန်ပုံငွေ သုံးသွားမယ်လို့ ယူရိုငွေကြေးသုံးစွဲတဲ့ EU နိုင်ငံ ၁၉ ခုရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုလို့ ထောင်ချခံရသူတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ ယာယီအထွေထွေ အတွင်းရေးမှူးက သမ္မတဦးဝင်းမြင့်ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၄ ယောက် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၂၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တားဆီးကာကွယ်ရေး ကနဦး အောင်မြင်မှုတွေ ရနေကြောင်း အိန္ဒိယအစိုးရက ပြောပါ တယ်။ အိန္ဒိယနိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၈၀၀ကျော်နဲ့ သေဆုံးသူ ၁၆၉ ဦး ရှိတာကြောင့် အမေရိကန်၊ အီတလီနဲ့ စပိန် နိုင်ငံတွေထက် ရောဂါဖြစ်ပွားမှု လျော့နည်းပါတယ်။
အမေရိကန်နိုင်ငံ တလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံံ့မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထား တောင်းခံသူပေါင်း နောက်ထပ် ၆.၆ သန်း ရှိတယ်လို့အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နောက်သီတင်းပတ်အတွင်း ကျရောက်မယ့် songkran နှစ်သစ်ကူးပွဲမတိုင်မီ အရက်သေစာ ရောင်းချခွင့် ၁၀ ရက်ပိတ် ပင်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ Wuhan မြို့မှာ အသွားအလာ ဝင်ထွက်ခွင့် ပိတ်ပင်ထားတာတွေကို ပြန်ဖွင့်ပေး လိုက်ပေမယ့် မြို့သူမြို့သားတွေအနေနဲ့ ရောဂါပြန်ပြီး ခေါင်းထောင် မလာနိုင်ရေး နိုးနိုးကြားကြားရှိဖို့လိုတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရဲ့ COVID- 19 ရောဂါနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ သိထားသင့်တဲ့ အချက်တွေနဲ့ပတ်သက်လို့ မီးယပ်သားဖွားအထူးကုတယောက်နဲ့မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ်တယောက်ကို စစ်ဆေးတေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာနံပါတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာနေထိုင်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ မှာတော့ မြန်မာနိုင်ငံဟာ လူမျိုပြုန်းစေမှုကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ် Genocide Convention ကို အတည်ပြု လက်မှတ်ရေးထိုးထားတဲ့အတွက် အဲဒီစာချုပ်ပါ အချက်များကို လေးစားလိုက်နာသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ရုံး ပိတ်ရက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အိမ်မှာနေကြဖို့ ညွှန်ကြားချက်အရ ဧပြီလ ၁၀ ကနေ ဧပြီ ၁၉ ရက်နေ့အထိ အမေရိကန်သံရုံးကို ပိတ်ထားမယ်လို့ ရန်ကုန်အမေရိကန်သံရုံးက အသိပေးချက် ထုတ်ပြန်ပါတယ်။
အလုပ်လက်မဲ့ဖြစ်နေကြတဲ့အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေအတွက်EUဥရောပသမဂ္ဂက Wave Money ကတစ်ဆင့် ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်ကူလို့ဆိုတဲ့ “Quick Assistance” ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀၊ ကျပ်ငွေ ၇.၉ ဘီလျံကို အထောက်အပံ့ ၃ မျိုးပေးသွားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ လုပ်ကိုင်နေတဲ့ ဂျပန် စီးပွားရေး လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေ တရုတ်နိုင်ငံ ပြင်ပကို ပြောင်းရွှေ့ရာမှာ အကူအညီ ပေးဖို့အတွက် ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ Bloomberg သတင်းတစ်ရပ်မှာ ပါရှိပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်ကမ်းခြေစောင့် သင်္ဘောက ဗီယက်နမ် ငါးဖမ်းလှေတစင်းကို တိုက်ခိုက် နစ်မြုပ် လိုက်တဲ့ကိစ္စမှာ ဗီယက်နမ်နိုင်ငံကိုထောက်ခံကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ ၂ ဦးပဲ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ့် အနေထားကို ရောက်လာပြီ ဖြစ်ပါတယ်။
တရုတ် သမ္မတ Xi Jinping ရဲ့ coronavirus အရေးကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ပျောက်ဆုံးနေတဲ့ အိမ်ခြံမြေလုပ်ငန်း ရှင် သန်းကြွယ်သူဌေးကြီး Ren Zhiqiang အပေါ် ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ က စုံစမ်းစစ်ဆေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါဘေးကြောင့် အသက် သေဆုံးရသူ အခုထက် ပိုများ လာနိုင်တယ်လို့ WHO အကြီးအကဲက ကမ္ဘာ့ နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။ WHO ကို ပေးနေတဲ့ အမေရိကန်ရဲ့ ရန်ပုံငွေ အကူညီတွေဖြတ်တောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် လိုက်ပြီးတဲ့ နောက်မှာ အခုလို ပြောကြားလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်