အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပတဲ့ ဘာသာရေး ဝတ်ပြုပွဲတခုကို သွားရောက်ခဲ့သူ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရတာ တွေ့ရတယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ တရုတ်နိုင်ငံကို ဘက်လိုက်ပြီး ရပ်တည်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို WHO က ငြင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အသိပညာပေး ပန်းချီတွေကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရမှာ ရေးဆွဲခဲ့ ကြတဲ့ Street artist နံရံပန်းချီရေးဆွဲသူ ၃ ဦးအပေါ် အမှုဖွင့်အရေးယူထားတာတွေ အားလုံး ချက်ချင်းရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဧပြီလ ၈ ရက်နေ့မှာ ကြေငြာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံက လူနာအမှတ် ၁၇ နဲ့ လူနာအမှတ် ၁၆ တို့ သေဆုံးကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၈ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၆ ရက်နေ့ည ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိနေပါတယ်။
COVID-19 အရေးပေါ် အခြေအနေကြောင့် ပြည်ပမှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံသားတွေအတွက် ဝန်ဆောင်မှုတွေကို လျှော့ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာ လကုန် လောက်ကစပြီး အသွားအလာ ပိတ်ထားရာ ကနေ အင်္ဂါနေ့မှာတော့ ဒီကန့်သတ်ချက်တွေ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တရုတ် အစိုးရက ကြေညာပါတယ်။
ငှက်ဖျားရောဂါ ကုသဆေး Hydroxychloroquine ကို ပြည်ပ တင်ပို့မှု ပိတ်ပင်ထားတာကို အိန္ဒိယ နိုင်ငံက အကန့်အသတ်နဲ့ ပြန်လည် ခွင့်ပြုလိုက်ပါတယ်။
လက်ရှိ ဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဆိုးနဲ့ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရဲ့ ကိုင်တွယ်ပုံကို ကြည့်ပြီး အမေရိကန်က ပေးနေတဲ့ ရန်ပုံငွေကို ဖြတ်တောက်ပစ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ကျန်းမာရေး ပြဿနာအခံရှိတဲ့ အကျဉ်းသားတွေတင်မကဘဲ အကြမ်းဖက် ပြစ်မှုနဲ့ မဟုတ်တဲ့ အကျဉ်းကျခံနေရသူတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုထားသလို အကျဉ်းထောင်တွေထဲ COVID-19 ကပ်ရောဂါ မဖြစ်ပွားအောင် ကြိုတင် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ တိုကျိုနဲ့ အခြားဒေသ ၆ ခုအတွက် တလကြာအရေးပေါ်အခြေအနေု ထုတ်ပြန်လိုက်တာဖြစ်ပြီး လူတွေအိမ်ပြင်မထွက်ကြဖို့၊ စီးပါွးရေးလုပ်ငန်းတွေ ပိတ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပထမ အသုတ်ကို မြန်မာတပ်မတော်က မကြာခင် လက်ခံရယူဖို့ရှိနေပါတယ်။ဒီဒုံးကျည်စနစ်ကို ရရှိဖို့အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ နှစ်နဲ့ချီပြီး ဆက်တိုက်ပြုလုပ်ခဲ့ရတယ်လို့ ကမ္ဘာ့လက်နက်ရောင်းဝယ်ရေးသတင်းတွေကို ဖေါ်ပြနေတဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။
COVID-19 နဲ့ တနင်္ဂနွေနေ့က ဆေးရုံတင်ခဲ့ရတဲ့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ ရောဂါလက္ခဏာ ပိုပြီး ဆိုးရွားလာတဲ့ အတွက် တနလာၤနေ့မှာ အထူးကြပ်မတ်ကုသဆောင် ICU ကို ရွှေ့ပြောင်း ကုသနေရပြီး နိုင်ငံခြားရေးဝန်ကြီး Dominic Rabb ကို သူ့ကိုယ်စား တာဝန်ယူဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ရုံးက ပြောဆိုထား ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ဘေးရောဂါကာကွယ်တိုက်ဖျက်ရေးလူထုကျန်းမာရေး အရေးပေါ် စီမံချက် တွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အမေရိကန်နဲ့ အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို ဧပြီလ (၁) ရက်နေ့က ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရရေး ကာကွယ်ဖို့ အတွက် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းတွေကို အများပြည်သူကြား ဝယ်ယူသုံးစွဲမှုဟာဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေ အတွက် မလောက်ငမှုကို ဖြစ်စေပြီး အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 လူနာ နောက်တဦးတွေ့ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၂၂ ဦးအထိ ရှိသွားပါပြီ။
မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူ ၂၆၇ ယောက်ကို အမေရိကန်ပြန်နိုင်ဖို့ သံရုံးက ကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရ စီစဉ်ပေးတဲ့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကနေ အဲဒီ ၂၆၇ ယောက် ဒီကနေ့ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ coronavirus ပိုး ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ Tokyo မြိုတော်နဲ့ ခရိုင် ၆ ခုမှာ အင်္ဂါနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာမယ်လို့ ဝန်ကြီးချုပ် Shinzo Abe က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ုနိုင်ငံက လူအဆမတန်ပြည့်ကြပ်နေတဲ့ ဒုက္ခစခန်းမှာ ခိုလှုံနေတဲ့ သက်ကြီးရွယ်အို ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကဒ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်ခြေ အတော်များနေတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာဆန်းစစ်တဲ့အဖွဲ့ AI ကပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို တုံ့ပြန်ကိုင်တွယ်ဖို့ နှေးကွေးနေတယ်၊ အခုအချိန်ထိလည်း ဒီ ကပ်ရောဂါဘေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ အလားအလာရှိတဲ့ ဒုတိယသမ္မတဟောင်း Joe Biden က တနင်္ဂနွေနေ့မှာ စွပ်စွဲလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီဟာဆိုရင် အာဖဂန်ရဲ့ နိုင်ငံရေးပဋိပက္ခ ပြေလည်ရေးနဲ့ ဆက်စပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်