နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ချခံခဲ့ရတဲ့ တရုတ်နိုင်ငံက ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Wang Quanzhang ကို တရုတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ကမ္ဘာတလွှားမှာ COVID -19 ကူးစက်ခံထားရသူ ၁,၂၀၀,၀၀၀ ထဲမှာ အကြမ်းဖျဉ်း ၂၅ ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စု အတွင်းမှာ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ မနက်ခင်း စာရင်းတွေမှာ ဖော်ပြပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ပုပ်ရဟန်းမင်းကြီး Francis အပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားက ခရစ်ယာန် ဘာသာဝင်တွေအတွက် ဒီနှစ် အီစတာပွဲတော်ကို ခါတိုင်းနှစ်တွေလို ကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ အရှေ့တောင်အာရှက နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးမှုတွေ ထပ်ပြီး ရှိလာနေပါတယ်။
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းခွဲကျော် ရှိသွားပြီဖြစ်ပြီး ဒီထဲမှာ ဥရောပနဲ့ အမေရိကန်နိုင်ငံက ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်ခံရသူ ၁၃၀ ကျော်ရှိတယ်လို့ တိုကျိုမြို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ဂျပန်နိုင်ငံရဲ့ NHK သတင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ တရက်တည်းမှာ ရောဂါကူးစက်မှုအများဆုံး ကူးစက်ခံရတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူဟာ ကမ္ဘာတလွှား တသန်းကျော်နေပြီဖြစ်ပြီး စနေနေ့အထိဆို လူပေါင်း ၆ သောင်းကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ အထိအနာဆုံးကတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။
အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ အာဖဂန်ဒေသတွင်း ခေါင်းဆောင်နဲ့ စစ်ဆင်ရေးတွေမှာ အဓိကလှုပ်ရှားနေသူ ၁၉ ဦးကို ဖမ်းဆီးရမိကြောင်း အာဖဂန် ထောက်လှမ်းရေးအဖွဲ့က စနေနေ့မှာ ကြေညာပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ထုတ်ပြန်ထားတဲ့ အိမ်ပြင်မထွက်ရ အမိန့်ကို ချိုးဖောက်သူ လူ ၄၀၀၀ ကျော် ဖမ်းဆီးခံရပါတယ်။
အိန္ဒိယနိုင်ငံက ဆန်ကုန်သည်တွေအနေနဲ့ ဆန်တင်ပို့ဖို့ ကန်ထရိုက်စာချုပ် အသစ်တွေကို ဆက်လက်မခံတော့ဘဲ ရပ်ဆိုင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု တားဆီးရေး ဝိုင်းဝန်းကြိုးပမ်းတဲ့အနေနဲ့ အဝတ်နှာခေါင်းစည်းတွေ တပ်ကြဖို့ အမေရိကန်အစိုးရက အကြံပြုကြောင်း သမ္မတ Donald Trump က သောကြာနေ့ကပဲ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနောက်တဦး ဒီကနေ့ ထပ်ထွက်လာပြီး အခုချိန်အထိ ရောဂါကူးစက်သူ စုစုပေါင်း ၂၁ ဦး ရှိသွားပါပြီ။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၈ ယောက်ရှိတယ်လို့ တိုကျိုမြို့ အာဏာပိုင်တွေကို ကိုးကားပြီး ဂျပန်နိုင်ငံရဲ့ NHK သတင်းက ကြေညာပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကင်းဝေးတဲ့ စိတ်ချရတဲ့အချိန် မရောက်မချင်း၊ သင့်တော်တဲ့အချိန် မရောက်မချင်း ပြန်စတင်မှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို COVID-19 ရောဂါ ပြန့်ပွားမယ့်အရေး တားဆီးနိုင်ဖို့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ကမ္ဘာတလွှားက လူသန်းပေါင်းများစွာ လက်လှမ်း မှီနိုင်အောင် တောင်အာဖရိက ကုမ္ပဏီတခုက (COVID-19 Health Alert) ကိုဗစ်- 19 ကျန်းမာရေး သတိပေးချက်တွေကို WhatsApp bot ကနေ တဆင့် မိုဘိုင်း သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုက်နေချိန် ကြုံနေရတဲ့ အရေးပေါ် အခြေနေအရ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေဆီ ပြင်ပနိုင်ငံတွေကနေ တင်သွင်းတဲ့ ဆေးပစ္စည်း ကရိယာတွေ ဆေးဘက်ဆိုင်ရာ အကာအကွယ်သုံး ပစ္စည်းတွေအတွက် သွင်းကုန်ခွန် ကောက်ယူမှုကို ယာယီဆိုင်းငံ့ ထားမှာ ဖြစ်ကြောင်း ဥရောပ ကော်မရှင်က သောကြာနေ့မှာ ကြေညာပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်း ထားတဲ့ ကြေညာချက်တစ်စောင်ကို အမေရိကန်အခြေစိုက် Asia Society အဖွဲ့က ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။
အာဖရိကမြင်းဖျားနာရောဂါ (AHS) ကြောင့် ထိုင်းနိုင်ငံမှာ မြင်းအကောင်ရေ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရ ကပြောပါတယ်။ အရင်က ဒီရောဂါမျိုး ထိုင်းနိုင်ငံမှာ တခါမှမဖြစ်ဖူးဘူးလို့ လည်း ထိုင်း မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဌာန ညွှန်ကြားရေးမှူး Sorawit Thanito က ကြာသပတေးနေ့ ကပြောပါတယ်။
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၀ ကျော်ကို စက်ရုံတွေမှာ အလုပ်အကိုင် ရေရှည်တည်မြဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုငွေကြေးကောက်ခံခဲ့တဲ့ ထိုင်းအထည်ချုပ်စက်ရုံက လျော်ကြေးပြန်ပေးခဲ့တယ်လို့ အမေရိကန်အခြေစိုက်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်