အမေရိကန်က လက်ရှိကူးစက်သူ ၂၄၅,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေပါတယ်။ coronavirus ပိုးပျံ့နှံ့ ကူးစက်မှုကာကွယ်နိုင်ဖို့ လူတွေကို နှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့ အိမ်ဖြူတော်က ဒီကနေ့ ညွှန်ကြားချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်တဲ့အနေနဲ့အခုလိုပိတ်ဖို့လုပ်ဆောင်လိုက်တာဖြစ်ပြီး အဓိကမရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍတွေကလွဲပြီး ကျန်တဲ့ရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေကိုပိတ်ဖို့ စင်ကာပူဝန်ကြီးချုပ်ကပြောကြားလိုက်တာဖြစ်ပါတယ်။
အမေရိကန်ရေတပ် လေယာဉ်တင်စစ်သင်္ဘော USS Theodore Roosevelt ပေါ်မှာ coronavirus ပိုးကူးစက်ဖြစ်ပွားနေပြီလို့ အသိပေးခဲ့တဲ့ သင်္ဘော captain ကို ရေတပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
မြန်မာနိင်ငံမှာ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ မမှန်မကန်ဖော်ပြနေတယ်ဆိုပြီး သတင်း website တွေကို ပိတ်ဖို့ အစိုးရက ညွှန်ကြားတဲ့အပေါ် ဒစ်ဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။
ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ တသန်းကျော် ရှိနေပြီး သေဆုံးသူက ၅ သောင်းကျော် ရှိနေပါပြီ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါဟာ အရှိန်မြန်မြန်နဲ့ ပြန့်နှံ့ နေတာကို အထူးစိုးရိမ် နေရတယ်လို့ ပြောပါတယ်။
စပိန်နိုင်ငံမှာ ဗုဒ္ဓဟူး နေ့ တနေ့ထဲမှာ လူပေါင်း ၉၅၀ သေဆုံးသွားတဲ့ အတွက် တရက်အတွင်း သေဆုံးမှု အများဆုံး စံချိန်သစ် တင်သွား ခဲ့ပြီး စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ကလည်း ၁ သောင်း ကျော်သွားပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးရေး ကိရိယာတွေကိုမြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကို ပေးပို့မှာ ဖြစ်ပါတယ်။
COVID-19 ရောဂါအတည်ပြုနိုင်သူ နောက်ထပ် ၄ ယောက် ထပ်တွေ့တဲ့အတွက် စုစုပေါင်း ၁၉ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့က နေအိမ်မှာ စောင့်ကြည့်ပြီး ဆေးစစ်ခဲ့တာကနေ COVID-19 ရောဂါရှိနေကြောင်း တေ့ွခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖဲွဲ့အစည်းအသီးသီးက ကာကွယ်တိုက်ဖျက်နေကြတာမှာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် နဲ့ အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လည်း ပါဝင်လုပ်ဆောင်နေတယ်လို့ FIFA က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ နက်ဖြန်သောကြာနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီကြား တနိုင်ငံလုံး မထွက်ရအမိန့်ထုတ်ပြန်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ရုပ်မြင်သံကြားပေါ်ကနေ ဒီကနေ့ ကြေညာသွားတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ coronavirus ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အိမ်ပြင်မထွက်ရ တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်သူတွေကို ပစ်သတ်မယ်လို့ သမ္မတ Rodrigo Duterte က ပြောကြားလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ဥရောပ ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ် ပွဲစဉ်အားလုံးကို နောက်ထပ် မကြေညာမချင်း ရပ်ဆိုင်းထားမယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါက NATO မဟာမိတ်အဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို မဟန့်တား နိုင်တဲ့ အပြင် အဖွဲ့ဝင် နိုင်ငံတွေ လုံခြုံစိတ်ချရရေး အတွက်ပါ ဆက်လက်လုပ်ဆောင် နေမှာ ဖြစ်ကြောင်း NATO အကြီးအကဲ Jens Stoltenberg က ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကမ္ဘာတလွှား စီးပွားရေးတွေ ရပ်တံ့ နေတဲ့ လက္ခဏာ အဖြစ် ကမ္ဘာ့ ဈေးကွက်တွေ ကျဆင်း နေချိန်မှာပဲ အမေရိကန် စတော့ရှယ်ယာ ဈေးတွေ လည်း တဟုန်ထိုး ထိုးကျနေပါတယ်။
တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei ရဲ့ 5G ဆက်သွယ်ရေး နည်းပညာ အသုံးပြုရေး ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ပြဿနာကြောင့်ပြောင်းလဲသွားနိုင်တယ်လို့ ဗြိတိန် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေအတွင်း အကြမ်းဖက် တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေတဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ဒီကနေ့ပဲ ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၁၆ ဦး ရှိသွားပါပြီ။ အခုနောက်ဆုံး အတည်ပြုလိုက်သူဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်က အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အထိ ဖြစ်ရတဲ့ အပေါ် စိုးရိမ်ကြောင်းနဲ့ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းနေကြတဲ့ အချိန်ဖြစ်တဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်ကြောင်းလည်း သံတမန်တွေက သတိပေးထားတာပါ။
COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ သတင်းဆိုးတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ အာရှက အစုရှယ်ယာ ဈေးကွက်တွေမှာ ဗုဒ္ဓဟူးနေ့က အနုတ်လက္ခဏာတွေ ပြခဲ့ပါတယ်။
COVID-19 ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပေမဲ့ ပြည်ပက ဝင်လာသူတွေကြောင့် ကူးစက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့ တရုတ်နိုင်ငံမှာလည်း အလားတူ ကန့်သတ်မှုတွေကို ကျင့်သုံးနေရပါတယ်။ ကမ္ဘာတဝှမ်း ကူးစက်မှုတွေနဲ့ သေဆုံးမှု လတ်တလော အများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီနဲ့ စပိန်နိုင်ငံတွေ ဖြစ်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်