မြန်မာနိုင်ငံကိုရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို လာမယ့် သီတင်းပတ်အတွင်း နေရပ်ပြန်ခေါ်နိုင်ရေး ရန်ကုန်မှာ ရှိတဲ့အမေရိကန်သံရုံးက စီစဉ်နေတယ်လို့ ရန်ကုန်အမေရိကန်သံရုံးက ဧပြီလ ၁ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps က နိုင်ငံပေါင်း ၆၁ နိုင်ငံမှာတာဝန်ထမ်းဆောင် နေတဲ့ စေတနာ့ဝန်ထမ်း ၇၃၀၀ ကျော်ကို ပြန်လည် ခေါ်ယူ လိုက်ပါတယ်။
ပါကစ္စတန် နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့် ရထား ပြေးဆွဲမှုတွေ ရပ်ပစ်ခဲ့တဲ့နောက် အအေးခန်းပါ အိပ်စင်တွေနဲ့ အထူးတန်း ရထားတွဲတွေကို COVID-19 ရောဂါ အကူးစက်ခံရသူ တွေကို ကုသပေးမယ့် ဆေးကုဌာန တွေအဖြစ် ပြောင်းလဲဖို့ စတင်လုပ်ဆောင် နေပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ လူဉီးရေ သန်း ၁၀၀ နီးပါးရှိတဲ့ ဗီယက်နမ် နိုင်ငံမှာ လိုအပ်တဲ့ အစားအသောက် နဲ့ ဆေးဝါးဝယ်ယူဖို့ ထွက်တာကလွဲလို့ တနိုင်ငံလုံး အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ပါတယ်။
Social Distancing လို့ခေါ်တဲ့ လူချင်း ခပ်ခွာခွာနေဖို့ ခဲယဉ်းတာကြောင့် အိန္ဒိယနိုင်ငံက ဆင်းရဲသား ကျူးကျော် ရပ်ကွက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့အတွက် အလွယ်ကူဆုံးနေရာတွေဖြစ်လာနိုင်တယ် လို့ လူထု ကျန်းမာရေး ပညာရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ခံစားနေရသူတွေထဲက တဦး သေဆုံးသွားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၃၁ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါဟာဖြင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ စမ်းသပ်သိရှိထားသူတွေထဲက ပထမဆုံး သေဆုံးသူဖြစ်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က အကူအညီပေးနေတဲ့ နိုင်ငံတကာက ဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ရောဂါ တားဆီးကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဒီကနေ့ ချမှတ်လိုက်ပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။
ရန်ကုန်လေဆိပ်ကနေ ထွက်ခွာမယ့် ANA ဂျပန်လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်တွေကို ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေအဖြစ် သတ်မှတ်ထားတာကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေ အဲဒီလေယာဉ်တွေနဲ့ လိုက်ပါနိုင်တဲ့အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံး က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့ နိုင်ငံတွေ အနေနဲ့ လူ့အသက်တွေ မဆုံးရှုံးစေရအောင် အင်တာနက်ဆက်သွယ်ရေး ပြန်ဖွင့်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စီးပွားရေးထိခိုက် နှေးကွေး လာတာကို ပြန်လည်နှိုးဆွဖို့အတွက် တောင်ကိုရီးယားပြည်သူ အများစုကို အရေးပေါ် ငွေကြေး ထောက်ပံ့ သွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ၂၀၂၀ နွေရာသီ တိုကျိုအိုလံပစ်ပွဲ ကျင်းပမယ့်ရက်ကို တနှစ်လောက် ရွှေ့ဆိုင်းလိုက်ပါတယ်။ နဂို အစီအစဉ်အရ ဒီနှစ် ၂၀၂၀ ဇူလိုင် ၂၄ ကနေ သြဂုတ်လ ၉ ရက်နေ့ထိ ကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ အခုတော့ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်က လာမယ့် ရက်တွေ သီတင်းပတ်တွေ အတွင်း သိသိသာ တိုးလာနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာဆိုရင် ဆိုးရွားလှတဲ့ ကပ်ဘေးကြီး အဖြစ် သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ နယ်သာလန်နိုင်ငံ ပြတိုက်တခုကနေ ကမ္ဘာကျော် ပန်းချီဆရာ ဗန်ဂိုးရဲ့ ပန်းချီကားတချပ် ခိုးယူခံလိုက်ရတယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းကြီး Johnson & Johnson က သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် ကာကွယ်ဆေးကို စက်တင်ဘာလမှာ လူတွေနဲ့ စတင် စမ်းသပ်မှာ ဖြစ်ပြီး အရေးပေါ် အသုံးအတွက် လာမယ့်နှစ် အစောပိုင်းမှာ ကာကွယ်ဆေး ရနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာ အပါအဝင် အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး လုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုက အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနလာၤနေ့မှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်ထားသူ နောက်ထပ် ၄ ယောက် တေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်တဲ့အတွက် လက်ရှိ ရောဂါပိုးကူးနေသူ စုစုပေါင်း ၁၄ ယောက် ရှိနေပါတယ်။
စစ်ဘေးရှောင် ၃၅၀,၀၀၀ လောက်ရှိနေပြီး အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နိုင်ခြေရှိတာကို ဟန့်တားဖို့ အစီအစဉ်တွေ အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW က ဒီကနေ့ ပြောပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ အကြီးအကျယ် ခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ရန်ပုံငွေကောက်ခံရေးမှာ အကြီးအကျယ် အခက်အခဲ တွေ့နေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၁၀၀,၀၀၀ ထက်မက သေဆုံးနိုင်ကြောင်း အမေရိကန် ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က တနင်္ဂနွေနေ့မှာ ခန့်မှန်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှုဟာ တကမ္ဘာလုံးကို ပျံ့နှံ့လာနေရာမှာ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် ဆက်လက်ပြီး တရွေ့ရွေ့နဲ့ တိုးလာနေတာပါ။ တနင်္ဂနွေနေ့ အစောပိုင်းအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၈၀,၀၀၀ ကျော် ရှိနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်