ထိုင်းနိုင်ငံဟာ စံချိန်တင် မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတာကြောင့် လယ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရေချွေတာသုံးစွဲရေး နည်းလမ်း ရှာနေကြပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါကြီးအသွင်ဖြစ်လာဖို့ အလားအလာ အလွန်များနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့နေ့ ညက ကြေညာလိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂ ဦး ထပ်မံတွေ့ရှိရကြောင်း တနင်္ဂနွေနေ့ညမှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်း COVID-19 အတည်ပြုလူနာ ၁၀ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း ၈၆ ယောက်ဟာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ အစောပိုင်းမှာ မစ်ဇိုင်းဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျရောက်နေတဲ့ကြား အခုလို ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်သလို ဒုံးကျည်လက်နက် စမ်းသပ်ထုတ်လုပ်နေတာကို ရပ်ဆိုင်းမှာမဟုတ်ကြောင်း ပြသခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လပေါင်းများစွာ မြို့အဝင်ထွက်တွေ ပိတ်ထားခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးလာနေပြီး ရထားတွေလည်း ပြန်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
နိုင်ငံတွင်း ၁၈ နှစ်ကြာ ပဋိပက္ခ အဆုံးသတ်ဖို့အရေး ဆွေးနွေးဖို့ အာဖဂန်နစ္စတန် အစိုးရက အဆိုပြုတဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို တာလီဘန်အဖွဲ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် မိသားစုတွေ အိမ်ထဲမှာ နေကြရတဲ့ နောက်ကွယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ များလာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေရာမှာ အမျိုးသမီး တချို့အတွက် အိမ်မှာနေတာက အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သတိပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးရသူ ၃၀,၀၀၀ ကျော်မှာ သုံးပုံနှစ်ပုံက ဥရောပကဖြစ်တယ်လို့ စနေနေ့က ထုတ်ပြန်လိုက်တဲ့ AFP သတင်းအေဂျင်စီရဲ့ စာရင်းမှာ ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက် ပျံ့နှံ့နေရာ နယူးယောက်ပြည်နယ်နဲ့ ဆက်စပ်ဧရိယာတွေကို အဝင်အထွက်ပိတ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့ နေ့ခင်းပိုင်းမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ စနေနေ့အထိ ၈ ဦးရှိထားပြီး ဒီထဲက ၇ ဦးရဲ့ ကျန်းမာရေး အခြေအနေက တိုးတက်လာတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ စနေနေ့မှာတော့ စောင့်ကြည့်လူနာ ၅၅ ဦး ရှိပါတယ်။
ပနားမားတူးမြောင်းအနီး ရောက်နေတဲ့ Holland America အပျော်စီး ဇိမ်ခံသင်္ဘောကြီးပေါ်မှာ သေဆုံးသူ ၄ ဦးနဲ့ နေထိုင်မကောင်း ဖြစ်လာတဲ့သူ ၁၃၈ ဦးထိ ရှိလာပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးနေရမှုတွေ အပေါ် စိုးရိမ် ပူပန်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR ရဲ့ ပြောခွင့်ရ Andrej Mahecic က သောကြာနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာရှိသူနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားတွေကို မတ်လ ၂၈ ရက် စနေနေ့ သန်းခေါင်ချိန်ကစလို့ နိုင်ငံထဲဝင်ခွင့် ယာယီပိတ်ပင်ထားမယ်လို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြောက်ပိုင်း နယ်မြေက တိုင်းရင်းသား ၁၇၄ ယောက် ခရစ်ယာန်ဘာသာကို ကူးပြောင်းဝင်ရောက်တဲ့ နှစ်ခြင်းမင်္ဂလာပွဲ ဆင်နွှဲခဲ့ကြောင်း Free Burma Rangers အဖွဲ့က ပြောပါတယ်။
ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သောကြာနေ့မှာပဲ အတည်ပြုလိုက်ပြီး၊ ရောဂါလက္ခဏာ မပြင်းထန်တဲ့အတွက် အိမ်မှာပဲ သီးသန့်ခွဲ နေထိုင်နေကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေး အတွက်လို အပ်တဲ့ အကာအကွယ်ဆေးပစ္စည်းတွေကို တရုတ်နိုင်ငံက လှူဒါန်းခဲ့ပါတယ်။
Coronavirus ပိုးနဲ့ပါတ်သက်လို့ အတွေ့အကြုံကောင်းကောင်း ရှိထားတဲ့ တရုတ်နိုင်င်ငံနဲ့ အမေရိကန်က အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတ Trump က Twitter မှာ သောကြာနေ့အစောပိုင်းက ရေးသားခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃ ပတ်ကြာ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့အမိန့်ကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉၀၀ ကျော်ရှိတာပါ။
နောက်ထပ်ကြည့်ရှုရန်