အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး အထိနာနေတာကို ကျားကန်နိုင်မယ့် အရေးပေါ် အကူအညီပေးရေး အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ကိုရိုနာ ကူးစက်မှုကို ထိန်းချုပ်ဖို့ အိန္ဒိယနိုင်ငံ တစ်ဝှမ်း အဝင်အထွက် အသွားအလာတွေကို ပိတ်ပင်ထားလို့ စားဝတ်နေရေး အကျပ် အတည်း ကြုံနေရတဲ သန်းပေါင်း များစွာသော့ ပြည်သူတွေကို အကူအညီပေးမယ့် စီးပွားရေး အစီအစဉ်တစ်ရပ်ကို အိန္ဒိယ အစိုးရက ကြေ ညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်ဘဲ နေကြဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်တဲ့သူတွေကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာတွေ တခြားအပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက COVID-19 ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး သတိပေးချက် အဆင့် ၄ အဖြစ်နဲ့ သတ်မှတ်လိုက်ပြီး ကမ္ဘာတဝန်းမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း နိုင်ငံကိုအမြန်ဆုံးပြန်လာဖို့နဲ့ နိုင်ငံတကာ ခရီးသွားလာမှုတွေ မလုပ်ကြဖို့ ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ထိခိုက်နစ်နာနေတဲ့ မိသားစုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးရေး အမေရိကန် သမိုင်းမှာ အများဆုံးအဖြစ် ဒေါ်လာ ၂ ထီလီယံတန်ဖိုးရှိတဲ့ အရေးပေါ် အသုံးစရိတ်ကို အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ ဇစ်မြစ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင်တဲ့ စစ်ဆင်ရေးတစ်ရပ် တရုတ်နိုင်ငံက လုပ်ဆောင် နေတဲ့အပေါ် G-7 နိုင်ငံတွေက တစ်သဘောတည်း ရှိကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေအဖြစ် ဒေါ်လာသန်း ၂ ထောင် ထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်တွေရဲ့ လူနေမှုဘဝပုံမှန်အတိုင်း ပြန်ဖြစ်လာစေချင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောနေပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ မကြာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားတဲ့ အချက်အချာ နေရာတခု ဖြစ်လာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ အိန္ဒိယ နိုင်ငံတစ်ဝှမ်း အင်္ဂါနေ့ သန်းခေါင်းယံက စလို့ ၃ ပတ်ကြာ အသွားအလာတွေ ပိတ်ပင် လိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် တဆင့်ပြီး တဆင့် ကူးစက်နေတာကို ဖြတ်တောက်ပစ်နိုင်အောင် ပြည်သူအားလုံး အိမ်ပြင်မထွက်ကြဖို့ တားမြစ် ပိတ်ပင် လိုက်တာပါ။
ဂျပန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၀ ပြည့် နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို ရှေ့နှစ် ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ဝန်ကြီးချုပ် Shinzo Abe က အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် အရေးပေါ် အခြေအနေ ကြေညာမယ့် ဥပဒေ မူကြမ်းကို ဖိလစ်ပိုင် ကွန်ဂရက် လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ အရေးပေါ် အခြေအနေဟာ ၃ လတာ ကြာမြင့်မှာ ဖြစ်ပြီး လိုအပ်ရင် ကွန်ဂရက်က သက်တမ်း တိုးပေးနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ တဦး ထပ်မံ အတည်ပြု တွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ အချိန်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာကြောင့် COVID -19 အတည်ပြု လူနာ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတော့မှာဖြစ်ပါတယ်။ ကြာသပတေးနေ့ကစပြီး တလကြာ အရေးပေါ်အခြေအနေ စတင်ချမှတ်ဖို့ ထိုင်းအစိုးရအဖွဲ့က သဘောတူထားပြီးပြီ လို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဒီကနေ့ပြောပါတယ်။
ဂျပန်နိုင်ငံ အခြေစိုက် Suzuki ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ နောက်ထပ် ကားစက်ရုံ အသစ်တခု ဖွင့်လှစ်ဖို့ရှိနေကြောင်း မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံမှုကို တားဆီးဖို့ လေကြောင်းခရီးသွားလာမှုတွကို ပိတ်ပင်လိုက်တာ ဒါမှမဟုတ် နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ခဲ့တဲ့ နိုင်ငံတွေကနေ နေရပ်ရင်း ပြန်လာဖို့ အခက်အခဲကြုံနေတဲ့ နိုင်ငံသားတွကို အကူအညီတွေပေးဖို့ တတ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို စဉ်းစားနေကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေတဲ့ Coronavirus ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပြီး ဒီရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ကူးစက်နေသူ ၂ ဦးကို ပထမဆုံးအကြိမ် စမ်းသပ်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တနင်္လာနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အာရပ်စော်ဘွားများနိုင်ငံ (UAE) ပိုင် Emirates လေကြောင်းလိုင်း ပြေးဆွဲမှုတွေကို မတ်လ ၂၅ ရက်နေ့ကစလို့ ရပ်ဆိုင်းသွားဖို့ အရင်က စဉ်းစားထားပေမယ့် အဲဒီဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်ဖို့ Emirates လေကြောင်းလိုင်းက တနင်္ဂနွေနေ့မှာ ဆုံးဖြတ် ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ဗွီအိုအေ အသံလွှင့်ဌာန ဝန်ထမ်းတွေထဲမှာ COVID-19 ရောဂါ ကူးစက်ခံရသူတဦး တွေ့ရှိခဲ့ကြောင်း ဗွီအိုအေ ပြည်သူ့ဆက်ဆံရေးဌာနက မတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစောပိုင်း အခြေအနေမှာ တရုတ်ဘက်က သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပေါ်မှာ စိတ်ပျက်ရတယ်လု့ိ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်