COVID-19 ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသူစုစုပေါင်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၁၀၀ ကျော်ရှိသွားပြီဖြစ်တဲ့အတွက် တနင်္ဂနွေနေ့က သေဆုံးသူစုစုပေါင်း ၃၈၉ ဦးထိ ရှိနေပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် တာဝန်ရှိသူတွေက စာရင်းပြုစု ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၀၀ နီးပါးအထိ ရှိလာကြောင်း တနင်္ဂနွေနေ့မှာ ထိုင်းအစိုးရက အတည်ပြု ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ အခု တနင်္ဂနွေနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် Narendra Modi က တိုက်တွန်းခဲ့ပြီးနောက် ၁၄ နာရီ ကာဖျူးမိန့်ထုတ်ထားတာကြောင့် ပုံမှန် လူတွေပြည့်ကျပ်ဆူညံနေလေ့ရှိတဲ့ လမ်းတွေဟာ တိတ်ဆိတ်ပြီး အသွားအလာမရှိသလောက် ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူရမယ့် နေ့ရက်ကို ၂ ပတ်ကြာ တိုးမြှင့် ရေ့ွှ့ဆိုင်းလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတရုံးက ဝန်ထမ်းတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိခဲ့တဲ့အတွက် သူနဲ့ သူ့ဇနီးတို့ ၂ ဦးကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရှိမရှိ စမ်းသပ် စစ်ဆေးသွားမယ်လို့ စနေနေ့က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုသမ္မတ Mike Pence က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတာကြောင့် အမေရိကန်က အကူအညီပေးလိုကြောင်း သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ၄၅ မိနစ်အတွင်း အဖြေသိနိုင်မယ့် စမ်းသပ်ကိရိယာတွေကို ထုတ်လုပ်ဖို့ အမေရိကန်နိုင်ငံ၊ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) က အမေရိကန် ကုမ္ပဏီတခုကို ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ငှက်ဖျားရောဂါဆေးကို ပဋိဇီဝဆေးနဲ့ ရောစပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ COVID-19 ရောဂါ စမ်းသပ်ကုသတာကို အမြန်ဆုံး စတင်လုပ်ဆောင်တော့မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ကြေညာလိုက်ပါတယ်။
တာတိုပစ်ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁၄၇ ယောက်ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ပြောလိုက်ပါတယ်။
ကမ္ဘာတဝှမ်း ကူးစက်ပြန့်နှံ့နေတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် သေဆုံးသူတွေနဲ့ ရောဂါပိုး ကူးစက်သူအရေအတွက်တွေ နာရီနဲ့အမျှ တိုးလာနေတာမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးသူအရေအတွက် သောကြာနေ့အထိ ၁၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
Coronavirus စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ခြင်း ထိစပ်မှုတွေ ရှိနေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံတို့မှာတော့ အခုချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်သူ တယောက်မှမရှိသေးဘူးလို့ ပြောဆိုနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။
တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်တာကြောင့် အမေရိကန်ပြည်ထောင်စုဟာ လာမယ့် စနေနေ့ သန်းခေါင်းယံ အချိန်ကစလို့ အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်တော့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန် စတော့ရှယ်ယာဈေးတွေ သောကြာနေ့ ဈေးကွက် ပိတ်ချိန်မှာ ဒီတစ်ပတ် တနင်္လာနေ့ ဈေးဖွင့်လှစ်တဲ့ အချိန်က ဈေးနှုန်းထက် ၁၂ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။ ဒီ သီတင်းပတ်ဟာ Wall Street အတွက် ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ် အတည်းဖြစ်ခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး သီတင်းပတ်ဖြစ်သွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲမှာ Coronavirus ပိုးကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်ထဲလူပေါင်း သန်း ၄၀ လောက်ကို အိမ်ထဲမှာပဲနေဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အမိန့်ထုတ်ထားပါတယ်။
Coronavirus ပိုး ကူးစက်နေကြသူတွေထဲမှာ ကမ္ဘာ့အကြီးအကဲတချို့လည်း ပါဝင်နေပါတယ်။ Monaco နိုင်ငံရဲ့ဥသျှောင် Prince Albert မှာ coronavirus ပိုးကူးစက်နေတယ်လို့ သူ့နန်းတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။
နိုင်ငံတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေမရှိဘူးဆိုရင်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေသန်းနဲ့ချီ အသက် ဆုံးရှုံး ရနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာကို တားဆီးရေး တစိတ်တပိုင်း ကြိုးပမ်းချက်အဖြစ် အိန္ဒိယပြည်သူတွေဦးဆောင်ကျင်းပမယ့် Curfew Sunday "တနင်္ဂနွေတရက် အိမ်ပြင်မထွက်" လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတိုင်းပြည် ကို ဆော်သြလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကြီးကြောင့် စီးပွားရေး လုပ်ငန်းတွေ အထိလာနာတာနဲ့အမျှ အမေရိကန် နိုင်ငံအတွင်း ပြီးခဲ့တဲ့ အပတ်အတွင်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းသူ ဦးရေ တဟုန်တိုး မြင့်တက်သွားခဲ့ပါတယ်။
Coronavirus ပိုးနဲ့ ပတ်သက်လို့ သတင်းမှားဖြန့်တာတွေကို တားဆီးနိုင်ဖို့ Twitter လူမှုကွန်ယက် ကုမ္ပဏီကြီးက Twitter သုံးသူတွေအတွက် စည်းကမ်းချက်သစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်