ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် ရောဂါပိုးကူးသူအသစ် မရှိတော့တဲ့အကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ကြေညာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ထိခိုက် ဆုံးရှုံးနေရတာတွေကို ကုစားပေးဖို့ စီးပွားရေး ပြန်လည် နိုးထရေး ဥပဒေ တစ်ရပ် ကို အမေရိကန်အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
“ခင်ဗျားတို့ လူမှုအသိုင်းဝိုင်းထဲကို ဒီရောဂါပိုး ရောက်မလာဘူးလို့ မယူဆကြပါနဲ့၊ ရောက်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။ ခင်ဗျားတို့အနေနဲ့ ဒီဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်နဲ့ ရင်မဆိုင်ရနိုင်ဘူးလို့ မတွက်ဆကြပါနဲ့၊ ကိုယ်လဲ ကြုံတွေ့ရမှာဘဲဆိုတဲ့ အယူအဆနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။”
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲ နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်ခွင့်ကို အီးယူက တားမြစ်လိုက်သလို မလေးရှားနိုင်ငံမှာလည်း ခရီးသွားလာမှုတွေအပေါ် ကန့်သတ်ချက်သစ်တွေ ဒီကနေ့ ချမှတ်လိုက်ပါတယ်။
ကာကွယ်ဆေးသစ်ကို ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့က တရုတ်စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီက စမ်းသပ်ထုတ်လုပ်တာဖြစ်ပြီး ဒီဆေးသစ်ကို လူနဲ့စတင် စမ်းသပ်ဖို့ တရုတ် အမျိုးသားဆေးဝါးထုတ်လုပ်ရေး ဦးစီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ CCTV သတင်းက ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေးအတွက် အမေရိကန် ပြည်သူတွေ လက်ထဲကို အမြန်ဆုံး ငွေကြေး ပေးအပ်နိုင်ဖို့ ပြည်ထောင်စု အစိုးရက ကြိုးစားနေပါတယ်။ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ Donald Trump က အခုလို ပြောပါတယ်။
တရုတ်မီဒီယာ ကုမ္ပဏီ ၃ ခုအပေါ် ကန့်သတ်ချက်အသစ်တွေကို အမေရိကန်နိုင်ငံက ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သတင်းဌာနကြီး ၃ ခုရဲ့ သတင်း လုပ်ပိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
လူဦးရေ ၁၈ သန်း ရှိတဲ့ မွန်ဘိုင်းမြို့က ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ် စင်တာတွေ၊ အားကစားရုံတွေ ပိတ်ပြီး လူစုလူဝေး လုပ်တာကို တားမြစ်ခဲ့ပြီး နောက် ရက်ပိုင်း အကြာ တနလာၤနေ့က ဒီလို ဆောင်ရွက်ဖို့ ထပ်ပြီး ညွှန်ကြားတာ ဖြစ်ပါတယ်။
ဓါတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံက Fukushima နျူကလီးယားစက်ရုံအနီး ဖြတ်သန်းသွားလာ နေထိုင်ခွင့် ပိတ်ပင်ထားတဲ့ Futaba မြို့ရဲ့ နေရာဒေသတချို့ကို ဗုဒ္ဓဟူးနေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာနဲ့တဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံံ့ ဖြစ်ပွားနေတာကြောင့် ၂၀၂၀ ပြည့်နှစ် ဥရောပ ချန်ပီယံ ဘောလုံးပြိုင်ပွဲကို တနှစ် ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတာကြောင့် ဥရောပ ဘောလုံးပွဲတွေအပေါ် ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တာဝန်ရှိသူတွေ ဒီကနေ့ ဗီဒီယိုကွန်ဖရန့်ခေါ်ပြီး ဆွေးနွေးကြဖို့ရှိပါတယ်။
လူတွေ ပူးကပ်ထိတွေ့မှု မလုပ်ကြဖို့ နှိုးဆော်ချက်ကို ကြိုဆိုသလို ဒီအချက်ဟာ လိုအပ်တယ်ဆိုပေမဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စမ်းသပ်မှုကို နိုင်ငံအားလုံးမှာ မရှိမဖြစ် လုပ်နိုင်ဖို့ ပိုပြီးလိုအပ်နေကြောင်း WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က တနင်္လာနေ့က သတိပေးပြောကြားခဲ့ပါတယ်။
လက်ရှိ သမ္မတ Vladimir Putin အနေနဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုနိုင်တဲ့ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပါအဝင် အခြား ပြင်ဆင်မယ့် အချက်တွေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုလိုက်ပါတယ်။
ဥရောပတိုက်မှာ Coronavirus ကူးစက်မှုကို အီတလီပြီးရင် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စပိန်နိုင်ငံမှာ အရေးပေါ်ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့အတွက် State of Alarm ခေါ် “သတိထားနိုးကြားရမယ့်အခြေအနေ" ကြေညာထားပါတယ်။
Radio Free Europe ခေါ် လွတ်လပ်သော ဥရောပအသံရေဒီယို ရုရှားဘာသာ သတင်းထောက် Svetlana Prokopyeva ကို အကြမ်းဖက်မှုနဲ့ ရုရှားနိုင်ငံ Pskov မြို့ အစိုးရဥပဒေအကျိုးဆောင်က တရားဝင် စွဲချက်တင်လိုက်ပါတယ်။
အခုအခါ သိပ္ပံပညာရှင်တွေ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ Coronavirus ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူတွေနဲ့ စမ်းသပ်နေပြီလို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအရာရှိတွေက ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ ၉ နှစ်တာ ပြည်တွင်းစစ်ကာလအတွင်း ကလေးငယ် ၅ သန်းနီးပါး မွေးဖွားလာခဲ့ပြီး ကလေးသူငယ် ၉ ထောင် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။
အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ Joe Biden နဲ့ Bernie Sanders တို့ အမေရိကန်စံတော်ချိန် ဒီကနေ့ တနင်္ဂနွေနေ့ညမှာ ဝါရှင်တန်ဒီစီမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄၃၀ နီးပါးထဲက ထက်ဝက်ကျော်ဟာ ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အစ္စလာမ်ဘာသာရေး ပွဲတော်တွေကို တက်ရောက်ခဲ့သူတွေ ဖြစ်တယ်လို့ မလေးရှားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန် ဗဟိုဘဏ်က အရေးပေါ်ကာလ ဆောင်ရွက်မှုအဖြစ်နဲ့ အတိုးနှုန်း သတ်မှတ်ချက်ကို သုညရာခိုင်နှုန်း နီးပါးအထိ လျှော့ချကြောင်း တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်