ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ Apple နည်းပညာကုမ္ပဏီ အရောင်းဆိုင်တွေကို သီတင်း ၂ ပတ် ယာယီပိတ်ထားမယ်လို့ Apple အမှုဆောင်ချုပ် Tim Cook က မနေ့ စနေနေ့က ကြေညာပါတယ်။
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်တွေကို ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံကလည်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တချို့ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူဦးရေ ၁၂ သန်းရှိတဲ့ မြို့တော်မနီလာမှာ အသွားအလာ အဝင်အထွက်တွေကို ပိတ်လိုက်ပါတယ်။
UK နဲ့ အိုင်ယာလန်နိုင်ငံတွေက ခရီးသွားတွေကို တနင်္လာနေ့ ညသန်းခေါင်ကစပြီး အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှာဖြစ်ပါတယ်။
ဥရောပတိုက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် စပိန်လူဦးရေ ၄၆ သန်းရဲ့ ကူးသန်းသွားလာမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ့်အကြောင်း စပိန်အစိုးရက စနေနေ့မှာ ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် နယ်စပ်ဒေသကနေ အဝင်အထွက်တွေ အားလုံးကို တနင်္ဂနွေနေ့ကစ ပိတ်တော့မယ့်အကြောင်း အိန္ဒိယက ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း အိမ်ဖြူတော်က စနေနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ သမ္မတ Trump ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ သိနိုင်အောင် ဆေးစစ်ခံထားပြီး အဖြေကို စောင့်ဆိုင်းနေကြောင်း အစောပိုင်းမှာပဲ ပြောဆိုခဲ့တာပါ။
စပိန်နိုင်ငံမှာ သောကြာကနေ စနေ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လူနာသစ် ၁၅၀၀ တိုးလာတဲ့အတွက် ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၅၇၅၃ ဦးထိ ရှိသွားပါပြီ။
အီရတ်နိုင်ငံက အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ စစ်အခြေစိုက်စခန်းတခု ဒီနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရတ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် သမ္မတ Donald Trump က ကြေညာလိုက်ပြီးနောက် အမေရိကန် အစုရှယ်ယာဈေးကွက်တွေ သောကြာနေ့မှာ ပြန်တက်လာပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ဖြစ်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီရောဂါ ဖြစ်ပေါ်မှုရဲ့ ဗဟို အချက်အချာနေရာ ဥရောပတိုက် ဖြစ်လာနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို သောကြာနေ့က ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတော် အရေးပေါ် အခြေအနေအဖြစ် သမ္မတ Donald Trump သောကြာနေ့မှာပဲ ကြေညာလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဒီဗဟိုကော်မတီမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနဲ့အားကစား ပြည်ထောင်စုဝန်ကြီးတို့က အတွင်းရေးမှူးတွေအဖြစ် ပါဝင်ပါတယ်။
မကြာသေးခင်ကပဲ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတပိုင် Mar-a-Lago အပမ်းဖြေဟိုတယ်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ ဘရာဇီးသမ္မတ နဲ့အတူ လိုက်ပါခဲ့တဲ့ ဆက်သွယ်ရေးအရာရှိမှာ ဗိုင်းရပ်စ်ကူးစက်နေတာ တွေ့ခဲ့ရတာကြောင့် ဘရာဇီးသမ္မတ ကိုယ်တိုင်လည်း ကူးစက်မှု ရှိမရှိ ဆေးစစ်ခံပြီး စောင့်ကြည့်နေရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် လူစုလူဝေးနဲ့ အခမ်းအနားတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ စီစဉ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဥရောပနိုင်ငံ အားလုံးနီးပါးက ခရီးသွားတွေကို ဝင်ခွင့်တားမြစ်ဖို့ အမေရိကန်သမ္မတ Donald Trump က တဘက်သတ် ကြေညာလိုက်တဲ့အပေါ် ဥရောပထိပ်တန်းအရာရှိတွေက ကြာသပတေးနေ့မှာပဲ ဝေဖန်လိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဥရောပနိုင်ငံတွေကလာမယ့် ခရီးသည်တွေကို သောကြာနေ့ကစပြီး ရက် ၃၀ အတွင်း ဝင်ခွင့်မပြုဘူးလို့ သမ္မတ Donald Trump ကကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်က လွှတ်တော်အမတ်တဦးနဲ့ Reuters သတင်းဌာနအပေါ် တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်ပါတယ်။
Novel Coronavirus ဟာ ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါကြီးအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပြီး အစုရှယ်ယာဈေးတွေလည်း ဗုဒ္ဓဟူးနေ့မှာ သိသိသာသာ ထပ်မံ ထိုးကျသွားတဲ့အချိန်မှာဘဲ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့ညမှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်