မြန်မာနိုင်ငံမှာ အသွင်ဆောင် ပါလီမန်ဒီမိုကရေစီစံနစ် ကျင့်သုံးနေပေမယ့်လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းဘဲလို့ အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သက်တမ်း သန်း ၁၀၀ ကျော်ရှိပြီလို့ ခန့်မှန်းရတဲ့ ပျံသန်းနိုင်တဲ့ အသေးငယ်ဆုံး ဒိုင်နိုဆောတကောင်ကို မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ မူရင်းပုံစံမပျက် ရှိနေတာကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။
COVID-19 ရောဂါစဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ နေ့စဉ်ကူးစက်သူအရေအတွက် တဖြည်းဖြည်း ကျဆင်းလာနေပြီး ဒီကနေ့ မှာ နောက်ထပ်ကူးစက်သူ ၂၄ ယောက်ရှိတယ်လို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်း ကိုရိုနာ ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု အပေါ် စိုးရိမ်ချက်တွေကြောင့် အခု အင်္ဂါညမှာ ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ဒီမိုကရက်ပါတီ ရွေးကောက်ပွဲည စည်းရုံးရေး ပွဲတွေကို ဖျက်သိမ်းလိုက်ပါတယ်။
မြန်မာစစ်တပ်က Reuters သတင်းဌာနအပေါ် တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့နဲ့ သတင်းမီဒီယာတွေ အပေါ် ဥပဒေသုံးပြီး ခြိမ်းခြောက် နေတာတွေကို ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က အင်္ဂါနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးမှာ ထိခိုက်လာနိုင်တာတွေကနေ သက်သာရာရစေမယ့် အစီအစဉ်တွေအတွက် သမ္မတ Donald Trump ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေနဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။
မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာ စက်မှုဇုန်မှာ ဆေးခြောက် အနွယ်ဝင်လို့ ဆိုတဲ့ Hemp လျှော်ပင် စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်တဲ့ ကိုရှိန်းလတ်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရော၊ ကိုးရီးယားကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်မယ့်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးစစ်ချက် ရယူရမယ်လု့ိ ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Coronavirus ပိုးကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် အီတလီနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို တနေရာကနေ တနေရာ အသွားအလာ အဝင်အထွက်တွေ တားမြစ်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က ကုလသမဂ္ဂရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ စတင်ကျင်းပခဲ့ပြီးချိန်ကစလို့ ကမ္ဘာပေါ်မှာ အမျိုးသမီး လွှတ်တော်အမတ်ဦးရေ နှစ်ဆကျော် တိုးတက်လာခဲ့တယ်လို့ ကမ္ဘာ့ပါလီမန်များ သမဂ္ဂ (IPU) က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည် မသိရတဲ့ ဒုံးကျည်သုံးစင်းကို တနင်္လာနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာဆိုရင် ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု ဖြစ်ပါတယ်။
အာဖဂန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Ashraf Ghani နဲ့ သူ့ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ဒုတိယနေရာရခဲ့တဲ့ Abdullah Abdullah တို့ဟာ သမ္မတကျမ်းသစ္စာဆိုပွဲကို ဒီနေ့ တနင်္လာနေ့မှာ စင်ပြိုင်ပြုလုပ်ဖို့ အသီးသီး ပြင်ဆင်နေတာကြောင့် နိုင်ငံရေးတင်းမာမှု ပိုတိုးလာစေမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ အထိန်းအကွပ်မဲ့ ရောင်းဝယ်တာ၊ စားသုံးတာတွေကို တားမြစ်လိုက်ပြီးနောက်မှာ တရုတ်ပြည်ဈေးကွက်အတွက် တရားမဝင် တောရိုင်းသတ္တဝါကို အဓိက မှောင်ခိုကုန်ကူးနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ တားမြစ်မှုတွေလုပ်ဖို့ WWF အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အရေးပေါ်အမိန့်တရပ်ကို ထုတ်ပြန်လိုက်ပြီး အီတလီနိုင်ငံက လူဦးရေ ၄ ပုံ ၁ ပုံလောက်ဟာ ပိတ်မိနေပါတယ်။
Al Shabab အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဟာ ပြီးခဲ့တဲ့လက အမေရိကန်ရဲ့ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ်က ဗွီအိုအေကို အတည်ပြုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အတွက် အရေးပေါ် အသုံးပြုနိုင်မယ့် ဆေးကို ပထမဆုံးအကြိမ်အဖြစ် ရှေ့လထဲမှာ စတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။
၂၀၂၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် ဒီကနေ့ တနင်္ဂနွေနေ့ လှုပ်ရှားမှုမှာတော့ #EachforEqual ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျား၊ မ တန်းတူညီမျှရေးကို ဦးစားပေးမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို ဟန့်တားဖို့ မြန်မာနိုင်ငံနဲ့ နယ်စပ်အဝင်အထွက်တွေ အားလုံးကို ပိတ်ထားဖို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ စားသုံးသူများအသင်းက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ပြီး ဒီရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ခြေရှိသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တခု ဒေသစံတော်ချိန် ည ၇ နာရီကျော်မှာ ပြိုကျသွားလို့ အထဲမှာ လူအတော်များများ ပိတ်မိနေပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံက အဆင့်မြင့် တော်ဝင်မိသားစုဝင် ၃ ဦးကို ဆော်ဒီတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်