ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းထုတ်ဖော် ရေးသားခဲ့ကြတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ လအတော်ကြာ တင်းမာမှုတွေ လျော့ကျခဲ့ပြီးတဲ့နောက် COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြားမှာ တင်းမာမှုတွေ ပြန်ပြီးဖြစ်လာနေပါတယ်။
အာဖဂနစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်မှာ ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တက်ရောက်နေတဲ့ အခမ်းအနား တခုကို သောကြာနေ့က သေနတ်သမားတွေ ဝင်ရောက် ပစ်ခတ်ရာက လူ ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရသွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု တိုက်ဖျက်ရေး အရေးပေါ် အသုံးစရိတ် ဒေါ်လာ ၈.၃ ဘီလီယံ သုံးစွဲမယ့် ဥပဒေကြမ်းကို ဒီကနေ့ သမ္မတ Donald Trump လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။
Coronavirus ပိုးကူးစက်မှုတားဆီးတဲ့အနေနဲ့ တောင်ကိုရီးယားက လာသူတွေအပေါ် ဂျပန်က ကန့်သတ်တားမြစ်ချက်တွေ လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားဆိုင်ရာ ဂျပန်သံအမတ်ကြီးကို တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးက ဆင့်ခေါ်တွေ့ဆုံခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နောက်လမှာသွားဖို့ စီစဉ်ထားတဲ့ ဂျပန်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံထက်မနည်းမှာ လူပေါင်း ၉၀,၀၀၀ခွဲ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီးပါပြီ။
(Zawgyi / Unicode) ကမ္ဘာတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားနေတာကြောင့် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ် No Time To Die ရုံတင် ပြသမယ့် ရက်ကို လ အတန်ကြာအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
(Zawgyi / Unicode) Coronavirus ကြောင့် အီတလီနိုင်ငံအတွင်းက စာသင်းကျောင်းတွေအားလုံး ၁၀ ရက်ကြာ ပိတ်မယ့်အကြောင် အစိုးရက ကြေညာတဲ့အချိန်မှာဘဲ ဒီ ဗိုင်းရပ်စ်ပိုး နောက်ထပ် ကူးစက်တဲ့ နိုင်ငံ ၄ နိုင်ငံ တိုးလာပါတယ်။
(Zawgyi / Unicode) ရောဂါ စမ်းသပ် ရှာဖွေရေး ကိရိယာပေါင်း ၃၀၀၀ နဲ့ PCR ဆေးစစ်စက် ၂ ခုကို မြန်မာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ ပေးပို့ခဲ့တာလို့လည်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
(Zawgyi / Unicode) မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အကူအညီ အမေရိကန်ဒေါ်လာ ၈၇၇ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က မတ်လ ၃ ရက်နေ့မှာ တောင်းခံလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ဒီနေ့ နောက်ထပ် ၅၀၀ ကျော်ရှိနေပြီး၊ ကူးစက်မှုအများဆုံးဖြစ်တဲ့ Daegu မြို့မှာ လူနာ ၂,၀၀၀ ကျော်ဟာ ဆေးရုံကုတင် မလောက်တဲ့အတွက် ကုတင်လွတ်စောင့်နေရာတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအတွက် ပါတီတွင်း အကြို ရွေးချယ်ပွဲတွေလုပ်နေတာမှာ အင်္ဂါနေ့က ပြည်နယ်ပေါင်း ၁၄ ခုမှာ လုပ်တဲ့ Super Tuesday ရွေးချယ်ပွဲ တွေမှာတော့ ဒုတိယသမ္မတဟောင်း Joe Biden က ပြည်နယ်အများစုမှာ အနိုင်ရပါတယ်။
နိုင်ငံပေါင်း ၇၀ ထက်မနည်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား တိုက်ဖျက်ရေး ဆွေးနွေးကြဖို့အတွက် G-7 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အာဖဂန် တာလီဘန်တို့အကြား ရရှိလိုက်တဲ့ သဘောတူညီချက်သစ်အရ အာဖဂန်အစိုးရက လက်ရှိ ထိန်းချုပ်ထားတဲ့ တာလီဘန်အကျဉ်းသား ၅,၀၀၀ ကို သဘောတူ ထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ အာဖဂန် တာလီဘန်အဖွဲ့က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ Coronavirus နဲ့သေဆုံးသူ တနင်္လာနေ့က ၄ ယောက် ထပ်တိုးလာတဲ့အတွက် အခုချိန်ထိ သေဆုံးသူ ၆ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်မြို့နယ်စပ်ဝင်လမ်းတွေကို အသုံးပြုပြီး ဝင်ထွက် သွားလာနေတဲ့ မြန်မာနိုင်ငံသား (၅၀၀) ထက်မနည်းကို ရောဂါပိုး ကာကွယ်တားဆီးနိုင်ဖို့ ထိုင်းအစိုးရက ကျန်းမာရေး စစ်ဆေးမှုတွေ မတ်လ (၂) ရက်နေ့ကစပြီး လုပ်ဆောင်နေပါတယ်။
မနီလာ ပြန်ပေးဆွဲမှု ဓါးစားခံတွေ ပြန်လွတ်
အခု တနင်္လာနေ့မှာပဲ မြောက်ကိုရီးယားအနေနဲ့ တာတိုဒုံးလက်နက်နှစ်စင်း ပစ်ခတ်စမ်းသပ်မှု လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာပဲ အခုလို ဒုံးလက်နက်စမ်းသပ်မှု လုပ်လာတာပါ။
ဖိလစ်ပိုင်နိုင်ငံက Shopping စင်တာတခုထဲမှာ သေနတ်သမား တယောက်က လုံခြုံရေးတယောက်ကို ပစ်ခတ်ပြီး လူ ၃၀ လောက်ကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးထားခဲ့တာကနေ မကြာခင်ကတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူက တနင်္ဂနွေနေ့ တရက်တည်းမှာတင် ၅၀ ရာခိုင်နှုန်းထိ တိုးသွားကြောင်း ပြောဆိုထားပြီး နိုင်ငံ မြောက်ပိုင်းက ကျေးရွာနဲ့ မြို့ ၁၁ ခုကိုလည်း အဝင်အထွက် ပိတ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်